Saturday, January 7, 2017

နှလုံးသားချင်းစကားပြောကြပါလား







ရဟန္တာတစ်ပါးဟာ တပည့်တွေနဲ့အတူ ခရီးသွားရင်းလူတွေရှိကြတဲ့ မြစ်ဆိပ်ကမ်းနားကို ရောက်လာတယ်။အဲဒီနားက သစ်ပင်တစ်ပင်အောက်မှာ ခဏ
အနားယူနေလိုက်တယ်။မြစ်ကမ်းနားက အဝတ်လျှော်နေကြတဲ့ မိန်းမတွေ၊ရေချိုးနေကြတဲ့ ယောက်ျားတွေဟာအော်ဟစ်စကားပြောနေကြလို့ ဆူညံနေတယ်။

ရဟန္တာက သူ့တပည့်တွေကို ခုလို မေးလိုက်တယ်။ "သူတို့ကို ကြည့်လိုက်ကြစမ်း။ ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် အော်ကြီးဟစ်ကျယ် စကားပြောနေကြတာလဲ"တဲ့။တပည့်တွေလည်း အဖြေကို စဉ်းစားနေကြတယ်။ခဏကြာတော့ တပည့်တစ်ယောက်က ခုလိုဖြေလိုက်တယ်။ "အရှင်ဘုရား၊စိတ်ဆိုး
ဒေါသထွက်လို့ အော်ပြောနေကြတာပါ ဘုရား"။

ရဟန္တာက "အေးလေ၊ စိတ်ဆိုးဒေါသထွက်ရင်လည်းဒီလောက်အနားမှာ ကပ်နေတဲ့သူကို အကျယ်ကြီးအော်နေစရာမလိုပါဘူး။ တိုးတိုးပြောလည်း
ကြားရတာပါပဲ။ သူတို့ဘာကြောင့်အော်ပြောနေကြတာလဲ၊ သိကြလား"တပည့်တွေ မဖြေနိုင်ကြပဲ ငြိမ်နေကြလို့ ရဟန္တာကခုလို ဆက်ပြောတယ်။
"လူနှစ်ယောက် စကားကို အကျယ်ကြီး အော်ဟစ်ပြောနေကြပြီဆိုရင် အဲဒါ သူတို့ရဲ့ နှလုံးသားချင်းဝေးနေကြလို့ ပါ။ ဝေးနေတဲ့ နှလုံးသားချင်း ကြားဖို့ အကျယ်ကြီး အော်ပြောရတယ်။ ပိုဝေးတဲ့ နှလုံးသားတွေအတွက် ပိုပြီး ကျယ်ကျယ်ပြောရတယ်။

တကယ်လို့ လူ ၂ ယောက် သံယောဇဉ်ရှိနေကြရင်၊ချစ်ကြိုက်နေပြီဆိုရင် စကားကို တိုးတိုးလေး ပြောတတ်ကြတယ်။သူတို့ရဲ့ နှလုံးသားချင်း နီးနေလို့ပါ။ နှလုံးသားချင်း
ပူးကပ်မတတ်ချစ်ကြိုက်နေကြပြီဆိုရင်ဘာဖြစ်သွားသလဲ။စကားကိုတီးတိုးပြောရုံနဲ့ကြားနေရတယ်။ဒီထက်မက နှလုံးသားချင်းပိုနီးသွားရင်တီးတိုးစကားပြောစရာတောင်မလိုတော့ပဲတစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်တာနဲ့တစ်ယောက်ကဘာပြောချင်တယ်ဆိုတာကို သိနေကြပြီ"

ဒီတော့ကျွန်တော်တို့ နှလုံးသားချင်းစကားပြောလို့ရအောင်စကားကိုတိုးတိုးညင်ညင်သာသာလေး ပြောကြရအောင်လားစကားကို ဒေါသနဲ့အကျယ်ကြီး အော်ဟစ်ပြောလို့
နှလုံးသားနှစ်ခုဟာ အဝေးကြီး ဝေးကွာသွားကြရင်ဘယ်တော့မှ ပြန်လည်ပေါင်းစပ်မရတဲ့ အခြေအနေရောက်သွားနိုင်ပါတယ်ဆိုတာ သတိပေး ရေးသားရင်း.....

credit သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths