Tuesday, August 2, 2016


<<<Zawgyi Version>>>





ကောင်းကင်ကြီးကို ဘယ်လောက်ပဲအမှောင်ထုတွေ ဖုံးလွှမ်းလာစေကာမူ အချိန်တန်ရင်တော့လည်း ပင်ကိုယ်ပြာလဲ့သော မိမိရုပ်ကို အသက်ပြန်ဝင်လာစေမှာပါ ရှင်းသန့်ကြည်လင်ပြီး အေးမြစေမှာပါ




Credit:  Nang MeeMee 

BeeTalk ပရိသတ်ကြီး... ကြိုက်နှစ်သက်ရင် share လို့ရတယ်နော် 
အရင်က တင်ပေးခဲ့တဲ့ သတင်းတွေ ဖတ်ချင်တယ်ဆိုရင် ဒီမှာနှိပ်ပါ။ 


<<<Unicode Version>>>

 ကောင်းကင်နှင့်တူသော စိတ်နှလုံး 

ကောင်းကင်ကြီးဟာ အမြဲတမ်းရှင်းသန့်ပြာလဲ့နေရင် မြင်ရသူအပေါင်း စိတ်နှလုံးချမ်းမြေ့ကြည်လင်နေရတယ်

ရှင်းသန့်ပြာလဲ့သော ကောင်းကင်ကြီးအောက်မှာ နေထိုင်ကြသော လူသားတို့မှာလည်း ပျော်ရွှင်ချမ်းမြေ့ကြရတယ်

တစ်ခါတစ်ရံ ကောင်းကင်ကြီးကို တိမ်စိုင်တိမ်တိုက်တွေ မိုးရိပ်မိုးမှောင်တွေ လွမ်းမိုးခဲ့ရင်တော့ မလှပနိုင်တော့ဘူးကွယ်

ူလူသားတို့မှာလည်း မိမိတို့ဖြူစင်မွန်မြတ်နေသော စိတ်ထားလေးကို အရောင်ဆိုးခံရလျှင်ပဲဖြစ်ဖြစ် လွှမ်းမိုးခြင်းခံရလျှင်ပဲဖြစ်ဖြစ် သည်းမခံနိုင်ပဲ ဒေါသထွက်မိကြရင် အမှောင်ထုဖုံးလွှမ်းခြင်းခံရတော့တာပဲ

ကောင်းကင်ကြီးကို ဘယ်လောက်ပဲအမှောင်ထုတွေ ဖုံးလွှမ်းလာစေကာမူ အချိန်တန်ရင််တော့လည်း ပင်ကိုယ််ပြာလဲ့သော မိမိရုပ်ကို အသက်ပြန်ဝင်လာစေမှာပါ ရှင်းသန့်ကြည်လင်ပြီး အေးမြစေမှာပါ

လူသားတို့၏ စိတ်နှလုံးကိုလည်း မည်မျှပင်အရောင်ခြယ်ခံရစေကာမူ ခဏတာသည်းခံခြင်း လျစ်လျူရှုထားခြင်းဖြင့် မိမိပင်ကိုယ် စိတ်ထားကလေးက အမြဲတမ်း ဖြူစင်မွန်မြတ် သန့်ရှင်းကြည်လင်ပြီး စိတ်နှလုံးချမ်းမြေ့စေမှာပါ

လူ့ဘဝအချိန်တိုတိုလေးမှာ မိမိတို့ရဲ့အနာဂါတ်နဲ့ နောင်သံသရာ လှပစေဖို့ အကောင်းမြင်သော စိတ်ဓာတ်မွန်မြတ်သော စိတ်ထားဖြင့် နေထိုင်ခြင်းပြုလိုက်ပါ

မကောင်းသောအရာကို ပေးရင် ယူမှ မိမိရမှာပါ
မယူရင် မရပါဘူး မိမိစိတ်ထားမွန်မြတ်ဖို့ စိတ်ရင်းမှန်ကန်ဖို့ပဲ အရေးကြီးတယ် ချစ်မိတ်ဆွေ ။

Credit:  Nang MeeMee 


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths