
မိမိကိုယ်ကို ဒဏ်ခတ်မထားပါနဲ့
တကယ်တော့ ဘဝဆိုတာ
နေတတ်ရင်ပျော်စရာကောင်းတွေ ချည်းပါပဲ...
အရေးကြီးတာက နေတတ်ဖို့ပါပဲ
လူတစ်ယောက် စိတ်ဓာတ်ကျတာတွေ
စိတ်အားသိမ်ငယ်တာတွေဆိုတာ
သာမာန်အနေထား သူ့အလိုလိုစိတ်ထဲသို့
အတင်းထိုးဝင်လာတာမဟုတ်ပါဘူး
အရာအားလုံးဟာ...
အကြောင်းတရားကြောင့်သာ
အကျိုးတရားတွေ ဖြစ်လာစေခဲ့တာပါ
မိတ်ဆွေတို့အနေနဲ့
လတ်တလော အချိန်မှာ စိတ်ဓာတ်ကျလာတာတွေ၊
စိတ်အားငယ်လာတာတွေဆိုတာ
တကယ်တော့ အကြောင်းတရားတွေရှိနေခဲ့လိုပါပဲ...
ဘာ့ကြောင့်လဲဆိုတော့...
မွေးကင်းစ ကလေး ငယ် တွေကိုသာ ကြည့်ပါ...
သူတို့လေးတွေရဲ့ဘဝဟာ...
အမတန်အေးချမ်းသလောက်
အပြစ်တွေလည်း ကင်းစင်ပါကြတယ်...
သူတို့မှာ... စိတ်အားငယ်တာတို့၊ ပူပင်သောက
များနေတာရယ်လို့ ဘယ်သောအခါမှမရှိဘူး
ဘာ့ကြောင့်လဲဆိုတော့ သူတို့တွေဟာ...
ဘယ်သူကိုမှလည်း မုန်းမနေတတ်သလို
ဘယ်သူ့ကိုမှလည်း မနာလို အပြစ်တင်
ဝေဖန်မှုတွေနဲ့ အလိုရမ္မက်တွေ ရှိမနေဘူး...
ဒါ့ကြောင့် သူတို့လေးတွေဟာ...
စိတ်ဓာတ်မကျဘူး၊ အားငယ်မနေတတ်ဘူးပေါ့...
အဲ့လို အပူပင်ကင်းမဲ့တဲ့ဘဝကိုကျနော်တို့
အားလုံးကိုယ်တိုင်ပြန်ပြီးလိုချင်နေကြစမြဲပဲမဟုတ်လား.
တကယ်တော့...
စိတ်ဓါတ်ကျတယ် ၊ အားငယ်တယ်ဆိုတာ
မိမိရဲ့ နှလုံးသားမှာ အလိုရမ္မက် တွေများနေလို့ပါပဲ
ဒါကတော့...
💭 ဖြစ်ချင်တာတွေ မဖြစ်ရတာ
💭 လုပ်ချင်တာတွေ မလုပ်ရတာ
💭 လိုချင်တဲ့ပန်းတိုင်တွေ မရောက်ရတာ
💭 အမုန်းတရားတွေများနေရတာ
💭 အတ္တတွေကြီးစိုးနေရတာ
💭 မနာလိုဝန်တိုမှုတွေ အလွန်အမင် များနေရတာ
💭 မလိုအပ်တာတွေကို တောင်းတမိနေတာ
💭 တစ်စုံတစ်ခုကြောင့်ပူပင်သောကတွေ များနေရတာ
စတဲ့ များစွာသောအရေး တွေကို
မျှော်လင့်ချက်ကြီးမားနေခြင်း၊
တစ်ဖက်သက်ဆန်နေခြင်းတွေကြောင့်သာ
မိမိဘဝမှာ မလိုအပ်တဲ့ ဗြာပါဒတွေများပြီး
မိမိကိုယ်ကို ဒဏ်ခတ်ထားသလိုဖြစ်နေတာပါ...
နေတတ်သူဖြစ်အောင်ကြိုးစားပါ "မိတ်တွေ"...
နေတတ်သူဖြစ်မယ်ဆိုရင် ဘဝဟာ
အမြဲတမ်း အေးချမ်းနေပါလိမ့်မယ်....
စိတ်ဓာတ်ကျတာတွေ၊ အားငယ်တာတွေလည်း
မလိုအပ်တော့သလို မိမိကိုယ်ကိုလည်း
နှိပ်စက် နေတဲ့ ဖြစ်ရပ်တွေ ရှိမနေတော့ဘူးပေါ့
တကယ်တမ်းနေတတ်သူအဖို့တော့
လူတွေကို မုန်းနေဖို့လည်း အချိန်မရှိသလို
အပြစ်တင် ရှုတ်ချ နေဖို့လည်း
အချိန်တွေအားလပ်မနေနိုင်ပါဘူး...
(တဖြေးဖြေးတော့ သင်ယူရမှာပေါ့...)
အဲ့လို အမုန်းမပွားတတ်သူအဖို့
အမြဲတမ်း ကလေးတွေလို
အပူပင်ကင်းပြီး အေးချမ်းနေပါလိမ့်မယ်...
ဒါ့အပြင်...
ကိုယ့်လမ်း ကိုယ်လျှောက်ပြီး
ကိုယ့်အလုပ်ကိုယ် လုပ်နေလျှက်
ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းခြင်းဖြင့်
အေးချမ်းမှုတို့ နဲ့သာ ရှင်သန်နေလိုက်ပါ...မိတ်ဆွေ
ဒါဆို မိမိကိုယ်ကို ဒဏ်ခတ်ခြင်းမှ
ကင်းဝေးသွားပါလိမ့်မယ်...
မေတ္တာဖြင့်
ကိုရဲ(Barlarlar)
Tuesday, February 14, 2017
9:49 PM
မိမိကိုယ်ကို ဒဏ်ခတ်မထားပါနဲ့
Myanmar Youths Technology Group
No comments
MR: EDITOR
Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment