Friday, May 6, 2016

တဒင်္ဂကျရှုံးခြင်းမှသည်အောင်မြင်မှုဆီသို့

"တဒင်္ဂကျရှုံး ခြင်းမှသည် အောင်မြင်မှုဆီသို့"
==============================
ယခုအောင်မြင်နေသူတွေက တစ်ချိန်တုန်းက ကျရှုံးခဲ့ဖူးသူတွေပါ ။
ယခု အောင်မြင်နေတဲ့သူတွေဟာ အောင်မြင်ဖို့ ကြိုးစားနေကြရတုန်း က တစ်ကြိမ်တစ်ခါမက ကျရှုံးခဲ့ကြ ဖူးသူတွေဖြစ်ပါတယ်။
.
ဒါပေမယ့် သူတို့ဘာလို့ အောင်မြင်ခဲ့ ကြတာလဲ ?
သူတို့ဟာ အဲဒီ ကျရှုံးခြင်း ဆိုတဲ့ နေရာမှာ အမြဲရပ်တန့်မနေခဲ့ကြလို့ပါ ။
သူတို့ ဟာ ကျရှုံး စေတဲ့ အကြောင်းအရင်းတွေကို ရှာဖွေကြတယ်။
အားနည်းချက်တွေကို ဖာထေးတယ် ။
အားသာချက်တွေကို အသုံးချတယ် ။



ပြီးရင်တော့ ပြင်ဆင်ပြီး တဲ့ နည်းလမ်း အသစ် တွေနဲ့ အောင်မြင်ရေး လမ်းကြောင်းပေါ် ပြန်တက်ကြတယ်။
.
" ကျရှုံး လိုက် ၊ ကြိုးစားလိုက် ၊
ကျရှုံးသွားလိုက် ၊ ပြန် ကြိုးစားလိုက် "


ဒီလို နဲ့ တစ်နေ့မှာ အောင်မြင်တဲ့ သူတွေဖြစ်လာကြပါတယ်။သူတို့ရဲ့ တစ် ကြိမ် တစ်ခါ ကျရှုံး မှုတွေဟာ အောင်မြင် ဖို့ အတွက် လမ်းစ တွေ ဖြစ် လာကြတယ် ။ သူတို့ ဟာ အရှုံးကို အသုံးချ ပြီး အကျိုးအမြတ်ထုတ်ကြသူတွေပေါ့ ။




အမြဲ တမ်း အောင်မြင်နေတဲ့ သူဆိုတာ ရှားပါတယ် ။
ဒီလိုပဲ အမြဲ တမ်း ကျရှုံး နေတဲ့သူဆိုတာလည်း မရှိသင့်ဘူး ။
.
ဒါကြောင့်...မိတ်ဆွေ  အရှုံး တွေမှာ ရပ်တန့် မနေပါနဲ့ ။
အရှုံး တွေကို အသုံးချ ပြီး အောင်မြင်မှု ဆီကို အရောက်လှမ်းကြပါစို့ ။

ရဲထက်ကျော် (Focus Youth)
Credit>>>Focus Youth E-magazine



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths