Thursday, October 13, 2016

အစြမ္းထက္ေသာသစၥာလက္နက္

အစြမ္းထက္ေသာ သစၥာ လက္နက္

ေရွးအခါက ခ်ဳံႏြယ္ ပိတ္ေပါင္းတို႔ျဖင့္ ဝိုင္းရံထားေသာ ေရအိုင္ႀကီး တစ္အိုင္ရွိသည္။ ထိုအိုင္တြင္ ငါးရံ့ႀကီး တစ္ေကာင္သည္ မင္းျပဳၿပီး ငါးအေပါင္း ၿခံရံကာ ေနထိုင္သည္။ ငါးရံ့ဆိုသည္မွာ မ်ိဳးတူငါးမ်ားအား စားေသာက္တတ္ေသာ္လည္း ငါးရံ့မင္းသည္ မည္သည့္ငါးကိုမွ မသတ္စားသျဖင့္ ငါးမ်ားကလည္း ခ်စ္ခင္ၾကသည္။

တစ္ႏွစ္တြင္ မိုးေခါင္သျဖင့္ အင္းအိုင္တို႔ ခမ္းေျခာက္ကုန္သည္။ ငါးရံ့မင္း ေနထိုင္ေသာ ကန္သည္လည္း ေရခမ္းေလသည္။ ငါးအေပါင္းသည္ ရႊံ့ႏြံမ်ားအၾကား တိုးဝင္ကာ အသက္ရွင္သန္ရန္ ေၾကာက္လန႔္တၾကား ႀကိဳးပမ္းၾကရသည္။ က်ီးႏွင့္ သားစားငွက္ အေပါင္းသည္ ငါးမ်ားအား ထိုးသုတ္ စားေသာက္ၾကကုန္သည္။

ငါးရံ့မင္းသည္ မိမိ၏ ေဆြမ်ိဳးငါးအေပါင္းတို႔ အတိဒုကၡေရာက္ေနၾကသည္ကို ၾကည့္ၿပီး စိတ္ေရာ၊ ကိုယ္ပါ ႏြမ္းနယ္ေနေတာ့သည္။ ငါးရံ့မင္းသည္ မိမိတြင္ သစၥာမွတပါး အျခား အားကိုးအားထားျပဳစရာ မရွိၿပီဟု ေတြးမိကာ "ငါသည္ အသားစားငါးမ်ိဳးျဖစ္ပါေသာ္လည္း မည္သည့္ငါးကိုမွ မစားမေသာက္ခဲ့ေခ်။ ဤမွန္ေသာ သစၥာစကားေၾကာင့္ မိုးရြာၿပီး ငါႏွင့္ ငါ၏ေဆြမ်ိဳးတို႔ ဆင္းရဲဒုကၡမွ လြတ္ေစသတည္း။" ဟု ပဇၨဳန္နတ္မင္းအား တိုင္တည္ၿပီး သစၥာျပဳသည္။ ငါးရံ့မင္း၏ မွန္ကန္ေသာ သစၥာအာႏုေဘာ္ေၾကာင့္ ပဇၨဳန္နတ္မင္းလည္း မေနသာေတာ့ဘဲ ႀကီးစြာေသာမိုးကို ရြာေစသည္။ ေရကိုမွီၿပီး ရွင္သန္ရေသာ သတၱဝါ အေပါင္းတို႔သည္ အသက္ခ်မ္းသာရာ ရေလသည္။

သစၥာလက္နက္သည္ စြမ္းသည္ဟု အႀကိမ္ႀကိမ္ ဖတ္ရွု မွတ္သားဖူးၾကသည္။ သို႔ေသာ္ တကယ့္လက္ေတြ႕ ေဘးၾကပ္နံၾကပ္ အေျခအေနမ်ိဳး ေတြ႕ၾကဳံသည့္အခါ သစၥာျပဳစရာ မရွိ ျဖစ္တတ္ၾကသည္။ သစၥာျပဳ တိုင္တန္နိုင္ရန္ ေစာင့္ထိန္းနိုင္ေသာ (သို႔မဟုတ္) ျပဳလုပ္နိုင္ေသာ အေၾကာင္းတစ္ရပ္ကို ယေန႔မွစၿပီး မည္သူမဆို ေစာင့္ထိန္းက်င့္ႀကံျခင္းျဖင့္ သစၥာ လက္နက္ကို စတင္တည္ေဆာက္နိုင္သည္။ ဥပမာအားျဖင့္ ေစာင့္ထိန္းရာတြင္ ယေန႔မွစၿပီး မည္သည့္သတၱဝါမွ မသတ္ျဖတ္ျခင္း (သို႔မဟုတ္) ေျခေလးေခ်ာင္းရွိေသာ မည္သည့္သတၱဝါမွ မသတ္ျဖတ္ျခင္း အစရွိသျဖင့္ ေစာင့္ထိန္းလိုေသာ ကံတစ္ခုကို တိတိက်က် ေစာင့္ထိန္းကာ သစၥာ လက္နက္ တစ္ခု တည္ေဆာက္နိုင္သည္။

ျပဳလုပ္နိုင္ေသာအရာမ်ားမွ ယေန႔မွစၿပီး လစဥ္ ဆီ တစ္ပိႆာလွူဒါန္းမည္ (သို႔မဟုတ္) ယေန႔မွစၿပီး ညအိပ္ယာမဝင္ခင္ မိဘအား အရိုအေသျပဳ ရွိခိုးၿပီးမွ အိပ္မည္ဟု စိတ္ပိုင္းျဖတ္ကာ တိတိက်က် ျပဳလုပ္ျခင္းျဖင့္ အစြမ္းထက္လွေသာ သစၥာ လက္နက္ကို တည္ေဆာက္နိုင္ေပသည္။ သစၥာ လက္နက္၏ အစြမ္းကို ေကာင္းေသာေနရာမ်ားတြင္သာ အသုံးျပဳရင္း ဆင္းရဲ ဒုကၡအေပါင္းမွ လြတ္ေျမာက္နိုင္ေစရန္ ရည္ရြယ္ၿပီး ငါးရာ့ငါးဆယ္ ဇာတ္နိပါတ္ေတာ္လာ မစၧဇာတ္ေတာ္ကို ယခုအပတ္အတြက္ ေဖာ္ျပေပးလိုက္ပါသည္။

ခ်မ္းေျမ့ (ရိုးရာေလး)
http://yoyarlay.com/knowledge/religious/667-2016-09-30-08-44-27

#stacy_yyl
#religious_yyl

(Unicode version)
အစွမ်းထက်သော သစ္စာ လက်နက်

ရှေးအခါက ချုံနွယ် ပိတ်ပေါင်းတို့ဖြင့် ဝိုင်းရံထားသော ရေအိုင်ကြီး တစ်အိုင်ရှိသည်။ ထိုအိုင်တွင် ငါးရံ့ကြီး တစ်ကောင်သည် မင်းပြုပြီး ငါးအပေါင်း ခြံရံကာ နေထိုင်သည်။ ငါးရံ့ဆိုသည်မှာ မျိုးတူငါးများအား စားသောက်တတ်သော်လည်း ငါးရံ့မင်းသည် မည်သည့်ငါးကိုမှ မသတ်စားသဖြင့် ငါးများကလည်း ချစ်ခင်ကြသည်။

တစ်နှစ်တွင် မိုးခေါင်သဖြင့် အင်းအိုင်တို့ ခမ်းခြောက်ကုန်သည်။ ငါးရံ့မင်း နေထိုင်သော ကန်သည်လည်း ရေခမ်းလေသည်။ ငါးအပေါင်းသည် ရွှံ့နွံများအကြား တိုးဝင်ကာ အသက်ရှင်သန်ရန် ကြောက်လန့်တကြား ကြိုးပမ်းကြရသည်။ ကျီးနှင့် သားစားငှက် အပေါင်းသည် ငါးများအား ထိုးသုတ် စားသောက်ကြကုန်သည်။

ငါးရံ့မင်းသည် မိမိ၏ ဆွေမျိုးငါးအပေါင်းတို့ အတိဒုက္ခရောက်နေကြသည်ကို ကြည့်ပြီး စိတ်ရော၊ ကိုယ်ပါ နွမ်းနယ်နေတော့သည်။ ငါးရံ့မင်းသည် မိမိတွင် သစ္စာမှတပါး အခြား အားကိုးအားထားပြုစရာ မရှိပြီဟု တွေးမိကာ "ငါသည် အသားစားငါးမျိုးဖြစ်ပါသော်လည်း မည်သည့်ငါးကိုမှ မစားမသောက်ခဲ့ချေ။ ဤမှန်သော သစ္စာစကားကြောင့် မိုးရွာပြီး ငါနှင့် ငါ၏ဆွေမျိုးတို့ ဆင်းရဲဒုက္ခမှ လွတ်စေသတည်း။" ဟု ပဇ္ဇုန်နတ်မင်းအား တိုင်တည်ပြီး သစ္စာပြုသည်။ ငါးရံ့မင်း၏ မှန်ကန်သော သစ္စာအာနုဘော်ကြောင့် ပဇ္ဇုန်နတ်မင်းလည်း မနေသာတော့ဘဲ ကြီးစွာသောမိုးကို ရွာစေသည်။ ရေကိုမှီပြီး ရှင်သန်ရသော သတ္တဝါ အပေါင်းတို့သည် အသက်ချမ်းသာရာ ရလေသည်။

သစ္စာလက်နက်သည် စွမ်းသည်ဟု အကြိမ်ကြိမ် ဖတ်ရှု မှတ်သားဖူးကြသည်။ သို့သော် တကယ့်လက်တွေ့ ဘေးကြပ်နံကြပ် အခြေအနေမျိုး တွေ့ကြုံသည့်အခါ သစ္စာပြုစရာ မရှိ ဖြစ်တတ်ကြသည်။ သစ္စာပြု တိုင်တန်နိုင်ရန် စောင့်ထိန်းနိုင်သော (သို့မဟုတ်) ပြုလုပ်နိုင်သော အကြောင်းတစ်ရပ်ကို ယနေ့မှစပြီး မည်သူမဆို စောင့်ထိန်းကျင့်ကြံခြင်းဖြင့် သစ္စာ လက်နက်ကို စတင်တည်ဆောက်နိုင်သည်။ ဥပမာအားဖြင့် စောင့်ထိန်းရာတွင် ယနေ့မှစပြီး မည်သည့်သတ္တဝါမှ မသတ်ဖြတ်ခြင်း (သို့မဟုတ်) ခြေလေးချောင်းရှိသော မည်သည့်သတ္တဝါမှ မသတ်ဖြတ်ခြင်း အစရှိသဖြင့် စောင့်ထိန်းလိုသော ကံတစ်ခုကို တိတိကျကျ စောင့်ထိန်းကာ သစ္စာ လက်နက် တစ်ခု တည်ဆောက်နိုင်သည်။

ပြုလုပ်နိုင်သောအရာများမှ ယနေ့မှစပြီး လစဉ် ဆီ တစ်ပိဿာလှူဒါန်းမည် (သို့မဟုတ်) ယနေ့မှစပြီး ညအိပ်ယာမဝင်ခင် မိဘအား အရိုအသေပြု ရှိခိုးပြီးမှ အိပ်မည်ဟု စိတ်ပိုင်းဖြတ်ကာ တိတိကျကျ ပြုလုပ်ခြင်းဖြင့် အစွမ်းထက်လှသော သစ္စာ လက်နက်ကို တည်ဆောက်နိုင်ပေသည်။ သစ္စာ လက်နက်၏ အစွမ်းကို ကောင်းသောနေရာများတွင်သာ အသုံးပြုရင်း ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်စေရန် ရည်ရွယ်ပြီး ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်လာ မစ္ဆဇာတ်တော်ကို ယခုအပတ်အတွက် ဖော်ပြပေးလိုက်ပါသည်။

ချမ်းမြေ့ (ရိုးရာလေး)


ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths