တစ်နေ့ ဆေးလိပ် အလိပ် ၄၀ ဆိုတာ ပုံမှန်သောက်နေကျသူတွေတောင် သောက်လေ့မရှိတဲ့ အတိုင်းအတာပါ။ ဒါကို ၂နှစ်သား ကလေးငယ်တစ်ယောက်က သောက်နိုင်တယ် ဆိုတာဟာ အံသြဖို့ထက် အတော်ဆိုးရွားတဲ့အဖြစ်ပါ။
သူ့နာမည်က Ardi Rizal ဖြစ်ပြီး အင်ဒိုနီးရှားကပါ။ အသက် ၁နှစ်ခွဲအရွယ်မှာ ဆေးလိပ်စသောက်ခဲ့ပါတယ်။ သူ့ရဲ့အဖေဖြစ်သူက သားဖြစ်သူကို အပျော်သဘောနဲ့ ဆေးလိပ်စတိုက်ခဲ့တာပါ။ အဲဒီက စလို့ မကြာခဏ စသလို သောက်ခိုင်းရင်း Ardi ဆေးလိပ်စွဲသွားခဲ့ပြီး ၂နှစ်အရွယ်မှာ တစ်နေ့ကို အလိပ် ၄၀ လောက် သောက်နိုင်တဲ့အထိဖြစ်သွားခဲ့ပါတယ်။ မိဘတွေက တားရကောင်းမှန်းမသိပဲ တတ်လိုက်တဲ့ကလေးဆိုပြီး ဝမ်းတောင်သာနေကြပါသေးတယ်။
အလွန်အကျွံဖြစ်လာတဲ့အခါမှာတော့ ဆေးလိပ်ဖြတ်ဖို့ ဆရာဝန်တွေနဲ့ ကြိုးစားကြပါတယ်။ ဒါပေမယ့်ဆေးလိပ်မသောက်ရရင် အစားအသောက်တောင် မစားတော့တာကြောင့် ဒီအတိုင်းကြည့်နေလိုက်ကြပါတယ်။
တဖြည်းဖြည်းနဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ခန္ဓာကိုယ်အလေးချိန်တိုးလာခဲ့ပြီး၊ စိတ်ကျခြင်း ၊ ကိုယ်လက်လှုပ်ရှားနိုင်စွမ်းနည်းလာခြင်းတို့ ဖြစ်လာတဲ့အခါမှာတော့ အထူးကြပ်မတ်ပြီးဆေးရုံကို တက်ရောက်ကုသခဲ့ပါတယ်။ ဒီအချိန်မှာ အသက် ၈နှစ် ရှိနေပါပြီ။
ဆေးလိပ်ပြတ်သွားပေမယ့် ကျန်တဲ့ရောဂါများကို ဆက်လက်ကုသခဲ့ရသေးပါတယ်။ အခုအသက် ၁၀ နှစ်အရွယ်မှာတော့ Ardi ဟာ ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဘဝကို ပြန်လည်ရရှိခဲ့ပါတော့တယ်။
တကယ်လို့များ မကုသခင် အသက်အန္တရာယ်ထိခိုက်ခဲ့ရင် မိဘတွေရင်ကျိုးကြရမှာဖြစ်ပါတယ်။ အခုလို ပြန်ကျန်းမာလာတာ ဟာ ဝမ်းသာဖို့ကောင်းပြီး အခြားမိဘတွေကလည်း ကိုယ်ကလေးကို ဒီလိုမျိုးမှားယွင်းတဲ့ အလေ့အကျင့်တွေကို အစမလုပ်ပေးဖို့ သတိပြုသင့်ပါတယ်။
Credit - Ayesay
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment