Thursday, July 21, 2016

သန့်ရှင်းသောပတ်ဝန်းကျင်။သန့်ရှင်းသောအာဟာရ



ကိုယင်ကောင် ကိုယင်ကောင်

သိပ်ကိုရွံဖို့ကောင်း

မစင်လည်း ကြိုက် ဟင်းလည်းကြိုက်

ဟိုနဲ့ ဒီကူးလိုက်

သူ့ခြေလက်လေး ဆင်းနေတာ

တို့ထမင်းဝိုင်းပေါ်မှာ

ရိုက်ပါဟာ မောင်းပါဟာ

ချမ်းသာမပေးနဲ့ကွာ

ထမင်းဝိုင်း အုပ်ထားရအောင်

သွားတော့ ကိုယင်ကောင်။

ကဗျာလေးကို အပတ်စဉ်သွားနေကျ မိဘမဲ့ကလေးကျောင်းမှ ကလေးလေးတွေ ဆိုတာလေးကြားလိုက်ရတော့ မိုးရာသီအတွက် ယင်နားစာ အမှည့်လွန်အသီးများနှင့် ပတ်သတ် ပြီး စိတ်ပူမိပြန်ပါသည်။မိုးတွင်းမှာ လှိုင်လှိုင်ကြီး ပေါလာတော့မယ့် သရက်သီး ပိန္နဲသီးမှည့်များနှင့်အတူ ယင်ကောင် များ ပါပေါလာပြီး ဝမ်းရောဂါအတွက် စိုးရိမ်ရပါ သည်။

၁။ သရက်သီးမှည့်

သရက်သီးမှည့်သည် အချိုဓာတ်ကဲပြီး အနံ့လည်း အလွန်မွှေးတာကြောင့် စားသုံးသူ များကိုသာမက ယင်ကောင်များကိုပါ ဆွဲဆောင် နိုင်ပါသည်။ မဖုံးအုပ်ဘဲထားပါက ယင်ကောင် များမှ သယ်ဆောင်လာသော ဝမ်းရောဂါပိုးများ ကြောင့် ဝမ်းပျက်ဝမ်းလျောဖြစ်စေနိုင်ပါသည်။ အမှည့်လွန်အသီးများ၊ ဖုံးအုပ်ထားခြင်းမရှိသော အသီးအနှံများကို စားသုံးခြင်းမှ ရှောင်ကြဉ်သင့် ပါသည်။

၂။ ပိန္နဲသီးမှည့်

ပိန္နဲသီးမှည့်သည် သရက်သီးကဲ့သို့ ချိုအီ သောရနံ့ရှိသည့်အတွက် ယင်ကောင်၊ ပျားစ သော အင်းဆက်များကို ဆွဲဆောင်နိုင်သည့် အတွက် ဝမ်းရောဂါကိုဖြစ်စေနိုင်ပါသည်။ ဖုံးအုပ်ပြီးစားသုံးပါက အာဟာရပြည့်ဝပြီး အရသာရှိသောအသီးအနှံ ဖြစ်သည့်အတွက် သန့်ရှင်းသပ်ရပ်စွာထားဖို့ အရေးကြီး လှပါသည်။

၃။ လက်သုပ်စုံ၊အချဉ်ပေါင်း

မိုးဦးကျတွင် ပေါများလာတော့မည့် ယင်ကောင်များကြောင့် သန့်ရှင်းမှု နည်းပါးသော လက်သုပ်စုံများကိုစားသုံးမိပါက ဝမ်းရောဂါများ ကို အလွယ်တကူ ဖြစ်ပွားစေနိုင်ပါသည်။ အဓိကသတိထားရမည့်အချက်မှာ တစ်ကိုယ် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းကို အထူးဂရုစိုက် ရန် လိုအပ်ပါသည်။ ကျောင်းဖွင့်ချိန်ဖြစ်သကဲ့သို့ မုန့်ဈေးတန်း များတွင် မုန့်ဝယ်စားကြသော ကျောင်းသား၊ ကျောင်းသူများအတွက် သန့်ရှင်းသောကျောင်း ပတ်ဝန်းကျင်၊ အာဟာရမုန့်ဈေးတန်းဖြစ်စေဖို့ သက်ဆိုင်သူများမှ ဝိုင်းဝန်းကြီးကြပ်သင့်ပါ သည်။အစာလည်းဆေး ဆေးလည်းအစာဖြစ်နိုင် ဖို့ သန့်ရှင်းရေးအထူးလိုအပ်ပါသည်။

   မေတ္တာဖြင့်
ဒေါက်တာဇာနည်ဝင်း



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths