Monday, March 14, 2016

ယောက်ျားပီသတဲ့သူ တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းများ



မိန်းမတစ်ယောက်မှာ မိန်းမပီသတဲ့ အရည်အချင်းရှိဖို့လိုသလို ယောက်ျားတစ်ယောက်မှာလည်း ယောက်ျားဆန်ပြီး စိတ်ဓာတ်က ယောက်ျားပီသဖို့ အရမ်းအရေးကြီးပါတယ်။ ယောက်ျားပီသတယ် ဆိုရာမှာ သဘောထားကြီးခြင်း၊ တာဝန်ယူလိုစိတ်ရှိခြင်း၊ ယုံကြည်အားကိုးထိုက်ခြင်းတွေ ရှိဖို့ လိုပါတယ်။ ယောက်ျားပီသတဲ့ လူတစ်ယောက်ကို ချစ်ခွင့်ရတဲ့သူတွေက ကိုယ့်ရဲ့ ကံကောင်းခြင်းကို သိပြီး တန်ဖိုးထားစေချင်ပါတယ်။ယောက်ျားတစ်ယောက်မှာ ဆင်းရဲတာ၊ ချမ်းသာတာ၊ ပညာတတ်တာ၊ မတတ်တာတွေက ယောက်ျားပီသတဲ့ စိတ်ဓာတ်ရှိခြင်း၊မရှိခြင်းတွေနဲ့လုံးဝ မသက်ဆိုင်ပါဘူး။

သူချမ်းသာပေမဲ့ ကိုယ့်ကိုယ် စိတ်ချမ်းသာအောင် ထားနိုင်ရဲ့လား။ သူပညာတတ်ပေမဲ့ သင်ထားတဲ့ ပညာတွေကနေ အသိတရားကို ထုတ်ယူတတ်ပြီး မိန်းမတစ်ယောက်ကို စိတ်သဘောထား မြင့်မြင့်မြတ်မြတ်နဲ့ ဦးစားပေးတတ်သူဖြစ်ပါရဲ့လား။ သဘောထားသေးပြီး ရန်လိုတတ်သော၊ တွက်ကပ်တတ်သော၊ ကိုယ်လိုချင်တာတစ်ခုကိုပဲ ကြည့်တတ်သော၊ ကိုယ့်အတ္တကိုပဲ ရှေ့တန်းတင်တဲ့ အမျိုးသားတွေကြောင့် စိတ်မချမ်းမြေ့စရာ ဘဝမျိုးကြုံတွေ့နေရတဲ့သူတွေကို တွေ့ရတဲ့အခါမှာ ကိုယ့်အပေါ် ယောက်ျားပီပီသသ၊ သဘောထားကြီးကြီး ချစ်ပြတတ်တဲ့ ကိုယ့်ချစ်သူအပေါ်ကို တန်ဖိုးထားနိုင်စေဖို့ ယောက်ျားပီသသူတစ်ယောက်ရဲ့ အရည်အသွေးတွေကို ပြောပြချင်ပါတယ်။

ဆိုခဲစေ မြဲစေ ဆိုတဲ့သူမျိုး

သူတို့ပြောတဲ့ အတိုင်းလုပ်ပြီး လုပ်လိုက်တဲ့ အလုပ်တစ်ခုအပေါ်မှာ တာဝန်ယူလိုစိတ် အပြည့်ရှိတဲ့သူမျိုး ဖြစ်ပါတယ်။ ကိုယ်မလုပ်တဲ့ အရာတစ်ခုအတွက်လည်း ရဲရဲဝင့်ဝင့် ရင်ဆိုင်ဖြေရှင်းတတ်သူမျိုး ဖြစ်ပါတယ်။

သူတစ်ပါးကို ဂရုစိုက်တတ်တာ

အကျိုးတစ်စုံတစ်ရာ ရလိုစိတ်နဲ့ အရှက်မရှိ ကပ်ဖားနေတာမျိုး မဟုတ်ဘဲ အရင်းခံစိတ်နဲ့ သူများတွေရဲ့ ပြဿနာကို ကိုယ်ချင်းစာပေးတတ်တာ။ ကိုယ်တတ်နိုင်သမျှ အကူအညီ ပေးတတ်တာ။

ကိုယ့်အပေါ်ကို ကာကွယ်ပေးလိုစိတ်ရှိတာ

ကိုယ်ချစ်ရတဲ့သူအပေါ်ကို အကိုလို၊ မိတ်ဆွေလိုပုံစံအမျိုးမျိုးနဲ့ ရှေ့ကနေမားမားမတ်မတ် ကာကွယ်ပေးတတ်တာ။ချစ်သူရဲ့ ပြဿနာတွေ၊ စိတ်ဆင်းရဲမှုတွေကို ထပ်တူခံစားပေးပြီး နားလည်နှစ်သိမ့်ပေး မယ်။ ကူညီ ဖြေရှင်းပေးမယ် ။မောက်မာ ဝင့်ကြွားပြီး အများအလယ်မှာ အာဏာပြတတ်သူ တစ်ယောက် ဘယ်တော့မှ မဖြစ်တဲ့သူမျိုးဖြစ်ပါတယ်။

ကိုယ်လိုအပ်ချက်တွေကို နားလည်ဖြည့်ဆည်းပေးတတ်တာ

အမျိုးသမီး တစ်ယောက်အနေနဲ့ ကိုယ့်ချစ်ရတဲ့သူဆီက လိုချင်တဲ့ ရုပ်ပိုင်းဆိုင်ရာ မျှော်လင့်ချက်တွေရော စိတ်ပိုင်းဆိုင်ရာ မျှော်လင့်ချက်တွေရောကို နားလည် ဖြည့်ဆည်းပေးတတ်တာ။ တာဝန်တစ်ခုထက်ပိုပြီး အတွင်းစိတ် အမှန်နဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိုစိတ်က ယောက်ျားကောင်းတွေမှာပဲရှိတဲ့ အရည်အချင်းတွေပါ။

ကိုယ်သူ့ကို ယုံကြည်လို့ရတာ

ကိုယ့်အတွက်တင် မကဘူး၊ တပါးသူတွေအပေါ်မှာပါ အကျိုးယုတ်စေမယ့် အလုပ်မျိုးကို သူဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်ရတာ။ချစ်တဲ့သူအတွက်ဆို အမြဲတမ်း အဆင်သင့်ပဲလို့ ယုံကြည်ပြီး နေလို့ရတာ။ သူနဲ့သာဆိုရင် ဘဝတစ်လျှောက်လုံး လူမချမ်းသာရင်တောင် စိတ်ဆင်းရဲရမှာ မဟုတ်ဘူးလို့ ယုံကြည်လို့ရမယ့်သူမျိုးဖြစ်ပါတယ်။ အခုခေတ်မှာ ယောက်ျားကောင်းဆိုတာ ရွှေထက်ရှားတဲ့ အရာ ဖြစ်နေတာကြောင့် ဒီလို ယောက်ျားကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားပြီဆိုရင် မိန်းကလေးတွေအနေနဲ့ မဆုံးရှုံးသွားအောင် တန်ဖိုးထားပါ။

Ref:yourtango 
Credit: Zayyarthuya



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths