ကိုယ်ကမှန်သည်ဖြစ်စေမှားသည်ဖြစ်စေမိဘတွေကို ဒေါသတကြီး အော်ကြီးဟစ်ကျယ် ပြန်လာပြောဆိုရင်လက်ရှိ ပစ္စုန်ပ္ပန်ဘ၀မှာ ဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါးပါးသင့်တတ်တယ် ။
ဒဏ်ဆယ်ပါးက ဘာတွေလဲ.....
၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း
၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း
၃။ အနာရောဂါဖြစ်ခြင်း
၎။ ရူးသွပ်ခြင်း
၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း
၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း
၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း
၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း
၉။ နေအိမ်စသည့် မီးလောင်ခြင်း
၁၀။ ငရဲကျရောက်ခြင်း
ဒါကြောင့် ကိုယ်က မှန်နေတယ်ဆိုရင်တောင်မှမိဘတွေကို ဒေါသတကြီး အော်ဟစ်ကြီးကျယ်ပြန်လှန်မပြောဆိုသင့်ဘူးပေါ့ ။အကျိုးသင့် အကြောင်းသင့် နားဝင်အောင်
အေးအေးဆေးဆေးသာ ပြောရတယ် ။အကျိုးသင့် အကြောင်းသင့် ပြန်ပြောလို့မှ လက်မခံရင်လည်း သူတို့ကွယ်ရာကနေ ရှောင်ထွက်သွားလိုက်ပါ ။
မိဘတွေ စိတ်ဆိုးပြေလောက်မှ ဖြေးဖြေးခြင်းသူတို့ကို ပြန်ရှင်းပြလိုက်ပါ ။အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ ။လိုရာဆန္ဒမှန်သမျှ ပြည့်စုံနိုင်ကြပါစေ
သားလိမ္မာ သမီးလိမ္မာများ ဖြစ်နိုင်ကြပါစေခင်ဗျား
(မောဂ္ဂါလာနထေရ၀တ္ထု ဒဏ္ဍ၀ဂ်ဓမ္မ ပဒပါဋ္ဌိတော် အဋ္ဌကထာ)
credit သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment