Thursday, April 27, 2017

အဆိပ်အတောက်ဖြစ်စေတဲ့သူကို နိုင်မယ့် တစ်ခု တည်းသောနည်းလမ်းက သူနဲ့ယှဉ်ပြိုင်ကစားခြင်း မပြုဖို့ပါပဲ

"အဆိပ်အတောက်ဖြစ်စေတဲ့သူကို နိုင်မယ့် တစ်ခု
တည်းသောနည်းလမ်းက သူနဲ့ယှဉ်ပြိုင်ကစားခြင်း
မပြုဖို့ပါပဲ"

အထက်က စာသားလေး မှန်တယ်မမှန်တယ်ကို
ခဏမေ့ထားရအောင်။ တစ်ခါတစ်လေ လောကကြီး
မှာ သင်မကျွမ်းကျင်တဲ့ အရာတွေရှိတယ်ဆိုတာကို
အရင် လက်ခံထားရမယ်။ အချို့လူတွေက သူများကို
အပုပ်ချတာ၊  သူများစိတ်ကို ဆွတာ၊ သူများဒေါသ
ထွက်အောင်လုပ်တာမှာ အရမ်းကို ထူးချွန်ကြပါ
တယ်။ သင်ရော အဲ့ဒီနေရာမှာ ထူးချွန်လား။ ဘဝမှာ
ပြိုင်ပွဲတွေ အများကြီးရှိတာမှန်ပေမယ့် သင်ပြိုင်ဖို့
မလိုတဲ့ ပြိုင်ပွဲတွေလည်း ရှိပါတယ်။ သင် ကျွမ်းကျင်
မှု မရှိတဲ့ ပြိုင်ပွဲတွေကို ဝင်ပြိုင်ရင် ပြိုင်ဘက်က
နည်းမျိုးစုံနဲ့ သင့်ကို သူ့အဆင့်အတန်းဖြစ်အောင်
ဆွဲချသွားပါလိမ့်မယ်။ မခံချင်စိတ်နဲ့ လိုက်ယှဉ်ပြိုင်
ရင်း နောက်ဆုံးတော့ ကိုယ်ပဲ လူဆိုးကြီးလို့ အများ
က ထင်သွားပါလိမ့်မယ်။ သူကမကောင်းတာမှန်
ပေမယ့် သူကအဲ့ဒီနေရာမှာ တစ်ဖက်ကမ်းခတ်
ကျွမ်းကျင်နေပြီလေ။ သူက မသိမသာလေး သင့်
ကိုဆွမယ် ပြီးနောက်နောက်ကို အသာလေးဆုတ်
သွားမယ်။ သင်ကတော့ ဒေါသတွေထွက်ပြီး နာမည်
ဆိုးနဲ့ ကျန်ခဲ့မယ်။

ဒါတွေဟာ နေ့စဉ်ဘဝမှာ ဖြစ်နေကြအရာတွေပါ။
အချို့တွေက သူတို့ရဲ့ ပင်ကိုယ်ဗီဇဖြစ်ပြီး အချို့က
သင့်ကို စနစ်တကျ နည်းဗျူဟာကျကျ ဆွဲချတတ်
ပါတယ်။ သင်သတိလစ်သွားတဲ့ တစ်ချက်မှာ
သင့်ကို အလဲထိုးသွားပါလိမ့်မယ်။ ပြိုင်ပွဲတစ်ခု
ပြိုင်တော့မယ်ဆို သင်စဉ်းစားရမှာက သင့်ပြိုင်
ဘက်က ပြိုင်ဖို့ တန်ရဲ့လား။ သူ့ကို ပြိုင်ရင်ဘာရ
မှာလည်း မပြိုင်ရင်ရော ဘာဆုံးရှုံးမှာလဲ။ အဲ့ဒီ
အချက်တွေ တွေးရပါမယ်။ နိုင်လည်း ဘာမှမရ
ရှုံးလည်း ဘာမှမဖြစ်တဲ့ ပြိုင်ပွဲမျိုးဆို ရှောင်သင့်
ရင်ရှောင်ရပါမယ်။ သင့်ကို လူကြောက်ကြီးလို့
ပြောမှာကို စိုးရိမ်နေတာလား။ ခဏလေး..နေပါအုံး
...ပြန်စဉ်းစားပါအုံး...အဲ့ဒီလူတွေသင့်ကိုအထင်
သေးသွားတော့ရော သင့်ဘဝကြီး ပျက်စီးသွားမှာ
လား။ သင့်ကို အဲ့ဒီလို ကိစ္စကြောင့် အထင်သေး
တဲ့သူတွေကရော အဖိုးတန်တဲ့လူတွေလို့ထင်
လို့လား။ မထင်ဘူးဆိုရင် ဘာလို့အဲ့ဒီအဖိုးမတန်
သူတွေ သဘောကျအောင် သင်ဘာလို့ လိုက်နေ
မှာလဲ။

တစ်ခါတစ်လေ လုံးဝကို မပြိုင်သင့်တဲ့သူတွေ
လောကကြီးမှာရှိတယ်။ "ခွေးရူးနဲ့ ခွေးကောင်း
ကိုက်ရင် ခွေးကောင်းပဲအထိနာတယ်"ဆိုတဲ့
စကားလည်း ရှိပါတယ်။ အချို့သူတွေကို သင်
လက်ရှောင်လိုက်တာ တကယ်တော့ ရှုံးတာ
မဟုတ်ပါဘူး။ သင်နိုင်သွားတာပါ။ သင်ပြိုင်လိုက်
ရင်လည်း စိတ်ဆင်းရဲရအုံးမှာပါ။ သူတို့ကလည်း
သင့်ကို သူတို့ကျော့ကွင်းထဲရောက်လာအောင်
စကားလုံးတွေနဲ့ ခေါ်နေတာပါ။ သင်က ခုန်ဆင်း
သွားရင် သူတို့အကြိုက်ပေါ့။ သင်ပါးပါးနပ်နပ်
ရှောင်တတ်လေ သူတို့ ဒေါသထွက်လေပါပဲ။
အဲ့ဒီနည်းနဲ့ပဲသူတို့ကို အနိုင်ရနိုင်ပါတယ်။

ချွင်းချက်အနေနဲ့ တစ်ခါတစ်လေတော့ မဖြစ်
မနေပြိုင်ကောင်းပြိုင်ရနိုင်ပါတယ်။ ဒါပေမယ့်
ပွဲတိုင်းဝင်ပြိုင်စရာမလိုဘူး။ အထက်မှာပြောခဲ့
သလိုပဲ  ပြိုင်ဘက်က ပြိုင်ဖို့ တန်ရဲ့လား။ ပြိုင်ရင်
ဘာရမှာလဲ။ မပြိုင်ရင်ရော ဘာရမှာလား။ အဲ့ဒီ
မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် အရင်ပြန်မေးပါ။

#Credit_မိုးရှင်း (I.M.T)


Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths