Wednesday, October 26, 2016

အဓိပ္ပာယ်ရှိတဲ့ဘဝ



ဘဝကိုအဓိပ္ပါယ်ရှိစွာ ဖြတ်သန်းတယ်ဆိုတာက 
ကိုယ့်လုပ်နေတဲ့အရာတွေက ကိုယ့်ဘ၀အတွက် 
အဓိပ္ပါယ်ရှိနေတယ်လို့ စိတ်မှာယုံကြည်နေတာပါ။ 
ကိုယ်လုပ်နေတဲ့အရာတွေက ကိုယ့်ဘ၀အတွက်
 ကျေနပ်ပျော်ရွှင်မှုကို ပေးနေတယ်၊ ကိုယ်ဟာ 
ဘ၀မှာ နေပျော်တယ်လို့ ခံစားမိနေတယ်၊ ကိုယ့်ဘဝ
အတွက် မကျေနပ်မှုတစ်စုံတရာမဖြစ်နေဘူးဆိုရင်
 ဘ၀ကို အဓိပ္ပါယ်ရှိစွာဖြတ်သန်းနေတာပါ။ အဲ့ဒီလို
 ဘ၀ကို အဓိပ္ပါယ်ရှိစွာဖြတ်သန်းနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်
 သုံးသပ်နိုင်ဖို့ လိုပါတယ်။ ငါက အဓိပ္ပါယ်မရှိတဲ့အရာတွေ 
လုပ်ရင်း ဘ၀ကို ဖြတ်သန်းနေလား အဓိပ္ပါယ်ရှိတဲ့အရာ
 တွေလုပ်ရင်း ဘ၀ကို ဖြတ်သန်းနေလားဆိုတာ စဉ်းစား
သုံးသပ်ပါ။ တခါတရံမှာ လူတွေက ပိုက်ဆံတွေရှိနေလို့
 အောင်မြင်မှုတွေရနေလို့ ဘ၀မှာ ပျော်ရွှင်ရမယ်၊ ဘ၀က
 အဓိပ္ပါယ်ရှိနေမယ်လို့ ထင်မြင်မိတတ်ပါတယ်။ ပိုက်ဆံတွေ
 ရှိနေလို့ အောင်မြင်မှုတွေ ရနေလို့လဲ ဘ၀က ပျော်ရွှင်ရမယ်
လို့ မထင်လိုက်ပါနဲ့။ ပျော်ရွှင်မှုဆိုတာ စိတ်အတွင်းထဲက 
လာတဲ့အရာပါ။ အဲ့ဒီစိတ်အတွင်းထဲက လာတဲ့စစ်မှန်တဲ့
 ပျော်ရွှင်ခြင်းကို ရှာဖွေနိုင်ဖို့ပဲ လိုပါတယ်။

ရွှေရသော်(BeeTalk)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths