Thursday, October 20, 2016

ရေယာဉ် ၊ရှပ်ပြေးစီးတော့မည်ဆိုလျှင်

ညီအစ်ကိုမောင်နှမများထံသို့
*********************

ရေယာဉ် (ရှပ်ပြေး)စီးမည်ဆိုလျှင်

၁။ အိမ်သာ ကိုအရင်သွားကြည့်ပါ။ အိမ်သာအများစုသည် သံများဖြင့်ပြုလုပ်ထားသည့်အတွက်သံချေးတက်၍ ဆွေးနေတတ်သည်။ အိမ်သာသည် ရေဒလက်ပန်ကာ၏ အပေါ်တွင်ရှိသောကြောင့်အခန့်မသင့် ပြုတ်ကျပါက အရိုးအသား တစ်ခြားစီဖြစ်သွားနိုင်သည်။ ထို့ကြောင့်ရေယာဉ်မထွက်ခွာမီ အိမ်သာကို အရင်စစ်ဆေးထားပါ။ အိမ်သာတက်သွားလျင်လည်း ကျား/မ မရွေး အဖော်ခေါ်သွားပါ။ အိမ်သာအပေါက်ကို စေ့ရုံစေ့ထားပြီး ဘေးသံဖရိန်ကို လက်တစ်ဖက်ဖြင့် သတိထားကိုင်ကြပါ။

၂။ ရေသန့်ဘူးအလတ် (၂လီတာဘူး)နှစ်ဘူးကို ရေမထည့်ဘဲ ဘူးခွံသက်သက် ဆောင်ထားပါ။ ထိုနှစ်ဘူးသည် လူတစ်ယောက်ကို ရေပေါ် တွင် ကောင်းစွာပေါ်စေနိုင်ပါသည်။

၃။ မိမိကိုယ်ပေါ်တွင် ပိုက်ဆံအိတ်မှအပ မည်သည့်အပိုပစ္စည်းမျှမထားပါနှင့်။

၎။ ရေယာဉ်ပေါ်တွင် အသက်ကယ်အင်္ကျီ မရှိပါကတောင်းယူထားပါ။ ခရီးသွားတစ်ယောက်၏ အခွင့်အရေးဖြစ်သည်။ ရအောင်တောင်းပါ။ ချင်းတွင်းလိုင်းရှိ ရေယာဉ်အားလုံးလိုလိုတွင် အသက်ကယ်အကီင်္ျီ မပါပါ။ ပလတ်စတစ်ပုံးဝါကြီးများ ပါတတ်၏။ ဆလင်ခန်းသို့သွားရောက်တောင်းယူပါ။

၅။ ဘေးထွက်ပေါက်များကိုသေချာစွာ ကြည့်ရှုမှတ်သားထားပါ။

၆။ အကယ်၍မော်တော်တိမ်းမှောက်ပါက လုံးဝပျာယာမခတ်ပါနှင့်။  အသက်ကို ဗိုက်ဖောင်းအောင် သတိနှင့်ရှူပါ။ မခိုက်မိအောင် တစ်ခုခုကို သတိဖြင့်မြဲမြံစွာကိုင်ပါ။ ခိုက်မိပါက သတိမေ့မည်စိုး၍ မခိုက်မိအောင်ကြိုးစားရမည်။ မိမိဝမ်းဗိုက်အတွင်းရှိလေသည် မိမိခန္ဓာ တစ်ခုကိုရေပေါ်တွင်ကောင်းစွာပေါလော ပေါ်စေပါသည်။ ရေမကူးတတ်ပါကလည်းလုံးဝပျာယာမခတ်ပါနှင့်။ ရေပေါ်တွင် ပက်လက်အနေထားနှင့်ရောက်အောင်ကြိုးစားပါ။ သင့်ဝမ်းဗိုက်လေပြည့်နေလျှင် ပက်လက်အနေအထားဖြင့်ငြိမ်သက်စွာနေပါက သင့်ဦးခေါင်းသည် ရေအောက်သို့ လုံးဝမနစ်မြုပ်ပါ။ (ရေရှင်တွင်စမ်းသပ်နိုင်ပါသည်။)ပက်လက်အနေအထားတွင် ဦးခေါင်းသည် ရေစုန်တွင်ရှိနေစေရမည်။ ပါးစပ်ဖြင့်လေကိုရှူရမည်။

၇။ မော်တော်မြုပ်အားသည် ကျန်အရာများကိုဆွဲချတတ်သည်ကိုသတိပြုပါ။ အကယ်၍ ဆွဲစုပ်ခြင်းခံရပါက မော်တော်အားခြေဖြင့်စုံကန်၍သတိကြီးစွာပြန်တက်ပါ။ လုံးဝပျာယာမခတ်ပါနှင့်။

ကျွန်တော် လေ့လာမိသမျှ ပြန်လည်မျှဝေခြင်းမျှသာ ဖြစ်သည်။ ချင်းတွင်းမြစ်ကြောင်းသည် ဧရာဝတီထက်ပို၍ ဝဲပိုပေါသည်။ မြစ်ကြောင်းကျဉ်းသည်။ အထက်မှာ ပေ ၊ အောက်မှာ ရွှေ (ရွှေစာရေးဝဲ)၊ အလယ် ဝက်သိုက် မျက်ဖြူစိုက် ဟူ၍ ဆိုရိုးစကားရှိသည်။ ဧရာဝတီမြစ်သည် ချင်းတွင်းမြစ်ထက်ပို၍ မြစ်ကြောင်းကျယ်ပြီးလှိုင်းပိုကြီးသည်။ အားသာချက်မှာ ဧရာဝတီမြစ်အတွင်းမှ အမြန်ယာဉ်များသည် အသက်ကယ်အင်္ကျီ လုံလောက်စွာပါသည်။ အစစ အရာရာ သတိရှိကြပါကုန်။
Photo #Credit

Cd- Original


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths