Saturday, February 18, 2017

ပထမ​ခြေလှမ်းသမားများ အတွက်



၁။ လစာကို အရင်မကြည့်ပါနဲ့ ၊ အတွေ့အကြုံကို အရင်ယူပါ။

၂။ အရည်ချင်းရှိလာတဲ့အခါ ငွေက မိမိနောက်လိုက်လာပါလိမ့်မယ်။

၃။ ကိုယ်က ဘယ်လမ်းကြောင်းနဲ့ ပိုပြီးအဆင်ပြေသလည်း လုပ်ငန်းခွင်ထဲမှာ
အမြဲသင်ယူလေ့လာပါ။

၎။ အလုပ်တစ်ခုတည်းမှာ ဖင်မြဲပြီး လုပ်ကိုင်တတ်တဲ့အကျင့်ကိုရှောင်ပါ။ သို့သော်
ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းအတိုင်း ဆက်လျှောက်နေဖို့တော့ လိုတယ်။

၅။ ဗဟုသုတပိုင်းနဲ့ပတ်သက်လို့ စာပေများကို ဖတ်ရှုလေ့လာပါ။
နိုင်ငံရေး ၊ စီးပွားရေး သတင်းများကိုလည်း ဖတ်ရှုပါ။

၆။ ဘယ်အရာမှ ကိုယ်နှင့်မဆိုင်သလိုမနေပါနဲ့။ သို့သော် နေရာတိုင်းကိုတော့
ဝင်ရောက် စွက်ဖက်စရာမလိုပါ။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပါစေ။

၇။ လုပ်ကိုင်ခဲ့သည့်အလုပ်တိုင်း ကိုယ့်ခြေရာတွေ ကျန်နေခဲ့ပါစေ။
ဆိုလိုချင်တာက anchievement ယူဖို့ကိုပြောတာပါ။

၈။ အကောင်းမြင်စိတ် ၊ သင်ယူလိုစိတ် ပြုပြင်လွယ်စိတ် ရှိပါစေ။

အလုပ် စလုပ်မယ့် လူငယ်တွေအတွက်ပဲဖြစ်ဖြစ် ၊ လက်ရှိလုပ်နေတဲ့ အလုပ်ကို
စိတ်ကုန်နေလို့ပဲဖြစ်ဖြစ် ပြောချင်တာက လုပ်ငန်းတိုင်းမှာ ယူတတ်ရင်ရတဲ့ အတွေ့
အကြုံကောင်းတွေရှိသလို ၊ သင်ယူလို့ရတဲ့အပိုင်းတွေ အများကြီး ရှိပါတယ်ဆိုတဲ့အကြောင်း
ထပ်လောင်းအကြံပြုလိုက်ရပါတယ်။

#Aliz

#ဓာတ်​ပုံ ​ငွေရတဲ့မျက်နှာ

#လမ်းပြကြယ်

ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။
ကျွန်တော်လေ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများအားအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။

ဖြိုးလေး(Myanmar Youth)ph-09791169860

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths