Thursday, October 27, 2016

မထင်မှတ်ပဲမြေးအရင်းနဲ့လက်ထပ်မိတဲ့မီလျံနာ သူဌေး





အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က အသက် ၆၈ နှစ်အရွယ် မီလီယံနာတစ်ဦးဟာ လွန်ခဲ့တဲ့ ၃ လခန့်က အသက် ၂၄ နှစ်အရွယ် ကောင်မလေးတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ အဖြစ်အပျက်အချို့ကို မသိခင်အထိ သူတို့ဟာ လင်မယားအဖြစ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြတာပါ။ တစ်နေ့မှာ သူတို့နှစ်ဦးဟာ ဓါတ်ပုံဟောင်းတွေကို အပြန်အလှန်ပြသကြည့်ရှု့ကြရင်းနဲ့မှ အမျိုးသားပြတဲ့ ဓါတ်ပုံဟောင်းထဲမှာ ကောင်မလေးဟာ သူမရဲ့အဖေပုံကို အမှတ်မထင်တွေ့ရှိခဲ့ပြီး မေးမြန်းရာမှာ ကောင်မလေးရဲ့ အဖေဟာ အမျိုးသားရဲ့ ပထမအိမ်ထောင်မှ မွေးသောအကြီးဆုံးသား ဖြစ်တယ်ဆိုတာကို အံ့သြဖွယ် သိရှိခဲ့ကြရတာပါ။ 

သူတို့ဟာ လက်မထပ်ခင်က ဒီအကြောင်းကို မသိရှိခဲ့ပဲ အမျိုးသားဟာ ကောင်မလေးနဲ့မတိုင်ခင်က အိမ်ထောင် ၂ ဆက် ကျခဲ့ပါသေးတယ်။ ဒီဖြစ်ရပ်ကြောင့် သူတို့ဟာ ကွာရှင်းပြတ်ဆဲသွားမှာ မဟုတ်ပဲ၊ ဘ၀ရဲ့ တစ်ဦးနဲ့တစ်ဦး မတူညီသော ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်တွေအပေါ် လက်ခံသွားမှာပါလို့ ပြောကြားခဲ့ပါတယ်။ သတင်းတွေမှာတော့ သူတို့ရဲ့ဓါတ်ပုံတွေကို ဖော်ပြထားခြင်း မရှိပါဘူး။

Ref: indiatoday


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths