Saturday, May 27, 2017
ဗီဇဆိုတာဖျောက်ရခက်တယ်
Zawgyi version
…………………………………………………………………………
Credit
***********************************************
Unicode
Zawgyi version
…………………………………………………………………………
ကင်းမြီးကောက်တကောင်ဟာ.သူနေတဲံ့ကျွန်းကလေးတခုကနေ.မြစ်တဖက်ကမ်းမှာရှိတဲ့နောက်ကျွန်းတခုကိုသွားချင်တယ်။.ဒါပေမဲ့.ကင်မီးကောက်ဟာရေမကူးတတ်လို့.မြစ်ကိုဖြတ်ဖို့အခက်အခဲဖြစ်နေတယ်။.မြစ်ကမ်းဘေးမှာလျှေက်သွားရင်း.ဒီမြစ်ကိုဘယ်လိုကူးရပါ့လို့အကြံထုတ်နေတုံး.-ရုတ်တရက်.မြစ်ရေစပ်ကရေစိမ်နေတဲ့ဖါးတကောင်ကိုတွေ့လိုက်လို့.သွားစကားပြောတယ်။
ကင်းမြီးကောက်၊..."ကိုရွှေဖါးရေ.ကျနော့်ကို.ခင်ဗျားရဲ့ကျောပေါ်တင်ပြီး.ဟိုဖက်ကမ်းကိုပို့ပေးပါလား။.ကျေးဇူးမမေ့ပါဘူးဗျာ"
ဖါး၊...."ဟာ.ဘယ်ဖြစ်မလဲ။.မင်းကိုကျောပိုးသွားရင်.ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့အစွယ်နဲ့ထိုးလိုက်ရင်.ငါရေနစ်သေသွားမှာပေါ့"
ကင်းမြီးကောက်၊..."ကိုရွှေဖါးရယ်.ခင်ဗျားကိုကျနော်အစွယ်နဲ့ထိုးပါ့မလားဗျာ။.ကျနော့်ကို.ဟိုဖက်ကမ်းပို့ပေးတဲ့ကျေးဇူးရှင်ကိုလုပ်ရက်ပါ့မလားဗျာ။.နောက်ပြီး.ခင်ဗျားကိုအစွယ်နဲ့ထိုးလိုက်လို့.ခင်ဗျားရေနစ်ရင်.ကျနော်လဲရေနစ်သေမှာပဲလေ။.ကျနော်ရေမကူးတတ်ဖူးဆိုတာ.ခင်ဗျားသိပါတယ်ဗျာ"
ဖါးလဲ.စဉ်းစားတယ်။.ကင်းမြီးကောက်ပြောတာလဲဟုတ်သားပဲ။.သူ့ကိုယ်သူရေနစ်အသေခံပြီး.ငါ့ကိုအစွယ်နဲ့ထိုးစရာအကြောင်းမရှိဘူးလေ။.အဲဒီတော့.ဖါးလဲ.ဟိုဖက်ကမ်းကိုပို့ပေးမယ်လို့သဘောတူလိုက်တယ်။.ဒါနဲ့.ဖါးဟာ.ကင်းမြီးကောက်ကို.ကျောပေါ်တင်လို့.ရေစီးသန်တဲ့မြစ်မှာ.သူ့ကိုယ်ကိုရေအပေါ်.ပေါ်အောင်ကြိုးစားပြီး.မြစ်ကိုဖြတ်ကူးပါတော့တယ်။
မြစ်လယ်ရောက်တော့.ဖါးဟာ.သူ့ကျောမှာစူးကနဲ.တချက်ခံစားလိုက်ရတယ်။.နောက်ကိုအသာလှည့်ကြည့်လိုက်တော့.ကင်းမြီးကောက်ဟာ.အစွယ်ကို.သူ့ရဲ့နောက်ကျောကနေ.ဆွဲနူတ်လိုက်တာတွေ့ရတယ်။
ဖါးလဲ.နာကျင်ဝေဒနာခံစားရင်းပြောလိုက်တယ်။."ဟာ..မင်း.ဘယ်လိုလုပ်လိုက်တာလဲ။.မင်းပဲ.စောစောကပြောတယ်လေ။.ငါ့ကိုအစွယ်နဲ့မထိုးဘူးလို့။.အခု.ငါ့မှာအဆိပ်တက်နေပြီ။.ငါရေနစ်ပြီးသေရင်.မင်းလဲရေနစ်သေမှာ.မကြောက်ဖူးလား"
ကင်းမြီကောက်က.ဘာပြန်ပြောသလဲ။."ခင်ဗျားသေရင်.ကျနော်လဲ.ရေနစ်သေမှာသိပါတယ်။.ဒါပေမဲ့.တခြားသတ္တဝါတကောင်ကိုတွေ့ရင်.အစွယ်နဲ့ထိုးတတ်တဲ့ကျနော့်ရဲ့ဗီဇကိုဖျောက်မရလို့ပါဗျာ"
နောက်ဆုံးတော့.ဖါးရော.ကင်းမြီးကောက်၂ကောင်စလုံးဟာ.မြစ်ရေထဲနစ်မြုပ်သေဆုံးသွားကြပါတော့တယ်။
ဒီပုံပြင်လေးဟာ.နိုင်ငံခြားမှာ.အလွန်နာမည်ကြီးတဲ့ပုံပြင်လေးပါ။.ကလေးပုံပြင်မဟုတ်ပါဘူး။.လူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့.လူကြီးတွေကို.အသိပညာပေးတဲ့ပုံပြင်ပါ။
သနားလို့ကူညီပေမဲ့လဲ.အဲဒီလိုဗီဇမဖျောက်နိုင်တဲ့လူနဲ့တွေ့ရင်.ကူညီသူပါဒုက္ခရာက်တတ်တယ်ဆိုတဲ့သတိပေးသင်ခန်းစာပါ
Credit
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။
ကျွန်တော်လေ ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပက္ကာရတင်ရှိပါတယ်
ဖြိုးလေး(Myanmar Youth)ph-09969535368
***********************************************
Unknown
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
0 comments:
Post a Comment
Copyright @ Myanmar Youths