Saturday, January 28, 2017

ကိုယ့်တန်ဖိုးကိုယ်သိပါ

လူတစ်ယောက်က သင့်ကို သူ့ရဲ့ရွေးချယ်စရာတွေ အများကြီးထဲက တစ်ယောက်အဖြစ် သဘောထားနေပြီဆို သူ့ရွေးချယ်မှုတွေထဲကနေ နှုတ်ထွက်ခြင်းဖြင့် သူ့ကို ကူညီပေးလိုက်ပါ။

လူတစ်ယောက်က ကိုယ့်အတွက် ဘယ်လောက်ပဲ အရေးပါနေပါစေ သူက ကိုယ့်ကို အလေးအနက်မထားနိုင်တဲ့သူ ဖြစ်နေခဲ့ရင် ဒီလိုပဲ ဆုံးဖြတ်ရမှာပါ။ ကိုယ်က သူ့ကို ဘယ်လောက်ပဲ ဂရုစိုက်ချင်နေပါစေ၊ ဘယ်လောက်ပဲ ပေးဆပ်နေချင်ပါစေ လျစ်လျူရှုထားလိုက်ပါ။ ဒါကို မာနတရားလို့ ယူဆလို့မရပါဘူး။ ကိုယ့်ပေးဆပ်မှုတွေအတွက် အသိအမှတ်ပြုမခံရတာတွေ များလာတဲ့အခါ သိမ်ငယ်သွားတတ်တာမို့ ကိုယ့်ကိုယ်ကို တန်ဖိုးထားလိုက်ခြင်းသာ ဖြစ်ပါတယ်။ ကိုယ့်အပေါ် ဘယ်တော့မှ ကောင်းမလာနိုင်တဲ့ သူတွေဆီကနေ ကောင်းမွန်တဲ့ အရာတွေ မျှော်လင့်နေရင် မောရုံပဲ ရှိမှာပါ။

သူများကို တန်ဖိုးထားလွန်းပြီး ကိုယ့်တန်ဖိုးကျသွားတာမျိုး မဖြစ်သင့်ပါဘူး။ ဘယ်သူ့ကိုမှ လိုအပ်တာထက် ပိုပြီး ပေးဆပ်ဖို့မလိုအပ်ပါဘူး။ ကိုယ့်ကိုယ်ကိုသာ တန်ဖိုးထားပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဗဟုသုတရခဲ့မယ်ဆို Share ပေးဖို့ မမေ့နဲ့နော်။


Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths