Tuesday, October 18, 2016

နောက်မကျဘူး

နောက်မကျဘူး
--------------------

အကယ်၍ လူတစ်ယောက်ဟာ အသက် ၂၂ နှစ်မှာ ဘွဲ့ရပေမယ့် အလုပ်ကို ၅ နှစ်ရှာရတယ်။ နောက် တစ်ယောက်ကတော့ အသက် ၂၇ နှစ်မှာ ဘွဲ့ရပြီးတော့ အလုပ်တန်းရတယ် ဆိုရင် ဒီ ၂ ယောက် ဘာကွာလို့လဲ။

နောက်တစ်ခါ လူတစ်ယောက်ဟာ အသက် ၂၅ နှစ်မှာ ကုမ္ပဏီပိုင်ရှင် ဖြစ်ပြီးတော့ အသက် ၅၀ မှာ သေတယ်။ နောက်တစ်ယောက် ကျတော့ အသက် ၅၀ မှာ ကုမ္ပဏီ ပိုင်ရှင်ဖြစ်ပြီးတော့ အသက် ၉၀ ထိ နေသွားရတယ်။ ဘာကွာလို့လဲ။

အိမ်ထောင်စောစောကျပြီး ကလေးနောက်ကျမှယူတဲ့သူနဲ့ အိမ်ထောင် ကျတာ နောက်ကျပြီး ကလေးမြန်မြန်ယူတဲ့သူ သိပ်ကွာလွန်းတယ် မထင်ပါနဲ့။ ဘဝရဲ့ ဘယ်အချိန်မှာ မဆို အိပ်မက် မက်ခွင့်ရှိတယ်။ ဟိုးတုန်းက လူတစ်ယောက် ရှိခဲ့ ဖူးတယ်။

၅ နှစ်အရွယ်မှာ အဖေဆုံးတယ်။ ၁၃ နှစ်အရွယ်မှာ အိမ်က ထွက်ပြေး တယ်။ အသက် ၁၆ နှစ်မှာ ကျောင်းထွက်လိုက် တယ်။ အသက် ၁၇ မှာ အလုပ် ၄ ခု ပြောင်းပြီးနေပြီ။ အသက် ၁၈ မှာ အိမ်ထောင် ကျတယ်။

အသက် ၁၈ နှစ်မှာ ရထားမောင်းခဲ့ပေမယ့် သိပ်အဆင်မပြေ။ အသက် ၁၉ မှာ ကလေးအဖေဖြစ်တယ်။ အသက် ၂၀ မှာ သမီးနဲ့မိန်းမက သူ့ကို ထားသွားတယ်။ အသက် ၂၂ မှာ မီးရထားမောင်းတဲ့အလုပ်ကို ဆက်မလုပ်တော့။

စစ်ထဲဝင်တယ်။ အဆင်မပြေ။ ဥပဒေကျောင်း တက်ချင် တယ်။ မရ။သူ့သမီးကို မိန်းမဆီက ပြန်ခိုးဖို့လုပ်တယ်။ မအောင်မြင်။ နောက်ဆုံး ကော်ဖီဆိုင်လေးတစ်ခုမှာ ပန်းကန်ဆေး၊ စားဖိုမှူး လုပ်ရင်း အသက် ၆၅ နှစ်မှာ ပင်စင်ယူတယ်။

ပထမဆုံးပင်စင်လစာ ၁၀၅ $ အစိုးရဆီက ထောက်ပံ့ငွေ ရတော့ သူ့ဘဝကြီးကိုသူ အကြီးအကျယ် စိတ်ပျက်မိတယ်။ အစိုးရကတောင် သူ့ကို ထောက်ပံ့နေရပါလားလို့ အတွေး တွေ ဝင်လာတယ်။ ကိုယ့် ကိုယ် ကို သတ်သေချင် စိတ်က ထိန်းမရအောင် ပြင်းထန်လာပြီး သတ်သေမယ် လုပ်တယ်။

သတ်သေဖို့ကြိုးစားတာတောင် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာနောက်ဆုံး မအောင်မြင်ခြင်းပဲ။ သေတမ်းစာရေးရင်းနဲ့ အသိ တရား ရသွားခဲ့တယ်။ ဘဝမှာ သူမလုပ်ခဲ့ရသေးတဲ့အရာတွေ ကို တန်းစီ ချရေးရင်း နဲ့ အသိတရားရခဲ့တယ်။

သူသေလို့မဖြစ်သေးဘူး။ သူအကျွမ်းကျင်ဆုံး အလုပ်တစ်ခု ရှိတယ်။ စားဖိုမှူး အလုပ်ပဲ။ သူဟာ ဒီ အလုပ်ကို လုပ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

သူ့ပင်စင်ငွေထဲက ၈၇ $ ထုတ်ပြီးတော့ ကြက်ကြော် စကြော်တယ်။ သူနေထိုင်တဲ့ ကန်တက်ကီ နယ်တဝိုက်က အိမ်နီးချင်းတွေကို လိုက် ရောင်းတယ်။ သူဟာ နောင် တစ်ချိန်မှာ KFC ကြက်ကြော်ဆိုင် ပိုင်ရှင်ကြီး ကာနယ် ဟားလန်းဒ် ဒေးဗစ်ဒ် ဆန်ဒါ ဆိုတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ် ဖြစ်လာမယ်ဆိုတာကို အဲ့ဒီ အချိန်အခါ က ဘယ်သူ သိလိမ့် မလဲ။

အသက် ၆၅ နှစ်မှာ သတ်သေတော့မယ့် လူတစ်ယောက် ဟာ ဒေါ်လာ ၈၇ ရင်းပြီးတော့ အလုပ်ကို ဇောက်ချလုပ်လာ လိုက်တာ အသက် ၈၈ နှစ်အရွယ်မှာ Kentucky Fried Chicken ဆိုတဲ့ ဘီလျံနဲ့ချီပြီး ငွေဝင်နေတဲ့ အင်ပါယာကြီးကို ထူထောင်ခဲ့တဲ့ သူဌေး တစ်ယောက် ဖြစ်နေပြီ။

ဒါ့ကြောင့် သူများတွေက ဖြစ်နိုင်ပြီးတော့ ငါက မဖြစ်နိုင် ဘူးလို့ စိတ်ဓာတ် ကျမနေစမ်းပါနဲ့။ ကိုယ့်စံချိန်နဲ့ကိုယ် သွားနေကြတာ။ နောက်ကျတိုင်းသာ စိတ်ဓာတ်ကျကြေး ဆိုရင် မြန်မာနိုင်ငံ စံတော်ချိန်ထက် ၁၂ နာရီ နီးနီး နောက် ကျတဲ့ အမေရိကန်တွေ တိုင်နဲ့ခေါင်း ပြေးဆောင့်ဖို့ပဲ ရှိတော့တယ်။

ကိုးကား - Colonel Sanders Boigraphy

#kyawnge


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths