Saturday, May 7, 2016

အကောင်းဆုံးဘဝပိုင်ရှင်ဖြစ်စေရန်





*** အကောင်းဆုံးဘ၀ ပိုင်ရှင်ဖြစ်စေရန်***
=======================
ဘ၀ ဟူသည် သံသရာ ထဲမှ အချိန်ပိုင်းတခုပါ ။

ဘ၀ ၊ ဘ၀ ပေါင်းများစွာလှည့်ပါတ်နေသည်ကို သံသရာဟု ဖွင့်ဆိုထားပါသည် ။ ဗုဒ္ဒဘာသာဝင်အများစု တို့သည် သံသရာ လည်တယ်ဆိုတာ ကို လက်ခံထားတတ်ကြပြီး၊ ထိုသံသရာမှ လွတ်ကြောင်းကိုတော့ မစဉ်းစားပဲ မေ့လျော့ထားတတ်ကြပါသည် ။

သံသရာ ဆိုတာကို မကြောက်သ၍တော့ ဘ၀ ပေါင်းများစွာ ကျင်လည် နေရအုံးမှာပါ ။သံသရာဟုသည် အလွန်ကြောက်စရာကောင်းလှသည် ။ သုဂတိသံသရာနှင့် ဒုက္ခတိ သံသရာဟု ၍နှစ်မျိုးရှိပါသည် ။

လူ့ပြည်၊နတ်ပြည်၊ဗြဟ္မာပြည် ၌ကျင်လည်ခြင်းသည် သုဂတိသံသရာ။
ငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ၊အသူရကယ် ဘုံ၌ကျင်လည်ခြင်းသည် ဒုက္ခတိ သံသရာ ဖြစ်ပါသည် ။

ယခုလို လူ.ဘ၀ ရလာသည်မှာ သုဂတိသံသရာတွင်ပါဝင်ပါသည် ။ လူ့.ဘ၀ ဟူသည် အလွန်ရခဲလှသည်ဟု ဘုရားရှင်က ဟောကြားထားပါသည် ။

သာမာန် ပဲကြည့်ပါလျှင် ကမ္ဘာပေါ်တွင် တိရိစ္ဆာန် နှင့် လူ မည်သူက များသနည်း ။ မမြင်တွေ့နိုင်သော ပိုးမွှားဦးရည်နှင့်ပင် မယှဉ်သာပါ ။ ထိုကြောင့် ရခဲလှသော လူ့ဘ၀ ရခိုက်အခါတွင် ကုသိုလ်ကံကို ဖြစ်စေသော ဒါန၊သီလ၊ဘာဝနာ ဆိုသော ကုသိုလ်တရားတို့ကို ကြိုးစားအားထုပ်သင့်ပေသည်။

ယခု အခါတွင် လူအများသည် ဒါန ဆိုသော ကုသိုလ်ကိုတော့ လေ့လာ ပြုလာကြပါ ပြီ ။

သို့ရာတွင် အပေါ်ယံတွင်ပြုလုပ်နေကြပြီး ၊ တကယ်ကုသိုလ်အစစ်၏ အနှစ်သာရကို မေ့လျော့ ထားတတ်ကြသည် ။ အပြိုင်အဆိုင်လှူဒါန်းတတ်ကြသည် ။ ကျော်ဇော မူကို အဓိကထား လှူဒါန်းတတ်ကြပြန်သည် ။ မစ္ဆေရိယစိတ် မကင်းပဲ လှူဒါန်းတတ်ကြသေးသည် ။( လှူသာလှူသည် သဒ္ဓါ မပါ၊တွန်တိုသောစိတ် ကိုဆိုလိုသည်)။ အပေါ်ယံ လှူသည့်အတွက် အပေါ်ယံဒါနသာရပါမည် ။
ဒါန ဟူသည် လှူဒါန်သောသူ၏ စိတ်တွင် သဒ္ဓါ တရားထက်သန်ရန်အရေးအကြီးဆုံးဖြစ်သည် ။

အလှူ ဒါန တစ်ခုဖြစ်မြှောက်ရန် အလှူခံပစ္စည်းနှင့် အလှူခံပုဂ္ဂိုလ်သည် မရှိမဖြစ်မှန်သော်လဲ၊ ထိုနှစ်ခုသည် ပြုလုပ်ရန် လွယ်ကူပြီး ၊ အနှစ်သာရပြည့်သောကုသိုလ်ကိုပေးစွမ်းသော သဒ္ဓါ တရားသည် မလွယ်ကူလှပေ။

လှူမယ်လို့ ကြံရွယ်ချိန်မှာ ပေါ်ပေါက်လာသော သဒ္ဒါတရား၊ ထိုနောက် လှူဒါန်းနေစဉ်မှာ ပီတိနှင့်ပြည့်စုံသော သဒ္ဓါ တရား၊ လှူဒါန်းပြီး တစိမ့်စိမ့်တွေး ၀မ်းမြှောက်နေသော သဒ္ဒါတရား ထိုသုံးမျိုးနှင့် ပြည့်စုံမှ အနှစ်သာရအပြည့်ဖြင့် အလှူဒါနတစ်ခု ဖြစ်ပေသည် ။

ထိုကြောင့် မိမိ၏ သဒ္ဓါ တရားကို အကောင်းဆုံး ပြုပြင်ပြီးမှသာ လှူဒါန်းသင့်ပေသည် ။ ထိုသို့ ပြုလုပ်သော ကုသိုလ်ကံသည် ဇော ၇ ချက်အရ ဘ၀ ၊ ဘ၀ တိုင်းသို့ လိုက်၍ အကျိုးပေးတော့မည်သာ ဖြစ်တော့သည် ။
နောက် ပါရမီထိုက်သော ဒါဟူသည် အမြင့်မြတ်ဆုံးဒါနမျိုးဖြစ်သည် ။

ကျွန်တော်တို့ မြန်မာလူမျိုးအများစုသည် လှူဒါန်းလျှင် ကုသိုလ်ရမည်ဆိုတာ လူတိုင်းသိပါသည် ။
ထို့ကြောင့်ရှေးရေးကို တွေးပြီးလှူသော ဒါနမျိုးသာ များနေကြသည် ။ နတ်သမီး လို လှချင်လို လှူဒါန်းသည် ။ သူဌေးကြီး ဖြစ်ချင်လို့ လှူကြသည် ။ ရလိုမူကို အဓိကထား လှူဒါန်းခြင်းမျိုးသာ များကြပါသည် ။ ရလိုမူမပါ စွန့်လွတ်မူ အပြည့် ဖြင့် လှူဒါန်းသော ဒါန မျိုးကို ပါရမီထိုက်သော ဒါနဟု ခေါ်ဆိုအပ်ပေသည် ။

ဥပမာ ပြရပါလျှင် ..
တိရိစ္ဆာန်ကိုလှူခြင်းထက် လူကို လှူခြင်းက ကုသိုလ်ပိုသည် ။
လူကိုလှူခြင်းထက် ရဟန်းကို လှူခြင်းက ပိုပါသည် ။
ရဟန်းကို လှူခြင်းထက် ရဟန္တာကို လှူခြင်းက ပိုသည် ။
ရဟန္တာကို လှူခြင်းထက် မြတ်စွာဘုရားရှင်ကို လှူခြင်းက အမြတ်ဆုံး ဖြစ်ပေသည် ။

သို့ရာတွင် ကုသိုလ်အများဆုံးရမည်ကို ကြံစည်တွေးခေါ်၍ လှူဒါန်းမူသည် သာမာန်ဒါန ဖြစ်သည် ။

ရှေးရှေးက သူဌေးကြီးတဦးသည် ဘုရားဟောသော တရားကို နာ ကြားပြီး ကုသိုလ်ရချင် ဇောဖြင့် ရှိသမျှသော ပစ္စည်းဥစ္စာ အားလုံးကို ခြိမ့်ခြိမ့်သည်း လှူဒါန်းလိုက်တော့သည် ။

သို့သော် သူ၏စိတ်တွင် ပြန်ရလိုမူဖြင့်လှူသောကြောင့် ပါရမီမထိုက်ပါ ။ လှူဒါန်းမူသည် အလွန်ကြီး ကျယ်သော်လဲ သာမာန်ကုသိုလ်သာ ရပေမည်။ ထိုသို့ လှူဒါန်းပစ် လိုက်သောကြောင့် သူဌေးကြီး လင်မယားသည် သူဆင်းရဲဘ၀သို့ ရောက်ပြီ နှစ်ယောက်ပေါင်းမှ ထမင်းတစ်ထုပ်သာ ချမ်းသာတော့သည် ။

ထိုထမင်းထုပ်လေးကို ဖြည်ပြီး စားမယ်လို ကြံရွှယ်နေချိန်တွင် ပိန်လှီးချိနဲနေသော ခွေးလေးတစ်ကောင်ကို မြင်လိုက်ရပါသည် ။ ခွေးကလေးသည် အစာရေဆာ ငတ်နေသည်မှာ ကြာနေသောကြောင့် လမ်းပင်ကောင်းကောင်းမလျှောက်နိုင်ပါ ။

ထို အချိန်သူဌေးကြီးသည် ခွေးကလေးကို ကြည့်ရင်း ဒီထမင်းကိုချကြွေးလိုက်ရင်ဖြင့် ခွေးကလေး အသက်ဘေးမှ ချမ်းသာမည်၊ အားအင်ပြည့်ဖြိုးကျန်မာ လာမည်ကို တွေးမိကာ သဒ္ဓါ တရားတို့ တဖွားဖွားပေါ်ပေါက်လာပါတော့သည်။ သုံးတန်စေတနာ အပြည့်ဖြင့် ထမင်းထုပ်အားခွေးကလေးကို ချကြွေးလှူဒါန်းလိုက်ပါတော့သည် ။

ထိုဒါနမှ ရလိုမူ မပါ ပါရမီထိုက်သော ဒါန ဖြစ်ပေတော့သည် ။ ထိုအလှူကို မြင်သော သကြားမင်း ပင်မနေသာပဲ လူ့ပြည့်ကို ဆင်းကာ ထိုအလှူကို ရောင်း၇န် ငွေပေး၍၀ယ်တော့သည် ။

သဒ္ဓါ အပြည့်စင်ကြယ်နေသော သူဌေးကြီးက ဘယ်လောက်ပေးပေး မရောင်းခဲ့ပါ ။ သကြားမင်းကြီးလဲ သာဓု သုံးကြိမ် ခေါ်ကာ နတ်ပြည်သို့ ပြန်သွားပါသည် ။

ကုသိုလ်မည်သည် မတောင်းလဲ ရတတ်သည့် သဘောအတိုင်း ၊ ထို ပါရမီထိုက်သော ကုသိုလ်ကြောင့်ပင် ဘုရင်ကချီးမြှောက်သော ဆုလာဒ်တို့ ဖြင့် အရင်ကထက်နှစ်ဆချမ်းသာသော သူဌေးကြီး ဘ၀ သို့ ပင်ပြန်ရခဲ့ပါသည် ။

အလှူခံပု၈္ဂိုလ်ရွေးသော သူများအတွက် မှတ်သားဖွယ်ဖြစ်ရပ်လေးပါ ။
နာမည်ကြီးသော ဆရာတော်မှ လှူချင်သော သူများ များပြားလှတဲ့ခေတ်ကြီးမှာ စေတနာသာ အဓိကဆိုသော အချက်ကို သိချင်ချင်လှသည်။ အလှူခံပုဂ္ဂိုလ်က ကုသိုလ် တရားကို ပေးစွမ်းသည် မဟုတ် ။

မိမိ၏ စိတ်မှာပေါ်သော သဒ္ဓါ တရားကလျှင် ကုသိုလ်ကံကို ဖြစ်ပေါ်စေခြင်းဖြစ်ပေသည် ။
အကောင်းဆုံး ကုသိုလ်တရားတို့ကို ပြုလုပ်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးပါသည် ။
Credit: ဓမ္မရတနာ



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths