Saturday, February 18, 2017

သင်ရောဘယ်လိုတွေးနေမိပြီလဲ…?

အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ပြဿနာတွေကို
ဆရာဆီမှာ ရင်ဖွင့်ပါတယ် ။
သူမဟာနုပျိုငယ်ရွယ်ချောမောလှပခဲ့ စဉ်တုန်းက
သူမထက် ၁၀နှစ်အသက်ကြီးတဲ့ အမျိုးသားတစ်ယောက်နဲ့
မေတ္တာမျှပြီး အိမ်ထောင်ကျလက်ထပ် ခဲ့ကြပါတယ် တဲ့ ။

အဲ့ဒီအချိန်တုန်းကသူမ အမျိုးသားဟာ သူမရဲ့အမြင်မှာ
အင်မတန် ထည်ဝါကြီးကျယ် အားကိုးထိုက်တဲ့
သူရယ်လို့ခံစားမိ ခဲ့ရတယ် ။ သူမရဲ့အိမ်ထောင်ဖက် အပေါ်အထင်ကြီးစွာအားကိုးချစ်ခင် မြောက်စားခဲ့တယ် ။
ဒါပေမဲ့ အတူတကွ နေထိုင်လာခဲ့ကြပြီး နှစ်တွေ
ွကြာမြင့် ပြောင်းလဲ လာတော့ သူမရဲ့အမျိုးသား
ပြောင်းလဲသွားခဲ့တယ် ။

အားကိုးချင်စရာတွေမရှိတော့ဘူး ။
အထင်ကြီးစရာတွေ မကျန်တော့ ဘူး ။ အရင်လို စိတ်ကို
မကြည် လင်စေတော့ဘူး ။

အဲ့တာဘာကြောင့်လဲ ဆရာ ???
အိမ်ထောင်ကျတယ်ဆိုတာ
အချစ် ရဲ့သင်္ချိုင်း လေလား ???တဲ့

သူမပြောတာ နားထောင်ပြီးတော့ ဆရာကပြောတယ် ။
“ဆရာနောက်လိုက်ခဲ့ ”ဆိုပြီး ဆရာဟာ သူမကို တောင်ကြီးတစ်လုံးရှေကိုခေါ်သွားပြီးရပ် လိုက်ပါတယ် ။

ပြီးတော့တောင်ကြီးကိုလက်ညိုးထိုးပြပြီးတော့ မေးတာ
“အဲ့ဒီတောင်ကြီးက ကြည့်ရတာ ဘယ်လိုနေလဲ???”
“ကြီးမားထည်ဝါ ပြီး လှပခန့်ငြားပါတယ် မြင်ရတာလူကို စိတ်ကြည်လင်လန်းဆန်းစေပါတယ် ” လို့သူမကပြောတယ် ။
ဆရာနဲ့ လိုက်ပြီးတောင်ပေါ်တက်ကြည့်ကြစို့ ဆိုပြီး
ဆရာက တောင်ပေါ်ကိုလှမ်းတက် လာလိုက်ပါတယ် ။

လမ်းတစ်လျှောက်လုံးဘာတစ်ခွန်းမှမပြောပါဘူး ။
တက်ပြီးရင်းတက်နေ ရပါတော့တယ် ။သူမဟာ တဖြေးဖြေး မောပန်းလာပါတယ် တောင်တက်လမ်းကလည်း ကျောက်တုံးကျောက်ခဲတွေနဲ့ကြမ်းတမ်း နေပါတော့တယ် ။
သူမဟာ မောတယ် ၊ ပန်းတယ် ၊ ပင်ပန်းတယ် စသဖြင့်
ပူညံပူညံ နဲ့စတင်ဆူပူလာပါတော့တယ် ။
တောင်ထိပ်ကိုရောက် တော့ဆရာကပြော တာ
ဒါနင်စောစောက မြင်တဲ့တောင်ကြီးပဲပေါ့ ...ဆိုတော့....

ဒီတောင်ကြီးကမလှပါဘူး ။ တောင်တက်လမ်းက လည်းကျောက်တုံးကျောက်ခဲတွေနဲ့ကြမ်းတမ်းလိုက်တာ
သစ်ပင်တွေ ခြုံတွေ ကလည်းရှုပ်ထွေးနေတာပဲ
ကြည့်လိုက်ရင် ဟိုဖက်ကတောင်ကပိုတောင်လှ
နေသေးတယ် ” သူမဟာ ခံစားချက်တွေကို
ပြောထွက်လာပါတော့တယ် ။

ဆရာဟာအော် ရယ်ပစ်လိုက်ပြီး ပြောတာ
“ နင်တို့ရည်းစားတွေ ချစ်သူဖြစ်ခဲ့ကြတုန်းကလည်း
အတူတူ ပဲ ..... တောင်ကိုအဝေးကနေကြည့်သလိုပဲ
လှပမှုတွေ ခန့်ညားမှုတွေ ပဲမြင်ပြီးကြိုက်နှစ်သက်
မြှောက်စားခဲ့တယ် မင်္ဂလာဆောင်လိုက်တော့ တောင်ပေါ်ကိုတက်လာသလိုပဲ ....နင်မြင်တွေ့ရတဲ့
အရာကြုံတွေ့ရတာတွေဟာ ပုံမှန်သဘာဝ
အတိုင်းအပြန်အလှန် ရှိကြတဲ့အရာတွေပါပဲ ။ တောင်ထပ်ကိုတက်လာပြီးတဲ့အခါ မျက်လုံးထဲမှာ
တစ်ခြားတောင်တွေရဲ့အလှကိုပဲ မြင်တွေ့တော့တယ် ။
တစ်ကယ်တမ်းတော့တောင်ကြီးကမပြောင်းလဲ ဘူး နင်ကသာပြောင်းလဲသွားတာ........

ပြောင်းလဲရတဲ့အကြောင်းအရင်းကတော့ နင့်စိတ်ခံစားချက် ပြောင်းလဲသွားလို့ အမြင်ပြောင်းသွားတာ ။
နှစ်သက်မြတ်နှိုးမှုတွေ မရှိတော့ တဲ့အခါ တောင်ကြီးကလည်း
မခမ်းနားမကြီးကျယ်တော့ဘူး လို့ခံစားလာရတယ် ။
ဆူပူ မနှစ်သက်လေလေ ကိုယ့်အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်စေလေလေ ပါပဲ ။

ဘာကြောင့်နင်ဒီနေရာမှာရပ်တည်နေပြီးတော့ တစ်ခြားတောင်ကိုမြင်နေရသလဲဆိုရင် နင်ဒီတောင်ကြီးပေါ်မှာတက်နင်းပြီးရပ်တည်နေလို့ပဲ ..။
တကယ်ဆိုရင်နင် ဂုဏ်ကျေးဇူး ကိုသိရမှာ
မကျေမနပ်ဆူပူရမှာမဟုတ်ဘူး.. ။

.....
....
...
..
.

အဲ့ဒီအမျိုးသမီးရဲ့  သူ့အမျိုးသားအပေါ် ပြောင်းလဲသွားတဲ့
အမြင် မှမဟုတ်ပါဘူး ဒီပုံစံနဲ့ အတူတူပါပဲ ။ တစ်ခြား
ခပ်ဆင်ဆင် အဖြစ်အပျက်အခြေအနေတွေမှာ
လည်း ဒီသဘောတရားအတိုင်းပါပဲ။

တစ်ပါးသူမိဘတွေကျတော့ကောင်းလိုက်တာ
ကိုယ့်မိဘတွေ ကျတော့ ဟိုလိုဖြစ်တယ်
ဒီလိုဖြစ်တယ်လို့ အလိုမကျဖြစ်နေကြတဲ့
သားသမီးတွေ လည်းအတူတူပါပဲ။

ကိုယ်နဲ့အနီးဆုံးအခင်ဆုံးသူတွေ ရဲ့ ကောင်းကွက်တွေ ကိုမမေ့လိုက်မိပါစေနဲ့ ။တစ်နေ့နေ့ တစ်ချိန်ချိန်ခွဲခွာ
ကြရစရာ အကြောင်းကြုံလာတဲ့ အခါ ကောင်းမွန်တဲ့
အချိန်ကာလ အပိုင်းအခြားအရာလေးတွေ
ကိုယ်စီကျန်ခဲ့ကြရလေအောင် ချစ်ကြ ခင်ကြ ပါ ။

အကြာကြီးပေါင်းသင်းလာခဲ့ ကြတဲ့ မိတ်ဆွေ
သူငယ်ချင်းတွေ ရဲ့ ခင်မင်မှုတွေကိုလည်း
ထိန်းသိမ်းထားနိုင်ကြပါစေ ။မိတ်ဆွေကောင်းဆိုတာ လောကကြီးကပေးထား တဲ့အကောင်းဆုံး
လက်ဆောင်ပဲဖြစ်ပါတယ် ခင်ဗျာ ။

━━━━━━━━━━━━━━━━━━━━
(#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)

ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ
ကျွန်တော်လေ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်
ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများအားအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။
ဖြိုးလေး(Myanmar Youth)ph-09791169860

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths