မိသားစုကို ချစ်မြတ်နိုးသူတွေဟာ မိသားစုရဲ့ချစ်ခြင်းကို ခံယူနေခြင်းထက် မိသားစုအတွက် ချစ်ခြင်းမေတ္တာကို (ပေးဆပ်ခြင်း) ကသာ ပိုပါလိမ့်မယ်။
သူငယ်ချင်းမိတ်ဆွေကို ချစ်မြတ်နိုးသူတွေဟာ မိတ်ဆွေတွေရဲ့ချစ်ခြင်းကို ခံယူနေခြင်းထက် သူငယ်ချင်းတွေအတွက် ချစ်ခြင်းမေတ္တာကို (ပေးဆပ်ခြင်း) ကသာ ပိုပါလိမ့်မယ်။
အများကောင်းကျိုးကို ချစ်မြတ်နိုးသူတွေဟာ အများရဲ့ချစ်ခြင်းကိုခံယူနေခြင်းထက် အများအတွက် ချစ်ခြင်းမေတ္တာကို (ပေးဆပ်ခြင်း) ကသာ ပိုပါလိမ့်မယ်။
မိမိနိုင်ငံကို ချစ်မြတ်နိုးသူတွေဟာ နိုင်ငံနဲ့လူမျိုးရဲ့ချစ်ခြင်းကို ခံယူနေခြင်းထက် နိုင်ငံအတွက် ချစ်ခြင်းမေတ္တာကို (ပေးဆပ်ခြင်း) ကသာ ပိုပါလိမ့်မယ်။
သူတပါးကို ချစ်မြတ်နိုးသူတွေဟာ သူတပါးရဲ့ချစ်ခြင်းကို ခံယူနေခြင်းထက် သူတပါးအတွက် ချစ်ခြင်းမေတ္တာကို (ပေးဆပ်ခြင်း) ကသာ ပိုပါလိမ့်မယ်။
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ရယူခြင်းနည်းပါးပြီး ပေးဆပ်နေခြင်းနဲ့သာ တည်ဆောက်ထားလို့ မိသားစုအတွက် ပတ်ဝန်းကျင်အတွက် သူတပါးအတွက် ပေးဆပ်နိုင်ပါစေ
Credit; Zin Phyo Paing (Future Myanmar)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment