
မိန်းမချင်းတူတယ်။
အရည်အချင်းကွာတယ်၊ အတွေ့အကြုံ ကွာတယ်၊ ၀တ်စားဆင်ယင်မှုကွာတယ်၊
အပြောအဆိုကွာတယ် ၊ အနေအထိုင်အပြု အမူကွာတယ်၊
ဒီတော့ အနေအထားတွေ ကွာတယ်၊
အဲ့ဒီ အနေအထားတွေ ကွာတော့ စိတ်ဓာတ်တွေလည်း ကွာတယ်၊
စိတ်ဓာတ်တွေ ကွာတော့ အဆင့်အတန်းတွေ ကွာတယ်၊
အဆင့်အတန်းတွေ ကွာတော့ တန်ဖိုးတွေလည်း ကွာခြားသွားတော့တာပေါ့။

အဆင့်အတန်းဆိုတာ ငွေကြေးချမ်းသာကြွယ်ဝမှုနဲ့ မဆိုင်ဘူး၊
အနေအထားဆိုတာ စည်းစိမ်ပိုင်ဆိုင်မှုနဲ့ မဆိုင်ဘူး ၊
စိတ်ဓာတ်တွေနဲ့ပဲ ဆိုင်တယ်၊ လုပ်ရပ်တိုင်းဟာ စိတ်ကြောင့်ဖြစ်တယ် ငွေကြောင့် မဟုတ်ဘူး။ စိတ်ကောင်းရင် လူကောင်းမယ် ၊ စိတ်သေရင် လူသေမယ်၊ စိတ်ပုတ်ရင် လူပုတ်မယ်၊
မိမိစိတ်ကြောင့် ကိုယ် ဘယ်လိုလူဆိုတာဖြစ်လာတယ်။ ဒါ့ကြောင့် အဆင့်အတန်းတွေ တန်ဖိုးတွေ ကွာခြားတယ်ဆိုတာ စိတ်ဓာတ်တွေကွာလို့ပဲဖြစ်တယ်။
မြန်မာပြည်မှာ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် ၂ သန်းကျော် ပိုများတယ်။ မိန်းမတွေ ပေါတယ် သို့သော် တန်ဖိုးရှိတဲ့ မိန်းမကောင်းတွေတော့ ရှားလာတယ်။
အများနည်းတူပြု မူရင်တော့ အများနည်းတူ စာရင်းထဲမှာပဲ ရှိလိမ့်မယ်၊ တန်ဖိုးရှိသူ ဖြစ်ချင်ရင်တော့ တန်ဖိုးရှိအောင် ကြိုးစားနေသင့်တယ်။
Credit Aung Zaw Htet
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment