ဒေါ်လာ ၁၈၅၀၀၀ တန်မြေကွက် နဲ့ ဘဏ်အကောင့်များစွာ
ပိုင်ဆိုင်ထားသူ ထူးထူးဆန်းဆန်း သူတောင်းစား ...
■ အိန္ဒိယက အသက် ၃၃ နှစ် အရွယ် Pappu Kumar ဆိုသူ သူတောင်းစား
တစ်ယောက်ဟာ အမေရိကန်ဒေါ်လာ ၇၅၀၀ ခန့်ရှိတဲ့ ဘဏ်အကောင့်များ ၊
၁၈၅၀၀၀ တန်မြေတစ်ကွက် ပိုင်ဆိုင်ထားကြောင်း ရဲတွေက ရှာဖွေ တွေ့ရှိခဲ့ကြ
ပါတယ်။ ဒီပမာဏဟာ ပုံမှန်လူတွေထက်တောင် ချမ်းသာနေပါတယ်။
လမ်းပေါ်မှာတောင်းနေတဲ့ သူ့ကို ရဲတွေက မသင်္ကာတဲ့အတွက် ရဲစခန်းကိုခေါ်ရာမှာ
သူဟာ လုံးဝမဖယ်ပါဘူး။ ရဲတွေ အတင်းဖယ်လိုက်တဲ့အခါမှာတော့ ဘဏ်အကောင့် ၊
မြေဝယ်ထားတဲ့ စာရွက်စာတမ်းတွေကို တွေ့ရှိရာက ဖုံးကွယ်ထားတဲ့ သူ့အကြောင်း
ပေါ်သွားပါတော့တယ်။ ဒါတွေအပြင် တကယ့် လုပ်ငန်းရှင်တွေကို ချေးထားတာက
လည်း ဒေါ်လာ ၁၅၀၀၀ ရှိပါသေးသတဲ့။
တကယ်တော့ Kumar ဟာ အစကတည်းက တောင်းရမ်းစားသောက်ခဲ့သူ
မဟုတ်ပါဘူး။ သူဟာ အထက်တန်းတက်ပြီးနောက် အင်ဂျင်နီယာကျောင်း
ဆက်တက်ဖို့ စိတ်ကူးခဲ့သူပါ။ အတန်းထဲက တော်တဲ့ ကျောင်းသားတွေထဲမှာလည်း
သူပါပါတယ်။ ဒါပေမယ့် အက်ဆီးဒင့်တစ်ခုကနေ သူ့လက်တစ်ဖက် အကြောသေ
သွားပြီးနောက် အဖေဖြစ်သူဟာလည်း ဆုံးပါးသွားတဲ့အတွက် ကျောင်းဆက်မတက်
နိုင်တော့ပါဘူး။ အလုပ်လုပ်ဖို့လည်း မဖြစ်နိုင်တဲ့အပြင် ကျန်ရစ်တဲ့မိသားစုကလည်း
သူ့ကို ပစ်ပယ်ခဲ့တဲ့အွက် သူဟာ တောင်းရမ်းဖို့ကို မရွေးချင်ပဲ ရွေးခဲ့ရပါတယ်။
နှစ်အနည်းငယ်အတွင်းမှာပဲ သူဟာ ငွေများများရနိုင်တဲ့ တောင်းရမ်းနည်းတွေကို
တွေ့ရှိပြီးတဲ့နောက်မှာ အခုလိုမျိုး ပိုက်ဆံများစွာကို ရလာခဲ့တာပဲ ဖြစ်ပါတယ်။
ရဲတွေက ဒီလောက်ပိုက်ဆံနဲ့ဆို ရောဂါကိုကုပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားဖို့ တိုက်တွန်းပေမယ့် Kumar က လက်မခံခဲ့ပါဘူး။ သူရောဂါကုလို့ ပုံမှန်လူ
ဖြစ်သွားခဲ့ရင် ဘယ်သူမှ သူ့ကို ပိုက်ဆံလာမပေးတော့ဘူး၊ ဒီအတွက် ရောဂါကို မကုဘဲ ဆက်တောင်းနေဦးမယ် လို့ ဆိုတဲ့အတွက် ရဲတွေလည်း လက်လျှော့ခဲ့ရပါတော့တယ်။
Credit - သုတဇုန်
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment