
လူတော်တော်များများ ဘဝမှာ ကျရှုံးနေကြတယ်။ ဘာလို့လည်းဆိုတော့ သူတို့က အချိန်တိုတိုနဲ့ လျှင်မြန်တဲ့ ရလဒ်တွေကို လိုချင်ကြလို့ပါ။ "တစ်နေ့တစ်လံ
ပုဂံဘယ်ရွေ့မလဲ" ဆိုတဲ့ စိတ်ဓာတ်နဲ့ ဖြည်းဖြည်းမှန်မှန်
လျှောက်လှမ်းလာခဲ့ရင် တစ်ချိန်ချိန်မှာ ပုဂံမြို့ကို ရောက်ကိုရောက်ပါတယ်။
နေ့စဉ်နဲ့အမျှ ကိုယ်လုပ်လိုက်တဲ့ အလုပ်လေးတွေ၊ ကြိုးစားမှုရလဒ်လေးတွေ
ပေါင်းပြီး တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကြီးမားတဲ့ အောင်မြင်မှုရလဒ်ကောင်း
ဖြစ်လာနိုင်ပါတယ်။
IBM Company ရဲ့ CEO ဖြစ်သူ သောမတ်စ် ဂျေ ဝက်ဆန် (Thomas J Watson)ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ "အကောင်းဆုံးကို ရယူချင်ရင်
အကောင်းဆုံးကိုပဲ ကြိုးစားလုပ်လိုက်ပါ" တဲ့။ ကျွန်မတို့ဟာ
အောင်မြင်နေတဲ့သူတွေကို ချက်ချင်းလက်ငင်းကြီး အောင်မြင်မှုတွေရလာတယ်လို့ ထင်တတ်ကြတယ်။ ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ၊ လုပ်အားတွေ၊ ဉာဏ်စွမ်းတွေကို မမြင်ကြဘူး။ ဒီလိုနဲ့ပဲ လူတစ်ယောက်ဘဝ အောင်မြင်မှုက ကံပေါ်မှာ
မူတည်နေတယ်လို့ပဲ ထင်တတ်ကြပြီး "ကံကောင်းလိုက်တာ" "နေ့ချင်းညချင်းကိုအောင်မြင်သွားတာ" စတဲ့ စကားသံတွေနဲ့ပဲ ချီးမွမ်းကြတယ်။
စစ်မှန်တဲ့အောင်မြင်မှုတွေမှာ ပေးဆပ်ရတဲ့အချိန်တစ်ခုတော့ ရှိပါတယ်။
ဘယ်တော့မှ နေ့ချင်းညချင်း အောင်မြင်မသွားပါဘူး။ နေ့ပေါင်းရက်ရှည်
ကြိုးစားခဲ့သမျှ အရာထင်လာတာလေးတွေပေါင်းပြီး နောက်ဆုံးမှာ
အောင်မြင်မှုအကြီးကြီး ဖြစ်လာခဲ့တာပါ။ သင်ဟာ ထက်မြက်ထူးချွန်တဲ့သူပါ။
လောကကြီးက သင့်လုပ်နိုင်စွမ်းနဲ့ အောင်မြင်မှုတွေကို
စောင့်မျှော်ကြည့်ရှုနေတယ်ဆိုတာ သတိရနေပါ။
Credit: GandaWin Magazine
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment