Saturday, May 7, 2016

နှစ်လမ်းသွား

နှစ်လမ်းသွား
=========
(၁) သင့်ရင်သွေးတွေကို ချမ်းသာဖို့အတွက် ရည်ရွယ်ပြီး ပညာမသင်ပေးပါနဲ့... ပျော်ရွှင်ဖို့ အတွက်ရည်ရွယ်ပြီး ပညာသင်ပေးပါ... ဒါမှ သူတို့ကြီးလာတဲ့အခါ အရာရာတိုင်း ကို ငွေကြေးဈေးနှုန်းနဲ့ မဟုတ်ဘဲ တန်ဖိုးနဲ့ နှိုင်းယှဉ်ပြီး သိမြင်နားလည်လာပါလိမ့်မယ်။

(၂) အစားအစာတွေကို ဆေးဝါးလိုစားပါ.... ဒါမှမဟုတ်ရင် အစားအစာ အတွက် ဆေးဝါးတွေကို သင်မှီဝဲနေရပါလိမ့်မယ်။

(၃) သင့်ကိုတကယ်ချစ်တဲ့သူက သင့်ကို ဘယ်တော့မှ ခွဲခွာသွားမှာမဟုတ်ပါဘူး... ဘာကြောင့်လဲဆိုတော့ လမ်းခွဲဖို့အကြောင်းပြချက်ပေါင်း ၁၀၀ လောက် တွေ့ရှိခဲ့ရင်တောင် သင့်ဘေးနားမှာဆက်နေဖို့ အကြောင်းပြချက် တစ်ခုခုကို ရှာဖွေသွားမှာမလို့ပါပဲ...

(၄) လူသားဖြစ်ခြင်းနဲ့ လူသားဆန်ခြင်းတို့ရဲ့ကြားမှာ ခြားနားချက်အများကြီးရှိပါတယ်... ဒါကိုလူအနည်းငယ်ကပဲ နားလည်ကြတယ်။

၅) သင်မွေးဖွားလာတုန်းက သင့်ကိုချစ်ကြပါတယ်... သင်သေဆုံးသွားတဲ့အခါမှာလည်း သင့်ကိုချစ်ကြပါလိမ့်မယ်... ဒီကာလနှစ်ခုအကြားမှာ သင်ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာပေါ် မူတည်တယ်...

Credit : နှိုင်းရင့်နွေ
Ref-အသိပညာဗဟုသုတ



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths