Sunday, September 4, 2016

အလုပ်ရှင်ဆီသို့စာတစ်စောင်



ဝန်ထမ်းဆိုတာ ပိုက်ဆံတစ်ခုထဲကြောင့်လူကြီးမင်း

အလုပ်မှာလုပ်နေတာ မဟုတ်ပါဘူး။ လစာ

ကောင်းကောင်းပေးထားရုံနဲ့ တာဝန်ကျေပြီလို့

မယူဆပါနဲ့လား။

ထူးထူးချွန်ချွန်လေးတွေလုပ်တဲ့အခါ လူကြားထဲ

မချီးကျူးရင်တောင် အသိအမှတ်တော့ပြုပေးပါ။

ကျွန်တော်တို့အပေါ်ဂရုတစိုက်ရှိတာကို ကျွန်တော်

တို့သဘောကျပါတယ်။ အမြဲတမ်းဂရုမစိုက်နိုင်ရင်

တောင်တစ်ခါတစ်လေတော့ ပြုံးပြပေးပါ။ ကျွန်တော်

တို့အရေးပါနေတယ်ဆိုတာလေး သတိထားမိအောင်

ပါ။

အရေးတယူနဲ့ မွေးနေ့ကိတ်လုပ်ပေးတဲ့အခါ အရမ်း

ဝမ်းသာရပါတယ်။တစ်ခါတစ်လေ အလုပ်ထွက်ချင်

တာ ပိုက်ဆံကြောင့်မဟုတ်ပါဘူး။ အပစ်ပယ်ခံရလို့

လည်းဖြစ်နိုင်ပါတယ်။လုပ်ဖော်ကိုင်ဖက်တွေကြောင့်

လည်းဖြစ်နိုင်ပါတယ်။မတန်တဆခိုင်းထားတာတွေ

ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အထက်ကို တင်ပြနေတာတွေနဲ့ပဲ အချိန်ကုန်မနေ

ပါနဲ့။တစ်ခါတစ်လေတော့လည်း အောက်ကဝန်ထမ်း

တွေတစ်ယောက်နဲ့ တစ်ယောက်သင့်မြတ်ရဲ့လား 

ပြန်ကြည့်ပေးပါအုံး။

တစ်ခါတစ်လေတော့လည်း အကောင်းဆုံးတွေလုပ်

ဆောင်ပြီးတဲ့အခါ အကောင်းဆုံးလေးတွေ ပြန်ရချင်

မိပါတယ်။

ခေါင်းဆောင်ကောင်းအတွက် အသက်ပေးရဲတဲ့နောက်

လိုက်တွေရှိပေမယ့် မကောင်းတဲ့ခေါင်းဆောင်အတွက်

တော့ ခြင်တောင်အကိုက်မခံချင်ကြပါဘူး။

ကိုယ့်အတွက် ရွပ်ရွပ်ချွံချွံတိုက်ပေးနေကြ စစ်သားတွေ

စိတ်မပါတော့ရင် အဲ့ဒီတိုက်ပွဲက ရှုံးဖို့များလာပြီဆိုတာ

သတိရစေချင်ပါတယ်။

ဝန်ထမ်းဘဝအဖြစ်အပျက်များကို

Credit- မိုးရှင်း


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths