ဘဝအတွက် အရေးကြီးဆုံးကဘာလဲ
***********************
ဘဝမှာအရေးကြီးဆုံးဆိုတာ
၁။ ဘုရား၊ တရား ၊ သံဃာ ၊ မိဘနဲ့ ဆရာသမားတွေလို့ ထင်မိပါတယ်။
မိမိနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ မိဘ(သို့)မိမိဘဝမှာ အားကိုးအားထားပြုရတဲ့ ကျေးဇူးကြီးမားတွေပဲဖြစ်ပါတယ် ။
၂။ မိမိကိုယ်တိုင်ကလည်း စိတ်ချမ်းသာစွာနေထိုင်ဖို့ အရေးကြီးပါတယ်၊ ဘာကြောင့်လဲဆိုရင် မိမိကျန်းမာမှ ဘဝအတွက် တခြားအရေးကြီးတာတွေကို ဖန်တီးခွင့်ရမှာ ဖြစ်လို့ပါပဲ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့က ဒုတိယအချက်အနေနဲ့ အရေးကြီးတယ်လို့ ထင်မိပါတယ်။
၃။မိမိအတွက်ခိုင်မာတဲ့ ဘဝရေးတွေကို ဦးစားပေးလုပ်ဆောင်ရင်းနဲ့မှ ကျန်ရှိတဲ့ အချိန်တစ်ချို့ကိုသာအချစ်(သို့) ဘဝလက်တွဲဖော်အတွက် ပေးသင့်တယ်လို့ ထင်မိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဘဝမှာ အချစ်ဆိုတဲ့အရာက မရှိမဖြစ် အရေးကြီးတဲ့အရာတစ်ခု မဟုတ်သလို၊ စိတ်တွေအရမ်းနှစ်ပြီး အချိန်မပေးသင့်တဲ့အရာပါ။
အချစ်ဆိုတာ လုံးဝမရှိသင့်တာမျိုး မဟုတ်လို့ ရှိသင့်သလောက် ရှိသင့်ပါတယ်။ ဒါပေမယ့် ဘဝအတွက် အဓိကအရေးကြီးတဲ့ထဲမှာ အချစ်မပါဘူးလို့ ထင်မိပါတယ်။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့၊ ကိုယ့်ရဲ့ ရိုးရိုးသားသားရှာလို့ရတဲ့ငွေကြေးနဲ့ မိဘကျေးဇူး(သို့)မိမိဘဝအတွက် ကျေးဇူးဆပ်သင့်သူတွေ ကျေးဇူးဆပ်နိုင်ဖို့။
လူတွေထဲမှာပဲ နေတဲ့အတွက် လူတွေနဲ့ လိုက်လျောညီထွေ အဆင်ပြေအောင်နေထိုင်တတ်ဖို့လဲ လိုပါတယ်။
ဘဝမှာ ငွေဆိုတာလည်း ဒုတိယဘုရားသခင်ပါပဲ၊ ငွေမရှိရင်လည်း မဖြစ်နိုင်တဲ့အရာတွေရှိတာမို့ ငွေဆိုတာလည်း အရေးကြီးပါတယ်။ သို့သော် အရာရာအားလုံးကို ဖန်တီးနိုင်ဖို့ဆိုတာ မိမိကိုယ်တိုင်က ကျန်းမာနေဖို့ လိုအပ်တယ်လို့ ထင်မိပါတယ်။
၁။ ဘဝမှာအစားပြန်မရနိုင်တဲ့👉 မိဘ
၂။ ဘဝမှာအစားပြန်မရနိုင်တဲ့ 👉အချိန်
၃။ မိမိကိုယ်တိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ဖို့နဲ့
၎။ ရှိတိုင်းလည်း အရာရာမဖြစ်နိုင်သလို မရှိရင်လည်းမဖြစ်နိုင်တဲ့👉ငွေ
၅။ အပေါ်ကအချက်တွေပြီးမှ အချစ်ဆိုတာလည်း အရေးပါနိုင်တယ်လို့ ကျွန်မရဲ့ ထင်မြင်ချက်လေးကို ပြောလိုက်ပါရစေ ။
စာဖတ်သူ ညီကို မောင်နှမများအားလုံး ရွှန်လန်းချမ်းမြေ့ပါစေ၊ ကျေးဇူးတင်ပါတယ်။
#ဆောင်းသဇင်
Monday, May 1, 2017
7:35 PM
ဘဝအတွက်အရေးကြီးဆုံးကဘာလဲ?
Myanmar Youths Technology Group
No comments
MR: EDITOR
Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment