တန်ဖိုးဆိုတာ သိမှ
➳ ➳ ➳ ➳ ➳ ➳ ➳
တစ်ခါတုန်းက ကလေးတစ်ယောက်
တောထဲမှာ ဆော့ကစားရင်း ကျောက်တုံးလေးဆယ်တုံး
လှလို့ဆိုပြီး အိမ်ယူလာတယ်
ပြီးတော့ ရေကန်ထဲ ပစ်ထည့်ထားလိုက်တယ်
တနေ့ကျတော့ သူ့အိမ်ကို အလှမွေးငါး
ရောင်းတဲ့လူလာရင်း
ကျောက်တုံးလေးတွေကို တွေ့သွားတယ်
ပြီးတော့ သဘောကျလို့ နှစ်တုံး ကို တစ်ထောင်ပေးပြီး
ယူသွားတယ်
နောက်တနေ့ကျတော့ သူ့အိမ်ကို
စီးပွားရေးသမားတစ်ယောက် ရေတောင်းသောက်ရင်း
ကျောက်တုံးလေးတွေကိုကြည့်ရင်း အဖိုးတန်မှန်းသိလို့
နှစ်တုံးကို တစ်သောင်းနဲ့ ပေးယူသွားတယ်
နောက်သိမ်မကြာခင်မှာ ရတနာကုန်သည်တစ်ယောက်
ရောက်လာပြီး ခဏနား ခြေလက်ဆေးရင်း
အဲ့ကျောက်တုံးလေးတွေကို တွေ့သွားတယ်
ဒါဟာ စိန်ရိုင်းတုံးတွေမှန်းသိတော့ ဆယ်သိန်းပေးပြီး
နှစ်တုံးယူသွားတယ်
အဲ့လိုနဲ့ တစ်နေ့မှာ ပန်းထိမ် ဆရာတစ်ဦးဟာ
သူ့တို့အိမ်မှာ ခဏဝင်နားရင်း အဲ့စိန်ရိုင်းတုံးလေးကို
တွေမြင်သွားပြန်တယ် အဖိုးတန်တဲ့အရာလို့
အကျိုးအကြောင်းပြောပြီး သိန်းတစ်ရာနဲ့လဲယူသွားတယ်
တန်ဖိုးဆိုတာ တန်ဖိုးသိတဲ့ သိတဲ့ လူရဲ့လက်ထဲမှာပဲ
တန်ဖိုးဟာ ထိုးတတ်သွားတယ်
ဘဝ ဆိုတာလည်း အဲ့လို့ပဲ ကိုယ့်ကို
တန်ဖိုးထားသူတွေရဲ့ ရင်ထဲမှာ ကိုယ်ဟာ တန်ဖိုးရှိနေပြီး
ကိုယ့်တန်ဖိုးကို နားမလည်သူတွေရဲ့ အမြင်မှာတော့
ကိုယ်ဟာ ရေထဲပစ်ထည့်ခံရသူလိုပဲ။
သူဘယ်လောက်ပဲ တန်ဖိုးရှိနေပါစေ
ကိုယ်တိုင်တန်ဖိုးရှိအောင်နေပါ..
ဘဝ မှာ ကိုယ်တန်ဖိုးထားပေမယ့်
ထွက်သွားသူတွေအတွက် ဝမ်းနည်းနေမယ့်အစား
ကိုယ့် ကိုယ်တန်ဖိုးထားသူတွေအတွက်
အချိန်ပိုပေးလိုက်ပါ
တန်ဖိုးဆိုတာ တန်ဖိုးသိတဲ့ လူတွေအတွက်မို့
ကိုယ့်တန်ဖိုး ကိုယ်မဖျက်ဆီးနဲ့။
သူများက ယုံကြည်လို့ပေးအပ်ထားတဲ့
တန်ဖိုးလည်း မဖျက်ဆီးလိုက်နဲ့။
ဘဝ မှာ ယုံကြည်သူရဲ့ သစ္စာဖောက်ခြင်းခံရတာလောက်
ခံရခက်တာ မရှိတာမို့
ကိုယ့်ကသူယုံကြည်မှုကို နင်းမယ်တွေးမိတိုင်း
ငါအလှည့်ဆိုတာကို တွေးကြည့်လိုက်ပါ
တန်ဖိုးကို မဖျက်ဆီးလိုက်ပါနဲ့
credit:: ဘာမထီဘွား....အတွေးစာစုလေးများ
Friday, May 5, 2017
7:54 AM
တန်ဖိုးဆိုတာသိမှ
MR: EDITOR
Unknown
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment