Sunday, May 8, 2016

ယောက်ျားတို့ရဲ့မာနများ



အချို့ သော ယောကျာ်းတွေမှာ ကောင်းတဲ့မာနလေးတွေရှိပါတယ်။ ဘယ်ကိစ္စမဆိုလွယ်လွယ်နဲ့ အရှုံးမပေးတတ်ကြပါဘူး။
ငွေအတွက်ကြောင့် ဖြစ်ဖြစ် အခြားအရာဝတ္ထု တစ်ခုအတွက်ကြောင့်ဖြစ်ဖြစ် အောက်ကျို့ မခံတတ်ကြပါဘူး။

သူ့ မာနနဲ့ သူရအောင် ရှာဖွေပါတယ်။ ကတိလည်း တည်တတ်ကြပါတယ်။ မတရားတာဆိုရင် မခံဘူးဆိုတဲ့ မာနလည်းရှိပါတယ်။ တော်ရုံတန်ရုံ မိန်းကလေးတွေကို ရည်းစားစကားမပြောချင်တဲ့ မာနလည်းရှိတတ်ပါတယ်။ ဒီလိုလူမျိုးဟာ ရည်းစားဘဝမှာ သူတို့ ကို စော်ကားမိတာမျိုး၊ အထင်သေးမိတာမျိုးကိုလည်း ခွင့်မလွှတ်နိုင်လောက်အောင် မာနကြီးတတ်တယ်။ အဲဒီအခါကျရင် မိန်းကလေးတွေ အခက်ကြီးခက်ရတတ်ပါတယ်။

အချို့ ယောကျာ်းလေးတွေကျတော့လည်း ငွေကြေးဥစ္စာစည်းစိမ်၊ ရာထူးဂုဏ်သိန် တွေနဲ့ဆိုင်တဲ့ မာနအမျိုးမျိုးက ရှိနေတတ်ပါတယ်။ သူတို့ တွေက မိန်းကလေးတစ်ယောက်ကို ရည်းစားစ ကားပြော မိပြီဆိုရင်ဇွဲကောင်းကောင်းနဲ့ စောင့်ကြပါတယ်။ ရည်းစားဘဝမှာလည်း သူတို့ ကိုစော်ကားမိရင် ခွင့်လွှတ်တတ်ကြပါတယ်။ တချို့ ကိစ္စတွေမှာ ကတိတည်တတ်ပြီး တချို့ ကိစ္စတွေမှာတော့ ကတိမတည်တတ်ပါဘူး။
ငွေအတွက်ပဲဖြစ်ဖြစ်၊ အခြားကိစ္စတွေ အတွက်ပဲ ဖြစ်ဖြစ် အောက်ကျို့  ခံသင့်တဲ့နေရာတွေမှာ အောက်ကျို့ခံတတ်ပါတယ်။

အချို့ ယောက်ျားလေးတွေကျတော့လည်း ယောင်ကြောင်ကြောင်မာနမျိုး
တွေလည်းရှိတတ်ပါတယ်။ ဥပမာအားဖြင့် သူများတကာက
မြှောက်ပင့်ပေးတဲ့ကိစ္စတွေမှာ မိမိရဲ့ ခံယူချက် မပါဘဲနဲ့ ဟုတ်သည် မဟုတ်သည် အပထားလို့ ကြုံကြိုက်လာတဲ့ ကိစ္စတစ်ခုအပေါ်မှာ လက်ငင်းမာနမျိုးတွေ ထားတတ်ပါတယ်။ နောက်မာနတစ်မျိုးကိုလည်း အချိန်မရွေး ပြောင်းသွားနိုင်ပါတယ်။ ဒီကိစ္စထက် ဟိုကိစ္စက ပိုပြီးတရားမျှတတယ်လို့ ဆိုလိုက်တာနဲ့ ထောက်ခံတဲ့သူရှိနေသရွေ့ တော့ သူတို့ ကခပ်တည်တည်နဲ့ အဲဒီဟာနဲ့ ဆိုင်တဲ့
မာနကြီးကို ထင်ထင်ရှားရှားပြတတ်သူတွေပါ။

ချစ်မှုရေးရာနဲ့ ပတ်သတ်လာရင်လည်း သူတို့ မာနတွေဟာ နားလည်ရခက်တတ်ပါတယ်။ တချို့ကိစ္စတွေမှာ မာနရှိတတ်ပြီး တချို့ ကိစ္စတွေမှာ မာနမရှိပါဘူး။ ဒါပေမဲ့ မိန်းကလေးအများစု ကတော့ ကျေနပ်နိုင်တဲ့အခြေအနေရှိကြတဲ့သူတွေပါ။

အချို့ ယောကျာ်းလေးတွေကတော့ အယောင်ဆောင်မာနမျိုးတွေကို
သာ ထားတတ်ကြတဲ့ သူတွေပါ။ မာနကြီးသယောင်ပုံစံမျိုး ဖမ်းပြတတ်သူတွေပါပဲ။ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်
ဖြစ်ရမယ်ဆိုတဲ့မာနမျိုးလည်းမရှိတတ်ကြပါဘူး။ မိန်းမလုပ်သူရဲ့ အထင်အမြင်သေးတာကိုတော့ မခံနိုင်ပါဘူး။ ရအောင်ရှာဖွေကျွေးမယ်
ဆိုတဲ့ မာနမျိုးလည်း မရှိတတ်ပါဘူး။ ကြောင်းကျိုးမဆီလျော်တဲ့ နိမ့်ကျတဲ့ မာနအမျိုးမျိုးလည်း ရှိတတ်ကြပါတယ်။

အချို့ ယောက်ျားလေးတွေမှာ ယုတ်မာတဲ့ မာနမျိုးလည်း ရှိတတ်ပါတယ်။ ဥပမာအားဖြင့်

ဒီကောင်မက ဘာမို့လဲ၊ ငါရအောင်ဝိုက်ပြမယ်ဆိုပြီး မဟုတ်တဲ့မာနမျိုး
ထားပြီး ဖျက်ဆီးနိုင်ဖို့ ကြိုးစားတတ်ကြပါတယ်။ ယုတ်နိမ့်တဲ့မာနကို အားကျတတ်ကြသူတွေပါ။ ရည်းစားဘဝတွေမှာ ရှိသင့်တဲ့ မာနမျိုးလုံးဝမရှိတတ်သူတွေပါ။ တစ်ရက်ပြီးတစ်ရက် တစ်ဆင့်ပြီး
တစ်ဆင့် တက်ချင်တတ်ကြသူတွေပါ။ ရာဂစရိုက်ပြင်း ထန်တတ် တဲ့လူစားမျိုးတွေပါ။ ရအောင်လည်း ကြံဆောင်တတ်ကြပါတယ်။ ဟန်ဆောင်မှုတွေ ပြည့်နှက်နေတဲ့ လူမျိုးတွေပါ။

ကောင်းသောမာနတွေ၊ ထားသင့်ထားအပ်တဲ့ ယောက်ျားမာနတွေကို ထားနိုင်အောင်လို့ ကြိုးစားကြစေလိုပါတယ်။ မိန်းကလေးတွေကလည်း ဒီယောက်ျားမှာ ဘယ်လိုမာနတွေရှိနေသလဲ ဆိုတာကို စူးစမ်းရှာ
ဖွေကြည့်ကြဖို့ လိုအပ်ပါတယ်။ ယုတ်မာအောက်တန်းကျတဲ့ မာနတွေကို ရှာဖွေတွေ့ ရှိပြီဆိုရင်ဝေးဝေးကရှောင်ကြဖို့ လိုအပ်ပါတယ်။ 
ယောကျာ်းလေးတွေအနေနဲ့ လည်း ကောင်းသောမာနတွေထက် ပိုပြီးသာလွန်တဲ့ သိက္ခာဆိုတဲ့ အပိုင်းတွေကို ရောက်ရှိ နေထိုင်နိုင်အောင် အားထုတ်ကြစေလိုပါတယ်။

Credit: သက်တန့်ရောင် 



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths