Sunday, September 4, 2016

ပြောသင့်မှပြောပါ



တစ်ခါက တရုတ်ပြည်ရဲ့ ရွာငယ်လေးတစ်ခုမှာ လယ်ယာလုပ်ကိုင်စားသောက်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါသတဲ့..။ အစ်ကိုကြီးဟာ အရာရာမှာ နှိုင်းနှိုင်းချိန်ချိန်စဉ်းစဉ်းစားစား ပြုတတ်သလောက် ညီငယ်ဟာ အဆင်အခြင်မရှိ၊ အတွေးအတောမရှိ ပြုလုပ်တတ်လေ့ရှိတယ်..။ အဲဒီညီအစ်ကိုနှစ်ယောက်နေထိုင်တဲ့ ရွာဟာလည်း အင်မတန်မှ သူခိုးသူဝှက် ပေါများပါသတဲ့..။ အပြင်မှာလှမ်းထားတဲ့ ထမီ၊ အင်္ကျီတွေအပြင် အိုးစုတ်၊ ခွက်စုတ် ကအစ စိတ်မချရအောင်

သူခိုးထူ တယ်။

တစ်နေ့တော့ ညီငယ်ဟာ သူတို့ညီအစ်ကိုနှစ်ယောက်ပိုင်ဆိုင်တဲ့ ဥယျာဉ်ထဲမှာ ပေါင်းသင်ခြင်း၊ မြက်နှုတ်ခြင်း၊ မြေတူးဆွခြင်းများကို ပြုလုပ်နေပါသတဲ့..။ အဲဒီအချိန်မှာပဲ

"ညီလေးရေ.. ထမင်းစားချိန်ရောက်ပြီ ထမင်းစားကြရအောင်" လို့ အော်ခေါ်လိုက်တဲ့ အစ်ကိုကြီးရဲ့အသံကို ကြားလိုက်တယ်။ 

အဲဒီအခါ ညီငယ်က

"ခဏလေးဗျို့ သူခိုးခိုးမှာစိုးလို့ ဂေါ်ပြားကို ဖွက်ထားလိုက်ဦးမယ်" လို့ ပြန်အော်ပြောခဲ့တယ်..။

ညီငယ်ဟာ ထမင်းစားဖို့ အိမ်ထဲကို ရောက်လာတဲ့အခါမှာတော့ အစ်ကိုကြီးက သူ့ကို ဆူပူပြန်တယ်..။

"မင်းဟာ အထူအပါးနားမလည်ဘူးလို့ပြောတော့လည်း စိတ်ဆိုးတယ်။ စကားတိုင်းက တိုးတိုးပြောရမယ့်စကားရှိသလို၊ ကျယ်ကျယ်ပြောရမယ့်စကားလည်းရှိတယ်.။ နောက်ဆို တိုးတိုးပြောသင့်တာကို တိုးတိုးပြောကွ..။ နားလည်လား၊ မင်းဂေါ်ပြားဖွက်တဲ့ဟာကို တစ်လောကလုံးကြားအောင် အော်နေဖို့မလိုဘူး"လို့ပြောဆို ဆူပူပြန်တယ်..။

အဲဒီလိုနဲ့ သူတို့ရဲ့ နေ့လည်စာစားအပြီးမှာ ညီငယ်ဟာ အလုပ်ပြန်လည်လုပ်ဖို့အတွက် ဥယျာဉ်ထဲကို ပြန်လည် ထွက်ခွာသွားတယ်..။ ခဏအကြာမှာတော့ ပြာယီးပြာယာနဲ့ပြန်လာပြီး သူ့အစ်ကိုကြီးကို တိုးတိုးလေးကပ်ပြောခဲ့တယ်..

"ကျွန်..တော်..တို့ ဂေါ်ပြားကို.. သူခိုးခိုးသွားပြီ..အစ်ကိုကြီးရေ..."

တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ပုံပြင်ထဲက ညီငယ်နဲ့အလားတူစွာပဲ နှစ်ကိုယ်ကြားပြောသင့်တဲ့စကားဖြစ်ပါရက်နဲ့ အများသူငါကို ချပြတတ်သလိုမျိုး မိမိရဲ့ လျှို့ဝှက်အပ်တဲ့အတွင်းရေးကိစ္စတွေကို လူမှုကွန်ယက်မှာတင်ပြီး ဗျိုးဟစ်တတ်ကြပြန်တယ်..။ အဲဒီလို ဗျိုးဟစ်ကြတဲ့အခါ သူခိုးနဲ့တူတဲ့ မိမိကို ဒုက္ခပေးချင်၊ ချောက်ချခြင်သူတွေဟာ မိမိရဲ့ ဂေါ်ပြားနဲ့တူတဲ့ အရှက်သိက္ခာကို ခိုးယူဖျက်ဆီးသွားကြလိမ့်မယ်လို့ဆိုတယ်..။ မိမိရဲ့ လျှို့ဝှက်အပ်တဲ့ စကား၊ ဓါတ်ပုံတွေဟာ. နာရီပိုင်း၊ ရက်ပိုင်းနဲ့ လူမှုကွန်ယက်မှာ လွယ်လွယ်လေးပဲ ပြန့်သွားတတ်တာကို သတိပြုသင့်တယ်..။

Original Phyo Thuta


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths