တချို့သော လူတွေဆီမှာ ထူးခြားတဲ့အကျင့်စရိုက်တွေနဲ့ စိတ်ကူး တွေ ရှိကြပါတယ်။ သာမန်ထက်ကို ထူးခြားလွန်းလို့ အံ့အားသင့်စ ရာကောင်းတာပါ။ သူတို့ကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေ၊ အသုံးအ ဆောင်တွေကို စုဆောင်းထားရတာက သူတို့တွေအတွက် တကယ့် ကို စိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းပါသတဲ့။ သူတို့တွေရဲ့ နှစ်အ တော်ကြာ စုဆောင်းလာခဲ့တဲ့ အရာတွေကလည်း များပြားလွန်းလှ ပါတယ်…..
၁။ Winne the Pooh ဇာတ်ကားထဲက ဝက်ဝံအရုပ်ကလေးကို စု ဆောင်းတဲ့ အမျိုးအသမီးက သူ့ရဲ့ ဝက်ဝံအရုပ်ပေါင်း ၁၁,၄၈၅ ရုပ်နဲ့ ၂၀၁၄ ခုနှစ်က စံချိန်တင် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
၂။ လမ်းအသုံးပြုတဲ့ ကတော့ချွန်လေးတွေကို စုဆောင်းတဲ့ ဗြိတိန် နိုင်ငံက အမျိုးသားဒေးဗစ်ကတော့ ဒီကတော့ချွန်လေးတွေကို ကြိုက်နှစ်သက်လို့စုဆောင်ထားတာပါတဲ့။ စုစုပေါင်း ၁၃၇ ခုရှိပြီး တော့ သုံးပုံနှစ်ပုံကတော့သူကိုယ်တိုင်ပြုလုပ်ထားတာပါတဲ့။
၃။ အော့အန်တဲ့အခါအသုံးပြုတဲ့ စက္ကူအိပ်ကလေးတွေကို စုဆောင်း တာဝါသနာပါတဲ့ နယ်သာလန်အမျိုးသားက နိုင်ငံပေါင်း ၂၀၀ နီးပါး ကို ခရီးသွားလာပြီးတော့ လေကြောင်းလိုင်း ထောင်ကျော်မှရရှိထား တဲ့ စက္ကူအိပ်ပေါင်း ၆ ထောင်ကျော်ကို စုဆောင်းထားတာ ပါတယ်။
၎။ အစားအစာ နမူနာ ပုံသဏ္ဍာန်လေးတွေကိုတော့ ဂျပန်နိုင်ငံက အမျိုးသမီးတစ်ဦးက စုဆောင်ထားပါတယ်။ ၂၀၁၄ ခုနှစ်က စံချိန် သစ်တင်ထားတဲ့ သူမရဲ့ စုဆောင်းမှုက စားစရာအရုပ်နမူနာပေါင်း ၈ ထောင်ကျော်ရှိနေတာဖြစ်ပါတယ်။
၅။ ထီးတွေရဲ့ ထီးအိတ်၊ အစွပ်တွေကို စုဆောင်းတဲ့ အမျိုသမီးက လည်း သူမရဲ့ ဒီပစ္စည်းပေါင်း ၇၃၀ နဲ့ ပြခန်းတစ်ခုတောင် ဖွင့်လှစ် ပြီးတော့ ပြသနိုင်ပါသတဲ့။
Credit: ဖိုးသူတော်
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment