Sunday, March 5, 2017

ေလးေနလား .. မပူပါနဲ႕ … ဒီထက္ဆိုးတာေတြ ရွိႏိုင္ပါေသးတယ္





အတန္အသင့္ လူသိမ်ားတဲ့ ပုံျပင္ေလးတစ္ခုပါပဲ။

တစ္ခါက လူတစ္ေယာက္ဟာ အထုပ္အပိုးအေလးႀကီးေတြကို ထမ္းသယ္လာရတယ္။ မႏိုင္မနင္းနဲ႕ သယ္လာရတာမို႔ တစ္လမ္းလုံး ေလးပင္ေနတဲ့ အေၾကာင္း ညည္းညဴလာတယ္။ သူ႕ကို ျမင္တဲ့ တျခားသူ တစ္ေယာက္က “ ခင္ဗ်ား ေပါ့သြားေအာင္ ကြ်န္ေတာ္ အကူအညီေပးရမလား “ လို႕ ေျပာလာတယ္။ ဟိုလူကလည္း “ဟုတ္ကဲ့ .. ကူညီပါ ။ ေက်းဇူးမေမ့ပါဘူး “ လို႔ ေျဖတယ္။

အႀကံေပးတဲ့ သူက “ ကြ်န္ေတာ့္မွာ အေလးအပင္ေတြကို ေပါ့သြားေစမယ့္ ေမွာ္အစြမ္း ရွိတယ္။ ဒါေပမဲ့ အစပိုင္းမွာ နည္းနည္း အပင္ပန္းခံရမယ္ “ လို႔ ေျပာၿပီး လမ္းေဘးမွာ ေတြ႔ရတဲ့ ေက်ာက္တုံးအခဲႀကီးေတြကို ဟိုလူ႕အိတ္ထဲ ထည့္ေပးလိုက္တယ္။ အထုပ္ပိုင္ရွင္က “ ဟာ … ဘယ္လို လုပ္တာလဲ ၊ ပိုေတာင္ ေလးလာေသးတယ္ “ လို႔ ဆိုေတာ့ အႀကံေပးသူက “ ခဏ ပါဗ်ာ ။ ခဏ ေနရင္ ေပါ့သြားမွာ “ လို႔ ျပန္ေျပာတယ္။ ဒီအတိုင္း လမ္းဆက္ေလွ်ာက္တယ္။ အထုပ္ပိုင္ရွင္က ပြစိပြစိေတာ့ ညည္းညဴလာတာေပါ့။ ဒါေပမဲ့ ေမွာ္အစြမ္းကို ယုံၾကည္ေတာ့ ဒီအတိုင္း ထမ္းၿပီး ဆက္ေလွ်ာက္ရတယ္။ ဒီလိုနဲ႕ လမ္းတစ္ေနရာေရာက္ေတာ့ အႀကံေပးသူက “ ရၿပီ ။ ခင္ဗ်ား အိတ္ထဲက ေက်ာက္တုံးေတြကို ထုတ္ၿပီး ပစ္ခ်ခဲ့ေတာ့ “ လို႔ ေျပာတယ္။

အထုပ္ပိုင္ရွင္လည္း ေက်ာက္တုံးေတြ လႊတ္ခ်ၿပီး မူလအတိုင္း ျပန္ၿပီး အထုပ္ထမ္းတယ္။ အဲဒီအခါမွာေတာ့ အေလးအပင္ေတြဟာ အမ်ားႀကီး ေပါ့ပါးေနသလို ခံစားရတယ္။ အဲဒါနဲ႕ပဲ ကူညီတဲ့ သူကိုလည္း ေက်းဇူးတင္တဲ့ အေၾကာင္း အထပ္ထပ္ လွမ္းေျပာေနေတာ့တယ္တဲ့။

ကြ်န္ေတာ္တို႔ ဘဝမွာ အဆင္မေျပတဲ့ ၊ မေပ်ာ္ရႊင္ရတဲ့ အခ်ိန္ေတြ ရွိခဲ့ၾကတာပါပဲ။ ကေလး အရြယ္က အႀကိဳက္ဆုံး ကစားစရာေလးေတြ ေပ်ာက္သြား၊ပ်က္သြားလို႔ ငို ခဲ့ဖူးမယ္။ ဒါေပမဲ့ ဒီ အခ်ိန္မွာ ငယ္ငယ္က ကစားစရာေလးေတြ ဆုံးရႈံးရလို႔ ငိုခဲ့ရတာေတြ ျပန္စဥ္းစားရင္ ဘာမွ မဟုတ္ေတာ့သလို ျဖစ္လာတယ္ မဟုတ္လား။

ဘဝက ကြ်န္ေတာ္တို႔ကို အသက္အရြယ္တိုင္းမွာ စိတ္ညစ္စရာေတြ၊ ေျဖရွင္းစရာ ျပႆနာေတြ ေပးေနမယ္။ ဒုကၡေတြဆိုတာဟာလည္း တစ္ခ်ိန္ထက္ တစ္ခ်ိန္ ပို ခက္ခဲလာေတြက အမ်ားသားပဲ။ ဒါေပမဲ့ အံ့ၾသစရာေကာင္းတာက တစ္ခ်ိန္တည္းမွာ ကြ်န္ေတာ္တို႔ေတြမွာ ခံႏိုင္ရည္ စြမ္းအားလည္း တိုး လာခဲ့တယ္ မဟုတ္လား။ အရုပ္ကေလး ေလာက္ပဲ တန္ဖိုးနည္းတဲ့ ပစၥည္းေလးေတြ ေပ်ာက္တာ၊ ရွတာမ်ိဳးကို လူႀကီးအရြယ္မွာ ဘာမွ မခံစားရေတာ့ဘူးေလ။ ဒီလို တိုးတက္လာတဲ့ ခံႏိုင္ရည္ေတြ အားအင္ေတြဟာ ဘဝရဲ႕ အလွပဲ မဟုတ္လား။ ေရွ႕ကို ဆက္တိုးရင္း၊ အခက္အခဲေတြ၊ပူေဆြးေသာကေတြကို ရင္ဆိုင္ရင္းနဲ႕ ကြ်န္ေတ္ာတို႔ေတြဟာ အရင္ကထက္ ပိုၿပီး စိတ္ဓာတ္သန္မာ ရင့္က်က္တဲ့ သူေတြ ျဖစ္လာၾကမွာေပါ့။ ဒီထက္ပိုမ်ားတဲ့ အားအင္ေတြ၊ သတၱိေတြနဲ႕ ဒီထက္ ပို ေလးလံတဲ့ အထုပ္အပိုးေတြကို ထမ္းႏိုင္လာမယ္၊ ၿပီးေတာ့ တစ္ခ်ိန္က်ရင္ အတိတ္က ဝန္ထုပ္ဝန္ပိုးေတြ အေၾကာင္း ျပန္စဥ္းစားတဲ့ အခါ “ဘယ္ေလာက္မွ ေလးတာ မဟုတ္ပါဘူးကြာ“လို႔ ၿပဳံးကာရယ္ကာနဲ႕ ျပန္ေျပာျပလာႏိုင္မွာေပါ့။

ေက်ာ္သန္႔ (ရိုးရာေလး)
www.yoyarlay.com

#kt_yyl
#article_yyl

(Unicode Version)

လေးနေလား .. မပူပါနဲ့ … ဒီထက်ဆိုးတာတွေ ရှိနိုင်ပါသေးတယ်

အတန်အသင့် လူသိများတဲ့ ပုံပြင်လေးတစ်ခုပါပဲ။

တစ်ခါက လူတစ်ယောက်ဟာ အထုပ်အပိုးအလေးကြီးတွေကို ထမ်းသယ်လာရတယ်။ မနိုင်မနင်းနဲ့ သယ်လာရတာမို့ တစ်လမ်းလုံး လေးပင်နေတဲ့ အကြောင်း ညည်းညူလာတယ်။ သူ့ကို မြင်တဲ့ တခြားသူ တစ်ယောက်က “ ခင်ဗျား ပေါ့သွားအောင် ကျွန်တော် အကူအညီပေးရမလား “ လို့ ပြောလာတယ်။ ဟိုလူကလည်း “ဟုတ်ကဲ့ .. ကူညီပါ ။ ကျေးဇူးမမေ့ပါဘူး “ လို့ ဖြေတယ်။

အကြံပေးတဲ့ သူက “ ကျွန်တော့်မှာ အလေးအပင်တွေကို ပေါ့သွားစေမယ့် မှော်အစွမ်း ရှိတယ်။ ဒါပေမဲ့ အစပိုင်းမှာ နည်းနည်း အပင်ပန်းခံရမယ် “ လို့ ပြောပြီး လမ်းဘေးမှာ တွေ့ရတဲ့ ကျောက်တုံးအခဲကြီးတွေကို ဟိုလူ့အိတ်ထဲ ထည့်ပေးလိုက်တယ်။ အထုပ်ပိုင်ရှင်က “ ဟာ … ဘယ်လို လုပ်တာလဲ ၊ ပိုတောင် လေးလာသေးတယ် “ လို့ ဆိုတော့ အကြံပေးသူက “ ခဏ ပါဗျာ ။ ခဏ နေရင် ပေါ့သွားမှာ “ လို့ ပြန်ပြောတယ်။ ဒီအတိုင်း လမ်းဆက်လျှောက်တယ်။ အထုပ်ပိုင်ရှင်က ပွစိပွစိတော့ ညည်းညူလာတာပေါ့။ ဒါပေမဲ့ မှော်အစွမ်းကို ယုံကြည်တော့ ဒီအတိုင်း ထမ်းပြီး ဆက်လျှောက်ရတယ်။ ဒီလိုနဲ့ လမ်းတစ်နေရာရောက်တော့ အကြံပေးသူက “ ရပြီ ။ ခင်ဗျား အိတ်ထဲက ကျောက်တုံးတွေကို ထုတ်ပြီး ပစ်ချခဲ့တော့ “ လို့ ပြောတယ်။

အထုပ်ပိုင်ရှင်လည်း ကျောက်တုံးတွေ လွှတ်ချပြီး မူလအတိုင်း ပြန်ပြီး အထုပ်ထမ်းတယ်။ အဲဒီအခါမှာတော့ အလေးအပင်တွေဟာ အများကြီး ပေါ့ပါးနေသလို ခံစားရတယ်။ အဲဒါနဲ့ပဲ ကူညီတဲ့ သူကိုလည်း ကျေးဇူးတင်တဲ့ အကြောင်း အထပ်ထပ် လှမ်းပြောနေတော့တယ်တဲ့။

ကျွန်တော်တို့ ဘဝမှာ အဆင်မပြေတဲ့ ၊ မပျော်ရွှင်ရတဲ့ အချိန်တွေ ရှိခဲ့ကြတာပါပဲ။ ကလေး အရွယ်က အကြိုက်ဆုံး ကစားစရာလေးတွေ ပျောက်သွား၊ပျက်သွားလို့ ငို ခဲ့ဖူးမယ်။ ဒါပေမဲ့ ဒီ အချိန်မှာ ငယ်ငယ်က ကစားစရာလေးတွေ ဆုံးရှုံးရလို့ ငိုခဲ့ရတာတွေ ပြန်စဉ်းစားရင် ဘာမှ မဟုတ်တော့သလို ဖြစ်လာတယ် မဟုတ်လား။

ဘဝက ကျွန်တော်တို့ကို အသက်အရွယ်တိုင်းမှာ စိတ်ညစ်စရာတွေ၊ ဖြေရှင်းစရာ ပြဿနာတွေ ပေးနေမယ်။ ဒုက္ခတွေဆိုတာဟာလည်း တစ်ချိန်ထက် တစ်ချိန် ပို ခက်ခဲလာတွေက အများသားပဲ။ ဒါပေမဲ့ အံ့သြစရာကောင်းတာက တစ်ချိန်တည်းမှာ ကျွန်တော်တို့တွေမှာ ခံနိုင်ရည် စွမ်းအားလည်း တိုး လာခဲ့တယ် မဟုတ်လား။ အရုပ်ကလေး လောက်ပဲ တန်ဖိုးနည်းတဲ့ ပစ္စည်းလေးတွေ ပျောက်တာ၊ ရှတာမျိုးကို လူကြီးအရွယ်မှာ ဘာမှ မခံစားရတော့ဘူးလေ။ ဒီလို တိုးတက်လာတဲ့ ခံနိုင်ရည်တွေ အားအင်တွေဟာ ဘဝရဲ့ အလှပဲ မဟုတ်လား။ ရှေ့ကို ဆက်တိုးရင်း၊ အခက်အခဲတွေ၊ပူဆွေးသောကတွေကို ရင်ဆိုင်ရင်းနဲ့ ကျွန်တေ်ာတို့တွေဟာ အရင်ကထက် ပိုပြီး စိတ်ဓာတ်သန်မာ ရင့်ကျက်တဲ့ သူတွေ ဖြစ်လာကြမှာပေါ့။ ဒီထက်ပိုများတဲ့ အားအင်တွေ၊ သတ္တိတွေနဲ့ ဒီထက် ပို လေးလံတဲ့ အထုပ်အပိုးတွေကို ထမ်းနိုင်လာမယ်၊ ပြီးတော့ တစ်ချိန်ကျရင် အတိတ်က ဝန်ထုပ်ဝန်ပိုးတွေ အကြောင်း ပြန်စဉ်းစားတဲ့ အခါ “ဘယ်လောက်မှ လေးတာ မဟုတ်ပါဘူးကွာ“လို့ ပြုံးကာရယ်ကာနဲ့ ပြန်ပြောပြလာနိုင်မှာပေါ့။

ကျော်သန့် (ရိုးရာလေး)
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
👉တိက်မွန္​ကန္​တဲ့သတင္​းအခ်က္​အလက္​မ်ား

👉​ေခတ္​နဲ႔အညီ​ေျပာင္​းလဲတိုးတတ္​​ေန​ေသာ နည္​းပညာမ်ား

👉သုတ၊ရသ၊ဟာသ၊က​ဗ်ာ စာပ​ေဒသာမ်ား

👉က်န္​းမာ​ေရး ​ဗဟုသုတမ်ား

👉​ေတးသီခ​်င္​းမ်ား

👉​ဗုဒၶစာ​ေပမ်ား

👉Modelအလွဓာတ္​ပံုမ်ား

တို႔ကို သင္​့ဖုန္​းနဲ႔ သြား​ေလရာ အလြယ္တကူ ဖတ္​႐ႈႏိုင္​ပါၿပီ ဂ်ာနယ္​တစ္​​ေစာင္​ ၇၀၀ ​ေပးဖတ္​စ႐ာမလိုပဲ တစ္​ရက္​ အင္​တာနက္​ ၅မိနစ္​​ေလာက္​ဖြင္​့​ေပးရံုနဲ႔ အားလံုး က သင္​့ထံ​ေရာက္​လာပါၿပီ။

ျမန္​မာလူငယ္​သတင္​းစံု ​ေနက္​ဆံုးဗား႐ွင္​းရဲ႕ Mobile Data Saving System ​ေၾကာင္​့ မိမိမႏွစ္​သက္​တဲ့ သတင္​းလိုင္​း​ေတြကို ျဖဳတ္​ ၿပီး ဖုန္​း​ေဘ ကို ​ေခြၽတာႏိုင္​ပါၿပီ။

တစ္​ခုတည္​းနဲ႔ၿပီးျပည္​့စံုတဲ့ ျမန္​မာလူငယ္​သတင္​းစံု ကို ဒီ​ေနရာ​ေလးမွာႏိွပ္​ၿပီးခုပဲရယူလိုက္​ပါ။


Share​ေပးျခင္​းျဖင္​့ကူညီပါ

​ေက်းဇူးတင္​ပါတယ္​



Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths