Monday, May 9, 2016

ကြေကွဲမှုကြားထဲကအဘိုးအိုသီချင်းသံ



ကြေကွဲမှုကြားထဲက အဘိုးအို သီချင်းသံ


စစ်ဒဏ် ခံရတာကြောင့် ရွာမှာ ရှိတဲ့ အမျိုးသား အားလုံး စစ်ထွက်ရ ပါတယ်။ အမျိုးသမီး၊ ကလေးငယ် နဲ့ အသက်ကြီး အဖိုး၊ အဖွားတွေသာ ရွာမှာ ကျန်ခဲ့သတဲ့။


ရွာထဲက အဖိုး တစ်ဦးစာ သီချင်းလေး ဆိုလို့ ထွန်တုံးနဲ့ လှည်တောင် ထွန်လိုက် ပါသေးတယ်။ ဒါကို မြင်တဲ့ အမျိုး သမီး တစ်ဦးက 'ရှင်က သီချင်းတွေ ဆိုပြီး လယ်ထွန် နိုင်သေးတယ်နော်။ ကျမတို့ ယောက်ျားတွေ သေပြီ။ ရွာမှာ စားစရာ သိပ် မရှိတော့ ဘူး။ နောက်တစ်ပတ်ဆို စစ်တပ် တစ်ခု ဗုံးလာကြဲမယ်။ ကျမတို့က ငရဲ မဖြစ်ရုံ တမယ်လေး နေရာမှာ နေရတာ ရှင့်အတွက်က ပျော်စရာ ဖြစ်နေ ပါလား' လို့ ပြောဆိုသတဲ့။ ဒါနဲ့ အဖိုး ဖြစ်သူက အောက်ပါ အတိုင်း ပြန်ဖြေ ပါတယ်။


'ဒီမယ် ကလေးမ၊ ငါလယ်ထွန် ပျိုးကြဲခဲ့တာတွေ တစ်နေ့ကျရင် ကျန်ခဲ့တဲ့ သူတွေ အတွက် စားစရာ ဖြစ်လိမ့်မယ်။ ထွန်လို့ မပြီးခဲ့ရင်တောင် ကျန်တဲ့လူတွေက ငါလုပ်ခဲ့တဲ့ စေတနာကို မြင်ပြီး သူတို့တွေ ဆက်လုပ်ကောင်း လုပ်လိမ့်မယ်။ ငါသီချင်း ဆိုနေတာ ကတော့ သေနေတဲ့ အမျိုးတွေ အတွက် ပျော်နေတာ မဟုတ်ဘူး။ ရှင်သန်နေတဲ့ မင်းတို့ ငါတို့ ဘဝကို ပျော်ရွှင် ကြည်နူးစရာလေး ဖြစ်စေဖို့'


သင်ခန်းစာ


- ကိုယ်ဟာ ဘယ်လို အဆိုးတွေနဲ့ ကြုံကြုံ မိမိ လုပ်ဆောင်ချက်က အမြဲ ကောင်းမွန် နေဖို လိုအပ် ပါတယ်။

- မနက်ဖန် သေရမယ်လို့ သိနေသည့် တိုင်၊ မနက်ဖန် အလုပ်ထွက်ရမယ်လို့ သိနေသည့်တိုင် မိမိရဲ့ ခြေရာ လက်ရာ များက စေတနာ သဒ္ဓါ တို့နဲ့ ပြည့်စုံနေပြီး ကျန်လူတွေ အတုယူစရာ ဖြစ်နေ ရပါမယ်။

- အကောင်းမြင်စိတ် နဲ့ အသက်ရှင် ရပါမယ်။

- အမှားတွေ ဘယ်လောက်ပဲ ရှိခဲ့ ပါစေ သောက ပရိဒဝ ဝမ်းနည်း စရာ နဲ့ နောင်တ များကို ဖယ်ကျန်လို့ လက်ရှိ အချိန်မှာ စိတ်ကို ကောင်းအောင် မွေးပြီး ကောင်းတာ လုပ်ဖို့ လိုအပ် ပါတယ်။

.

Credit :အောင်ခမ်း (ရိုးရာလေး)



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths