တတ်မြောက်ခဲ့ပြီ
---------------
လဲ ကျ ခြင်း အခါခါ အတွက်
ကြိုးစား ရုန်းကန်ရင်း မားမားရပ်
မာန်တတ်မနေ့ဖို့ တတ်မြောက်ခဲ့ပြီးးးးးး
အဖန်ဖန်ကြားနေရတဲ့ မုသားချိုချိုကြားမှာ
အမှားအမှန် ချင့်ချိန် တတ်ဖို့
စဉ်းစား သုံးသပ်ဖို့ တတ်မြောက်ခဲ့ပြီးးးးးး
ကိုယ်သိသော အသိလေးတစ်ခုတည်းနဲ့
ဘယ်အရာမှ မမှန်နိုင်တာကို အခြေအနေအမျိုးမျိုးကြောင့်
တတ်မြောက်ခဲ့ပြီးးးးးးးး
အားငယ် စိတ်ပျက်ခြင်းတွေနဲ့ နစ်မွန်းရင်း
ကိုယ့် အနာဂတ် ကိုယ့်ပျော်ရွင်မှုတွေဟာ
ကိုယ်တိုင်ပါလားဆိုတာ နားလည်
တတ်မြောက်ခဲ့ပြီးးးးးးးး
ကိုယ်ချင်းစာစိတ် စာနာစိတ်တွေ
လူတိုင်းရှိနေကြပြီး တချို့နေရာတွေမှာ
နှလုံးသားနဲ့ ဆုံးဖြတ်ရတာလည်း
နားလည်းသိရှိခဲ့ပြီးးးးးး
နှလုံးသားနဲ့ ခံစားရင်း
ဦးနှောက်နဲ့ ဆုံးဖြတ်တတ်လာခဲ့ပါပြီးးးးးး
ဘာမထီ ဘွား
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment