ကိုယ်ကသာ ပြုံးပြရီပြ လွတ်လပ်ပေါ့ပါးနေတယ် ။
တစ်ဘက်လူမှာတော့ မရီနိုင်မပြုံးနိုင် ပူလောင်မှုတွေနဲ့ သူ့ဘ၀ကိုသူ နေ့စဉ်အသက်ဆက်နေရတယ်။
ကိုယ်ကသာ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး တိုးတက်ရာတိုးတက်ကြောင်းတွေကို ရှာဖွေနေတယ်။
တစ်ဘက်လူမှာတော့ သူ့အလုပ်သူမလုပ်နိုင်၊ ကိုယ်ကျဆင်းသွားဖို့အရေး တွေးတော့ကြံဆရင်း အချိန်တွေကုန်နေရတယ်။
ကိုယ်ကသာ စိတ်ရှင်းလက်ရှင်းနဲ့ အများရဲ့ချစ်ခင်မှုတွေ ရရှိနေပြီး အေးချမ်းတဲ့ဘ၀လေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရနေတယ်။
တစ်ဘက်လူမှာတော့ အများရဲ့အချစ်ကိုခံယူဖို့အတွက် ကိုယ့်ကိုမဟုတ်တမ်းတရားတွေပြောရင်း သူ့တန်ဘိုးတွေ သူချနေတယ်။
ကိုယ်ကသာ အလုပ်တစ်ခုကို စိတ်ပါလက်ပါ စေတနာနဲ့ လုပ်ပေးနေရတယ်။
တစ်ဘက်လူမှာတော့ နေရာရဖို့ ခေါင်းစဉ်တစ်ခုနဲ့ အလုပ်ကိုဟန်ပြလုပ်ပြနေရတယ်။
သူလည်း သူ့အလုပ်သူလုပ်သလို...
ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်ဆက်လုပ်မယ်။
အချိန်တန်လို့ အဖြေတစ်ခုထွက်လာတဲ့အခါ သူ့ခမျာ လူတကာကို ခေါင်းမော့မကြည့်နိုင်တော့တဲ့ အခြေနေတစ်ခုကို သူလက်နဲ့သူဖန်တီးရေးသားသွားတာကို သူရလိမ့်မယ်။
Credit: မာရင်ရင်
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment