ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကို အချမ်းသာဆုံးလို့ ဖော်ပြထားပါတယ်။
Frontier Myanmar မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး သူဌေးကြီးနေရာမှာ ဦးဇော်ဇော်က ရပ်တည်နေပါတယ်။ အဆိုပါမဂ္ဂဇင်းရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ "အဓိက မြန်မာ့လုပ်ငန်းရှင်အချို့အကြောင်း" ခေါင်းစဉ်နဲ့ သူဌေးကြီး ခြောက်ဦးကို ရေးသားထားတာပါ။
၁။ ဦးဇော်ဇော်
အသက် ၄၈ နှစ် အရွယ် ဦးဇော်ဇော်က Max Myanmar Group ကုမ္ပဏီတွေကို ပိုင်ဆိုင်ထားပြီး ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ လောင်စာဆီအပြင် ကျောက်သံပတ္တမြားနဲ့ ရာဘာလုပ်ငန်းတွေကို အဓိက လုပ်ကိုင်သူ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံကို ၁၉၉၃ ခုနှစ်မှာ ပြန်ရောက်လာကာ ဂျပန်ဘတ်စ်ကားတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ၊ ဂျင်နရေတာမီးစက်တွေ တင်သွင်းရာကနေ လုပ်ငန်းတွေကျယ်ပြန့်လာခဲ့ပါတယ်။
၂။ စတီဖင်လော် (ဦးထွန်းမြင့်နိုင်)
Asia World ကုမ္ပဏီကို ပိုင်ဆိုင်ထားတဲ့ ဦးထွန်းမြင့်နိုင်က အသက် ၅၇ နှစ် ရှိပါပြီ။ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လေယာဉ်ကွင်းနဲ့ ဆိပ်ကမ်းအဆောက်အအုံတွေ၊ စွမ်းအင်လုပ်ငန်းတွေနဲ့ အိမ်ခြံမြေလုပ်ငန်းတွေ အဓိက လုပ်ကိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အင်အားအတောင့်ဆုံးဖြစ်ခဲ့တဲ့ မူးယစ်ရာဇာ လော်စစ်ဟန်ရဲ့သားလည်း ဖြစ်ပါတယ်။ သူ့ရဲ့ကုမ္ပဏီဟာ ရန်ကုန်မြို့ရဲ့ အကြီးဆုံးဆိပ်ကမ်းလုပ်ငန်းကိုလည်း လုပ်ကိုင်နေသူပါ။
၃။ ဦးတေဇ
Htoo Group ကုမ္ပဏီတွေကို ပိုင်ဆိုင်ထားပြီး လေကြောင်းလိုင်း၊ ဟိုတယ်၊ ကျွန်းသစ်၊ တွင်းထွက်သတ္ထု၊ ဘဏ်လုပ်ငန်း အပါအဝင် အခြားဖျော်ဖြေရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပါသေးတယ်။ အသက် ၅၁ နှစ်သာ ရှိသေးတဲ့ ဦးတေဇက ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းကိုလည်း တည်ထောင်ထားပါသေးတယ်။
၎။ ဦးသိမ်းငွေ (ဆာ့ခ်ျပန်း)
အသက် ၆၃ နှစ်အရွယ် ဦးသိန်းငွေက Serge Pun & Associates (SPA Myanmar) ကို ပိုင်ဆိုင်ထားသူပါ။ အိမ်ခြံမြေလုပ်ငန်းတွေ၊ ဘဏ်၊ စုပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအပါအဝင် ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပါတယ်။ အထင်ရှားဆုံးလုပ်ငန်းတွေကတော့ ရိုးမဘဏ်၊ FMI လေကြောင်းလိုင်း၊ Star City နဲ့ KFC တို့ပါ။ ၁၉၆၅ ခုနှစ်ဝန်းကျင်က ဟောင်ကောင်မှာ အိမ်ခြံမြေလုပ်ငန်းတွေလုပ်ကိုင်ပြီး ၁၉၈၉ ခုနှစ်မှာ မြန်မာပြည်ကို ပြန်ရောက်ခဲ့ပါတယ်။
၅။ ဦးမိုက်ကယ်မိုးမြင့်
MPRL E&P လုပ်ငန်းကိုလုပ်ကိုင်ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ထုတ်လုပ်ပါတယ်။
၆။ ဦးချစ်ခိုင်
den Group ပိုင်ဆိုင်တဲ့ ဦးချစ်ခိုင်ရဲ့အသက်က ၆၈ နှစ်ပါ။ ဆောက်လုပ်ရေး၊ ဘဏ်၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်၊ ဆန်လုပ်ငန်းအပြင် စွမ်းအင်လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပါတယ်။ လူသိများတဲ့ လုပ်ငန်းတွေကတော့ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဟီလ်တန်ဟိုတယ်တို့ပဲ ဖြစ်ပါတယ်။
Source : Frontier Myanmar
Credit – Duwun
အောင်မြင့်မြတ်(Myanmar Youths)
ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။
Saturday, March 11, 2017
5:47 AM
မြန်မာနိုင်ငံက အချမ်းသာဆုံးသူဌေးကြီး ၆ ဦး
Myanmar Youths Technology Group
No comments
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment