Saturday, February 11, 2017

"စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ" မျက်နှာဖုံးဆောင်းပါး အား သွင်နောင်စိုး ရေးသားတင်ဆက်သည်

စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ဖို့ ဘာ တွေလိုအပ်သလဲ။ စီးပွားရေးလုပ်ငန်းတစ် ခုကိုစတင်လုပ်ကိုင်ဖို့ ဘာတွေလိုအပ်သလဲ။ မေးတတ်ကြပါတယ်။
 ခပ်တိုတိုမေးတဲ့ မေးခွန်းဖြစ်ပေမဲ့ အ ဖြေကတော့ ကျယ်ပြန့်ပါတယ်။ ကျွန်တော် ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရသိ သလောက်ဖြေပါမယ်။ ဒီထက်ပြည့်စုံပြီး မှန်ကန်တဲ့အဖြေရှိနိုင်ပါသေးတယ်။
 ပထမဆုံးတော့ လက်ရှိအနေအထား ကို အပြောင်းအလဲလုပ်ချင်စိတ်ပြတ်သား ဖို့လိုပါတယ်။ ဆိုလိုတာက ပုံမှန်ဝင်ငွေရ နေတဲ့ ဝန်ထမ်းဘ၀ကနေ ပုံမှန်ဝင်ငွေမ ဟုတ် မိမိရဲ့ဝင်ငွေက မိမိရဲ့ကိုယ်ပိုင်လုပ် ရည်ကိုင်ရည်ပေါ်မှာသာ မူတည်နေတဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်ဘ၀ကို ကူးပြောင်းရဲ တဲ့ စိတ်ဓာတ်ရှိရပါမယ်။
 ပြီးတော့ ခင်ဗျားဟာ အင်္ဂလိပ်စာလုံး T (တီ) ပုံသဏ္ဌန်အတွေ့အကြုံဗဟုသုတ ရှိစေချင်ပါတယ်။ ဆိုလိုတာက ခင်ဗျားမှာ နက်နက်နဲနဲလေ့လာ၊ တတ်မြောက်ကျွမ်း ကျင်ပိုင်နိုင်ထားတဲ့ အသိပညာ၊ အတတ် ပညာနယ်မြေတစ်ခုရှိထားသင့်ပါတယ်။ အဲ ဒီလိုနက်နက်နဲနဲသိထား၊ တတ်ထားတဲ့ နယ်မြေက T (တီ) ရဲ့ခြေထောက်နေရာ လို့မြင်ကြည့်ပါ။ နောက်ပြီး တခြားသော နယ်ပယ်များကိုလည်း အနည်းအကျဉ်း လောက်ဖြစ်စေ၊ ဖတ်မှတ်၊ လေ့လာသ ဘောပေါက်ထားဖို့သင့်ပါတယ်။ ဒါတွေ ကတော့ T (တီ) ရဲ့အပေါ်ထိပ်က ကန့် လန့်ဖြတ်မျက်နှာပြင်လို့ မြင်ကြည့်ပါ။ ဒါ ကြောင့် T Shape Knowledge လို့ တင်စား ပြောတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ရင် လုပ်ငန်းလုပ်ကိုင်မယ့်သူတွေဟာ မိမိ ကျွမ်းကျင်ပိုင်နိုင်တဲ့ အသိပညာအတတ် ပညာကိုအခြေခံပြီး အဲဒါနဲ့ဆက်စပ်တဲ့ စီး ပွားရေးအခွင့်အလမ်းတွေကို ရှာဖွေလုပ် ကိုင်နိုင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်ဖြစ် လာပြီးဆိုမှတော့ တခြားဆက်စပ်နေတဲ့ ကဏ္ဍတွေကိုလည်း ကိုယ်က တီးမိခေါက်မိ ထားဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ဆက်စပ်နေတဲ့ကဏ္ဍတွေမှာလည်း ကိုယ် ကနက်နက်နဲနဲမဟုတ်ရင်တောင် လုပ်ငန်း ကိုစီမံခန့်ခွဲနိုင်လောက်အောင်တော့ သိ ထားသင့်ပါတယ်။
 ဥပမာအားဖြင့် ဆေးဝါးကျွမ်းကျင်သူ တစ်ယောက်ဆိုပါတော့ သူကဆေးဝါးတွေ အကြောင်းကို ကျွမ်းကျင်ပိုင်နိုင်တယ်၊ နက် နက်နဲနဲလေ့လာထားတယ်။ ဆေးဝါးကျွမ်း ကျင်ပညာက T (တီ)ရဲ့ခြေထောက် ပေါ့။ ဒီတော့ သူကဆေးဆိုင်လေးတစ်ဆိုင်ဖွင့် တယ်ဆိုပါတော့ အဲဒီမှာဆေးဝါးကျွမ်းကျင်ယုံဖြင့် ပြီးပါတော့မလား။ ပထမဆုံးဆေး ဆိုင်ကိုဘယ်လိုနေရာမျိုးမှာ ဖွင့်ရင်ကောင်း မလဲဆိုတာ သူလေ့လာဖို့လိုလာပါတယ်။ (Market Research) သူ့အနေဖြင့် ဆေး တွေကိုဈေးနှုန်းချို၊ ပစ္စည်းမှန်ပြီးတော့ လို သလောက်ပမာဏရနိုင်မယ့် လက္ကားဒိုင် တွေ၊ ဆေးကုမ္ပဏီတွေ၊ ဆေးတင်သွင်းသူ တွေကို ချိတ်ဆက်သိရှိထားဖို့နှင့် လိုအပ် ရင်သဘောတူညီချက်တွေရယူဖို့လိုလာပါ တယ်။ ဒါက Supplier Management ပေါ့။
 ဆိုင်မှာတင်ရောင်းမယ့်ဆေးတွေကို ဘယ်လောက်ဝင်ပြီး ဘယ်လောက်ထွက် နေတယ်ဆိုတာသိဖို့ ဆေးတွေ နထစငမန မ ဖြစ်ဖို့ Inventor Management ဆိုတာကို သိထားဖို့လိုလာပါတယ်။ နောက်ပြီး ဆိုင်ရဲ့ ငွေကြေးလည်ပတ်မှုနှင့် အမြတ်အရှုံးတွေ ကိုတွက်ချက်တတ်ဖို့ စာရင်းဇယားကိုလည်း ပြုစုတတ်ဖို့လိုလာပါတယ်။  နောက်တစ်ခါ ဘာဆေးတွေကတရားမဝင်ဘူး၊ ဘယ်ဆေးတွေက တားမြစ်ထားတယ်ဆိုတာ တွေကိုလည်း သိရှိထားမှဖြစ်မှာပေါ့ Legal Responsibility နောက်ဈေးရောင်းတာ ဖြစ်တဲ့အတွက် Customer Service, Sale Strategy ဆိုတာ လေးတွေသိထားရင် လည်း ပိုကောင်းတာပေါ့။ ရှိသေးတယ်၊ သူ့ မှာဝန်ထမ်းတွေရှိလာမယ်ဆိုရင် ဝန်ထမ်း တွေကိုဦးဆောင်ညွှန်ပြနိုင်တဲ့ Leadership & Management Skill ရှိထားရင်လည်း ပိုပြည့်စုံပြန်တာပေါ့။ အဲဒီလိုနောက်ကလုပ် ငန်းနှင့် ဆက်စပ်ပြီးသိဖို့ လိုအပ်လာတာ တွေကတော့ T (တီ)ရဲ့အပေါ်ထိပ်မျက် နှာပြင်ပေါ့။
 ဟာ သိထားရမှာတွေကလည်း များ လိုက်တာ၊ ဒါတွေမသိတော့ အောင်မြင်တဲ့ လုပ်ငန်းရှင်မဖြစ်နိုင်တော့ဘူးလားလို့ မေး လာရင်တော့ စိတ်ဓာတ်ကျစရာမလိုပါ။ဘာမဆိုလေ့လာရင် တတ်မြောက်နိုင်တာ ချည်းပါပဲ။ ဒါကြောင့် မိမိကိုယ်တိုင်ဝန်ထမ်း ဘ၀မှာရှိနေတဲ့အချိန်မှာ အလုပ်ကိုစိတ်ပါ လက်ပါလုပ်ပါ။ မိမိရဲ့ Boss ကိုလေ့လာပါ။ သူဟာလုပ်ငန်းရှင်တစ်ယောက် ဒါမှမဟုတ် လုပ်ငန်းကိုဦးဆောင်သူတစ်ယောက်ဖြစ်နေ တယ်ဆိုရင် သူ့ရဲ့လုပ်ပုံကိုင်ပုံ၊ ဆုံးဖြတ် ချက်ချပုံနှင့် ပင်ကိုယ်အရည်အသွေးတွေကို လေ့လာသင်ယူပါလို့ အကြံပေးချင်ပါတယ် တချို့ ကျွမ်းကျင်မှုတွေဆိုတာက သင်တန်း တွေတက်တာထက် လုပ်ငန်းခွင်ထဲမှာပဲ သင်ယူလို့ရတာမျိုးတွေပါ။ ငါက ဝန်ထမ်း ပဲ အချိန်တန်လစာရမယ်၊ အဆင်မပြေတဲ့ နေ့ထွက်မယ်လို့ ခပ်ပေါ့ပေါ့လုပ်သားဘ၀ ဖြင့် နေမယ်ဆိုရင်တော့ မဖြစ်သေးဘူးလို့ ဆိုချင်ပါတယ်။ နောက်လိုက်ကောင်းမဖြစ် ခဲ့တဲ့သူဟာ ခေါင်းဆောင်ကောင်းဖြစ်လာ ဖို့ခက်ပါတယ်။ လုပ်ငန်းရှင်တစ်ယောက်ဆို တာက ကျွမ်းကျင်မှုနှင့် ဗဟုသုတတွေက တော့ အမြဲလေ့လာနေသင့်တာ အမှန်ပါ ပဲ။
 ဒါဖြင့် ဘယ်လောက်အထိ သိထားရ မလဲဆိုရင်တော့ ကိုယ်လုပ်မယ့် လုပ်ငန်း အကြီးအသေးကိုလိုက်ပြီး လေ့လာထားဖို့ လိုပါတယ်။ လုပ်ငန်းသိပ်ကြီးသွားပြီဆိုရင် တော့ မိမိမကျွမ်းကျင်တဲ့နေရာတွေကို တ ခြားကျွမ်းကျင်သူတွေနှင့် ပူးပေါင်းလို့ဖြစ် စေ၊ ကျွမ်းကျင်ဝန်ထမ်းတွေခန့်အပ်လို့ ဖြစ် စေလုပ်ကိုင်ကြပါတယ်။ ဒါပေမဲ့ လုပ်ငန်း ရှင်တစ်ယောက်အနေနဲ့တော့ တီးမိခေါက် မိထားတာအကောင်းဆုံးပါပဲ။ ဘာကြောင့် လဲဆိုတော့ စတင်အခြေတည်တဲ့အချိန်မှာ လုပ်ငန်းရဲ့လိုအပ်ချက်တာဝန်အတော်များ များကို ကိုယ်တိုင်လုပ်ကိုင်ကြရတာများလို့ ပေါ့။
 နောက်ဆုံးတစ်ခုအနေနဲ့ကတော့ လုပ်ငန်းတစ်ခုကိုစတင်လည်ပတ်ပြီး မ အောင်မြင်သေးတဲ့အချိန်မှာ စိတ်ဓာတ်ကျ မသွားဘဲ အောင်မြင်တဲ့အထိ ဇွဲရှိရှိလုပ် ကိုင်သွားဖို့လိုပါတယ်။ ဘယ်လုပ်ငန်းမဆို (သမ္မာအာဇီဝမှန်ရင်) ချက်ချင်းထပြီး အောင်မြင်သွားတယ်ဆိုတာ ရှားပါတယ်။ လုပ်ငန်းတစ်ခုလုပ်ကြည့်လိုက်၊ (၆) လ လောက်လုပ်ပြီး မမြတ်တာနှင့် ဖျက်သိမ်း လိုက်၊ အရှုံးခံရောင်းပစ်လိုက်၊ လုပ်မယ်ဆို ရင်လည်း အောင်မြင်တဲ့လုပ်ငန်းရှင်တစ် ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။
 ဒီတော့ နိဂုံးချုပ်ရမယ်ဆိုရင်
(၁) Entrepreneur (စွန့်ဦးတီထွင်လုပ်ငန်း ရှင်)ဖြစ်ချင်တဲ့ စိတ်ဓာတ်လိုပါတယ်။
(၂) T (တီ) ပုံသဏ္ဌန်ဗဟုသုတရှိသင့်ပါ တယ်။
(၃) လုပ်ငန်းမအောင်မြင်သေးတဲ့ အချိန်မှာ တောင့်ခံပြီး ဆက်ကြိုးစားတဲ့ ဇွဲရှိရပါမယ်။ အဲဒါတွေရဲ့အနောက်ကမှ ငွေကြေးအရင်းအနှီးဆိုတာဖြစ်ပါတယ်လို့ဆိုပါတယ်။

credit: :မုံရွာပညာမြေ
ကျွန်တော်သိကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။
ကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့် ပို့ စ်ခုချင်းစီအတွက်မူရင်းရေးသားသူများအားအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။
ဖြိုးလေး(Myanmar Youth)ph.097911698670

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths