Thursday, August 3, 2017

အင္းေလးကန္

အင္းေလးကန္အေၾကာင္း သိေကာင္းစရာ
=======================
မွတ္စုစာအုပ္ | site.google.com

အင္းေလးကန္သည္ ျမန္မာနိုင္ငံ၊ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေရႊ
နယ္တြင္ တည္ရွိသည္။ ျမစ္ႀကီးနားခရိုင္ရွိ အင္းေတာ္ႀကီးမွလြဲလွ်င္ ျမန္မာနိုင္ငံ၏ ဒုတိယေျမာက္အႀကီးဆုံး ကန္ ျဖစ္သည္။

ေတာင္ႏွင့္ေျမာက္တန္းလ်က္ရွိေသာ ေတာင္တန္းႀကီး(၂)ခုၾကားတြင္ ခြက္၀င္ေနေသာ ေညာင္ေရႊခ်ဳိင့္၀ွမ္းႀကီး၏ အလယ္ အနက္ရႈိင္းဆံုး
အပိုင္း၌ တည္ရွိသည္။ အက်ယ္အဝန္းအားျဖင့္ ခန႔္မွန္းေၿခ ၄၄.၉ စတုရန္းမိုင္ခန႔္ရွိၿပီး ပင္လယ္ေရမ်က္ႏွာျပင္ ၂၉၀၀ မိုင္တြင္တည္ရွိသည္။

အင္းေလးကန္သည္ ေတာင္ေပၚအင္းအိုင္ႀကီး တစ္ခုျဖစ္သည္။ အင္းေလးသည္ ေတာင္ႏွင့္ေျမာက္ အလ်ား ကိုးမိုင္ခန္႔ရွည္သည္။ အက်ယ္ဆံုးေနရာ၌အေရွ႕ႏွင့္အေနာက္ သံုးမိုင္ခြဲခန္႔ ရွိသည္။

တည္ရာအရပ္
--------------
အတိအက် အလား ၄ ရပ္က ေတာင္ပုိင္း႐ွမ္းျပည္၌ ပင္လံုႏွင့္ ဖဲခံုၿမိဳ႕
နယ္စပ္ ေညာင္ေ႐ႊရပ္ဝယ္ ပင္လယ္မ်က္ႏွာျပင္အထက္ ေပ ၂၉၅၂
အျမင့္ အေ႐ွ႕ေျမာက္ယဥ္စြန္းတန္း ၉၇ ႏွင့္ ၂၀ ဒီဂရီအၾကား အင္းေလးကန္သာ တည္႐ွိပါသည္။

ေလာပိတတြင္ရွိေသာ (တစ္ခ်ိန္ကအေရွ႕ေတာင္အာရွတြင္အႀကီးဆံုး
ျဖစ္ခဲ့ဖူးသည့္) ေရအားလွ်ပ္စစ္ဓါတ္ထုတ္လုပ္ေရးစက္ရံုအတြက္ အဓိကက်ေသာ ေရအရင္းအျမစ္ သဘာ၀ေလွာင္ကန္လည္းျဖစ္သည္။

အင္းေလးေရျပင္ေပၚတြင္ ရြာႀကီး၊ ရြာငယ္မ်ား တည္ေဆာက္ထားသည္။ တစ္ေနရာမွ တစ္ေနရာသို႔ ေလွမ်ား၊ စက္ေလွမ်ားျဖင့္ သြားလာၾကသည္။ ေလွကို ေျချဖင့္ေလွာ္ခတ္သည္။ အင္းေလးေဒသ နန္ဟူးရြာရွိ အင္းေလး ေဖာင္ေတာ္ဦးဘုုရားသည္ထင္ရွားသည္။

အင္းေလးကန္သာ၏ ပထဝီဆုိင္ရာအျခင္းအရာ
-----------------------------------------------
ဧရိယာအားျဖင့္ ၈၄ စတုရန္းမုိက်ယ္ေျပာေသာ ဤအေရာင္တဖိတ္ဖိတ္ ႏွင့္အင္းေလးကန္သာသည္ မဲျပာေမွာင္ေတာင္တန္းအား အျဖဳေရာင္ ေဘာင္ခပ္ထားသည့္အလား အလြန္ထင္႐ွားတင့္တယ္ေစ ပါသည္။ ေရေနကုန္းေျခမွာ ေျမာက္ႏွင့္ အေနာက္တန္းခ်က္႐ွိပါသည္။ ေႏြရာသီ
တြင္ ဤအင္းေလး၏ ဖ်မ္းမွ်အနက္မွာ ၇ ေပသာ႐ွိ႐ွာသည္။ အနက္ဆံုး
အပိုင္းမွာ ၁၂ ေပသာ ႐ွိ၍ မုိးတြင္းက်မွ ဖ်မ္းမွ်ွအထက္ ၅ ေပ ပိုတက္
လာတတ္ပါသည္။ ကန္သည္ နမ္ပီလူးေခၚ ဘီလူးေခ်ာင္းတြင္းမွျဖတ္၍ ေတာင္ဖက္စြန္မွ စီးထြက္သြားပါသည္။

အင္းေလးကန္၏ အဆက္အစပ္႐ွိေသာ ဒ႑ာရီ ၂ ပုဒ္
------------------------------------------------------
အင္းေလးလူ႔ရိပ္ၿမံဳဝယ္ ပ်ံ႕ႏွံ႔တည္တံ့ေနဖုိ႔ ယင္းဒ႑ာရီ ၂ ပုဒ္ကို မ်ဳိးအဆက္ဆင့္ဆင့္ေျပာခဲ့သည္မွာ ယေန႔ေခတ္မ်ဳိးဆက္အထိတုိင္
ေအာင္ပင္ ျဖစ္ပါသည္။. ေအဒီ ၁၀၄၄ က ပုဂံတြင္ ျမန္မာ့နန္း႐ုိးစခဲ့
ေသာ ပထမၿမိဳ႕တည္နန္းတည္ဘုရင္ အေနာ္ရထာ၏ ျမစ္ေတာ္ႀကီး ဘုရင္အေလာင္းစည္သူသည္ တုိင္းျပည္တနံတလ်ား ခရီးသြားခဲ့သည္
တြင္ ထားဝယ္သားတုိ႔လည္း ေနာက္ေတာ္ပါးက ပါၾကဆုိ၏။ ထားဝယ္
ဆုိသည္က ေအာက္ျမန္မာႏိုင္ငံကမ္း႐ိုးတန္းေဒသသား တုိင္းရင္းသား
တစ္မ်ဳိးျဖစ္သည္။ အင္းေလးကန္အေရာက္ ထားဝယ္သားတုိ႔အား ထို
အရပ္၌ အေျခခ်ေနထိုင္ၾကဖုိ႔ အရပ္တစ္ခု သတ္မွတ္ျပဳေပးေတာ္မူ
ခဲ့သည္။ အေနအထားက ထားဝယ္သားတုိ႔ ယခင္သူတုိ႔ေနထုိင္ႀကီးျပင္း
ခဲ့ရာ (တနၤသာရီ) ကမ္း႐ုိးတန္းအရပ္နွင့္ ေရေျမအေနအထားမ်ားစြာ
တူသည္ဟု ထင္ဖြယ္ရာ႐ွိပါသည္။

ဘုရင္အေလာင္းစည္သူ ေဖာင္ေတာ္ေက်ာက္ခ်ရာ အင္းေလးကန္
မဟာတြင္ ဗုဒၵ႐ုပ္ပြား ၅ ဆူႏွင့္ ေဖာင္ေတာ္ဦးေစတီတည္ေတာ္မူ
ခဲ့သည္။ ယင္းဆင္းထုေတာ္တုိ႔မွာ မာလာယုကၽြန္းစြယ္သို႔ ဘုရင္မင္းျမတ္ ေဖာင္စၾက္ာအေရာက္တြင္ ရ႐ွိယူေဆာင္ခဲ့ရာမွ ယင္းနယ္သစ္ဖြင့္
ထားဝယ္သားတုိ႔ ကိုးကြယ္ဖုိ႔ေပးသနားခဲ့သည္ဆုိ၏။

ယေန႔ယခုတုိင္ေအာင္ပင္ အင္းေရျပင္ေျမျပင္အနက္၌ ကၽြန္းတံုးကၽြန္း
သားအထပ္ထပ္ ျမင္ႏိုင္ေသးေသာေနရာကား ဘုရင္မင္းျမတ္၏ နန္းေတာ္စုိက္ရာ ျဖစ္ပံုရသည္ဟု ယေန႔ယခုတိုင္ ေနထုိင္လ်က္ ႐ွိေန
ၾကသည့္ ထားဝယ္သား သုိ႔မဟုတ္ အင္းသားတုိ႔က ယံုၾကည္ၾကပါသည္။

နန္းပန္ၿမိဳ႕မွ တစ္မိုင္ခန္႔အေဝး၌လည္း ခြဲျခမ္း ေမြေတာ္သည္ေတာ္နွင့္ ေမြေတာ္တဆူ အျခားအေျခစုိက္ေနထုိင္ၾကသူမ်ား ကိုးကြယ္ၾကဖုိ႔ စုိက္ထူလွဴေတာ္မူခဲ့ေသးသည္။ ဘုရင္သည္လည္း ဤအရပ္၌ပင္ တုိင္းသူျပည္သားတုိ႔၏ အပူေဇာ္ကို ခံေတာ္မူသတဲ့။ အင္းသားတုိ႔ကိုယ္
၌က သူတုိ႔အခ်င္းခ်င္း ဘံုေျပာပံုဆုိပံုအသံအမူမွအစ တူၾက၍ အင္းသား
တုိ႔က သူတုိ႔မွာ ထားဝယ္သားတုိ႔၏ ဘုိးဘြားဘီဘင္ဟု ဆုိခ်င္ၾကသည္။

ေနာက္ထပ္ အျငင္းပြားသည့္ ဒ႑ာရီတစ္ခုက အင္းသားတုိ႔ကိုယ္၌ ယံုၾကည္ၾကသည္မွာ အ႐ီးေခတ္ျမန္မာႏိုင္ငံ ပုဂံအစမွ သူတုိ႔ဘုိးဘြား
ဘီဘင္အစဥ္လုိက္ အင္းေလးဖက္သုိ႔ ဆင္းသက္ေနထုိင္္ခဲ့ၾကသည္မွာ ဘုရင္အေလာင္းစည္သူ မေရာက္မွီကတည္းကျဖစ္သည္ဟု ဆုိ၏။ ဘုရင္ေရာက္အလာ အင္းသားတုိ႔ကိုယ္၌က ေဖာင္စၾကၤာအတြက္ ေရတပ္မေတာ္သားအျဖစ္ အမႈထမ္းလုိပါေၾကာင္း ဆႏၵေလ်ာက္တင္
ေလွ်ာက္ရာမွ သူတုိ႔ကိုျမန္မာတံခြန္ ေတာင္စြန္ေရာက္ေအာင္ လုိက္ပါ
လာၿပီး ဘုရင္ကသနား၍ အေျခက်ေနၾကဖို႔ ေဒသတစ္ရပ္ ဖြင့္ခဲ့ရာ၊ ထုိမွေနာင္ ယခုတုိင္ေအာင္ ထားဝယ္အမည္ႏွင့္ တည္စဲ႐ွိ၏။ ယေန႔တုိင္ေအာင္ ေဖာ္ျပပါအသိရခက္သည့္ ဒ႑ာရီ ၂ ပုဒ္ေၾကာင့္ ထားဝယ္နွင့္ အင္းသားမည္သည္ကစေၾကာင္း မည္သူမွ ဆင္ေျခေပး မွတ္ခ်က္ျပဳ ေစဒနာျခင္း မျပဳၾကေတာ့ေခ်။

အင္းေလးနယ္သူနယ္သားလူအမ်ား
------------------------------------
႐ွမ္းျပည္နယ္တြင္ မ်ဳိးႏြယ္စုအမ်ုဳိးမ်ဳိးအတြင္း သက္ေမြးသမႈ စီးပြားေရးရာ
ျပဳၾကရာ၌ အင္းသားတုိ႔က အေက်ာ္ေဒးယ် ပါးနပ္တီထြင္ညာဏ္႐ႊင္ ညာဏ္ျပည့္လံု႔လ႐ွိၿပီး ဇြဲသမာၻရထက္သာလြန္သ၍ ႏွံ႔ႏွံ႔စပ္စပ္လုပ္
တတ္ၾကသည္။ ျမန္မာတုိ႔ေျပာစမွတ္႐ွိသည္မွာ အင္းသားတုိ႔သည္
ေျမႀကီးမွ ေ႐ႊသီးမ်ားျဖစ္ထြန္းေစႏုိင္သလုိ အင္းေလးေရျပင္ကို ေျမျပင္
ျပဳ၍ ဟင္း႐ၢက္ဟင္းသီးတုိ႔ကို စုိက္ပ်ဳိးထုတ္လုပ္ႏုိင္ၾကပါသတဲ့။ ျမန္မာ
ျပည္ဘြား အျခားလယ္သမားတုိ႔ကဲ့သုိ႔ပင္ သူတုိ႔ဘဝ ပဓါနရပ္ခ်က္မႈက စုိက္ပ်ိဳးအေျခခံ ေဘာဂေဗဒ နည္းပညာမ်ားပင္ ျဖစ္ပါသည္။ ယင္းနည္း
ေဗဒတုိ႔တြင္ ေျမျပင္စိုက္ပ်ိဳးအလွစုိက္ခင္းႏွင့္ အပင္အလွဆင္ျခင္း အင္းေလးေရျပင္အထက္ ကၽြန္းေမ်ာျပဳ၍ ဥယ်ာဥ္ေစ်းကြက္ ထူေထာင္
ျခင္းႏွင့္ မ်ဳိး႐ုိးစဥ္လာတငါ ငါးဖမ္းလုပ္ငန္း လုပ္ျခင္း တုိ႔ ပါဝင္ပါသည္။

လူမ်ိဳး
------
အင္းေလးကန္တြင္ ေနထိုင္ေသာလူမ်ိဳးမ်ားကိုအင္းသားလူမ်ိဳးဟုေခၚ
ပါသည္။

လူဦးေရႏွင့္ မ်ဳိးႏြယ္စုတုိင္းရင္းသားမ်ား
---------------------------------------
အင္းေလးကန္ကုိၿခံ၍ တည္သည့္နယ္ခ်င္းစပ္ ၄ ၿမိဳ႕နယ္ ကန္ေရျပင္
အပါအဝင္ ေက်း႐ြာတုိ႔၌ေနၾကသူေပါင္းမွာ ၇ ေသာင္းဟု ခန္႔မွန္းသည္။ ကန္း႐ုိးတေလ်ာက္မုိ႔ အင္းသားတုိ႔ကလူမ်ားစု၊ ႐ွမ္းႏွင့္ ေရာ ေတာင္႐ိုး
ပအုိ႔ပ္တုိ႔ကလည္း အႏွံ႔အျပား ေတာင္သူဟူလည္းေခၚၾက ဓႏုကယား ဓႏံုးသားအျပင္ ဗမာတုိ႔လည္းပါဝင္ၾကသည္။

အင္းေလးနယ္၏ စားေကာင္းေသာက္ဖြယ္
------------------------------------------
အင္းအတြင္း ေရညွိေရေမွာ္ ခူးဆြတ္ၿပီးအျပန္ အိမ္အေရာက္တြင္ အင္းေလးသူ၊အင္းေလးသားတုိ႔ ေလႊးေလ့႐ွိသည္က ထမင္းခ်ဥ္။
ယင္းက အေဖာက္ခ်ဥ္ထည့္ထားသည့္ထမင္း။ ယင္းတုိ႔ ၂ ျပန္ ေၾကာ္ေၾကာ္ထားသည့္ တုိ႔ဟူးေၾကာ္ႏွင့္ျဖစ္ရာ အမ်ားႏွစ္ၿခိဳက္သည့္ ေဒသအစာျဖစ္ပါေတာ့သည္။ ငါးဖိန္းဆိုသည္က စားေနက် အေျခခံ
အင္းငါးဖမ္းရႏုိင္သည္က အမ်ားအျပား ထမင္းခ်ဥ္ႏွင့္နယ္၍ ငါးခ်ဥ္ထုပ္ျဖစ္ၿပီး အာလူးႏွင့္တြဲဖက္စားေသာက္ၾကသည္မွာ ဘယ္အခါမွမၿငီးႏုိင္ပါ။

အင္းေလးနယ္၏ ကုန္သြယ္မႈ
-----------------------------
အင္းေလးနယ္တဝိုက္ ကုန္သြယ္ထုိက္သည့္အရာတုိ႔က လက္လုပ္ကုန္
စည္အျဖစ္မ်ား၍ လက္နက္တံဆာ၊ ကိရိယာပစၥည္း ထြင္းထုထားသည့္ အလွဆင္ဝတၲဳအဝတ္အထည္ႏွင့္ ဖက္လိပ္ေခၚ ေဆးလိပ္တုိ႔မွာ ေဒသ
သံုးသက္သက္လည္း႐ွိ ေဒသအပႏွင့္လည္း ကူးလူးဖုိ႔ပါ႐ွိပါသည္။

ယင္းတုိ႔အနက္ အေတာ္မ်ားမ်ား အလားတူတုိ႔ကို ျမန္မာျပည္အရပ္ရပ္
၌လည္း ဝယ္ရလုပ္ရႏုိင္ပါသည္။ ေန႔စဥ္ အေရာင္းအဝယ္မွာ ေဒသ
ေစ်းတြင္ တြင္က်ယ္စြာလုပ္ႏိုင္၏။ သုိ႔ေသာ္ ပ်ံက်ေစ်းျဖစ္၍ ေစ်းေနရာ
ေျပာင္းသည္ကို အစဥ္အလာသမားတုိ႔အတြက္ အခက္အခဲ႐ွိသိၾကပါ၏။ ထုိ႔ေၾကာင့္ ပဥၥမေစ်းေန႔တိုင္း ေနာက္တေစ်း မည္သည့္ေနရာမွာဆုိ
သည္ကိုိ လွည့္လည္စဥ္ထားကာ ေရးဆြဲလုိက္နာၾကပါ၏။ ေစ်းေန႔က်
လွ်င္ျဖင့္ ေလွငယ္ကိုယ္စီျဖင့္ ေရေပၚေစ်းအျဖစ္ က်န္၄ရက္ထက္
ပိုမိုမ်ားျပားသည့္ ပမာဏကို ခရီးသြားဧည့္သည္တုိ႔အတြက္ ေရာင္းၾက
ဝယ္ၾကပါသည္။

အင္းေလးကန္သည္ ေ႐ွး႐ိုးစဥ္လာယကၠန္းလုပ္ငန္းအတြက္လည္း ေက်ာ္ၾကားပါသည္။ ႐ွမ္းလြယ္အိပ္ေခၚ ပခုန္းလြယ္အိပ္မွာ ျမန္မာအမ်ား
ေန႔စဥ္သံုး၍ ဤေဒသတြင္အထြက္မ်ားပါသည္။ ပိုးထည္ယက္ျခင္းက
လည္း အမ်ားႀကိဳက္ အေရးပါလက္မႈစက္မႈပညာလုပ္ငန္းတစ္ခုျဖစ္၍ အင္းေလးနယ္အတြင္းသာမက ႏိုင္ငံတနံတလ်ား လူသိမ်ားၾကပါသည္။ ယင္းအရပ္ကုန္ထြက္တုိ႔က လက္ရာကသန္႔ အဆင့္ကျမင့္ လက္နွင့္ယက္
လွ်င္ပိုလွသည့္အဆင္၊ အင္းေလးဆင္ဟုလည္း ေခၚၾက။ က်ားမ မဟူ
သူသူငါငါတုိင္း ရင္တန္ဆာအျဖစ္ ဆင္ျမန္းၾကသည္။ ယခုဆုိလွ်င္ ခရီးသြားေ႐ႊဧည့္သည္ႏွင့္ ႏိုင္ငံျခားဧည့္သည္တုိ႔က အလွပစၥည္း ပဏၰာပစၥည္းလုိ အသီးသီးဝယ္သြားေလ့႐ွိၾကပါသည္။

ထင္ရွားေသာေနရာမ်ား
-----------------------
- ေဖာင္ေတာ္ဦးဘုရား
- ရြာမ ေရေပၚေစ်း
- ငါးဖယ္ေခ်ာင္ေက်ာင္းတုိက္ (ေၾကာင္ခုန္ေက်ာင္း ဟုလူသိမ်ားသည္။)

မိုရွီ @ Mòšhï Mòšh
က်ြန္ေတာ္သိ၍က်ြန္ေတာ္တတ္၍ေရးသားျခင္းမဟုတ္ပါ။


က်ြန္ေတာ္ေလ ့လာမိသမ်ွကိုစာဖတ္သူမ်ားထံျပန္လည္မ်ွေဝေပးျခင္းသာျဖစ္ပါတယ္။


က်ြန္ေတာ့္ပို႔စ္တစ္ခုခ်င္းစီအတြက္မူရင္းေရးသားသူမ်ားကိုအထူးေက်းဇူးတင္ဥပကၠာရတင္ရွိပါတယ္


ျဖိဳးေလး(Myanmar      Youth)ph-09969535368


**********************************************************************************************


အင်းလေးကန်အကြောင်း သိကောင်းစရာ
=======================
မှတ်စုစာအုပ် | site.google.com

အင်းလေးကန်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေ
နယ်တွင် တည်ရှိသည်။ မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး ကန် ဖြစ်သည်။

တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင် ခွက်၀င်နေသော ညောင်ရွှေချိုင့်၀ှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံး
အပိုင်း၌ တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင်ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ၂၉၀၀ မိုင်တွင်တည်ရှိသည်။

အင်းလေးကန်သည် တောင်ပေါ်အင်းအိုင်ကြီး တစ်ခုဖြစ်သည်။ အင်းလေးသည် တောင်နှင့်မြောက် အလျား ကိုးမိုင်ခန့်ရှည်သည်။ အကျယ်ဆုံးနေရာ၌အရှေ့နှင့်အနောက် သုံးမိုင်ခွဲခန့် ရှိသည်။

တည်ရာအရပ်
--------------
အတိအကျ အလား ၄ ရပ်က တောင်ပိုင်းရှမ်းပြည်၌ ပင်လုံနှင့် ဖဲခုံမြို့
နယ်စပ် ညောင်ရွှေရပ်ဝယ် ပင်လယ်မျက်နှာပြင်အထက် ပေ ၂၉၅၂
အမြင့် အရှေ့မြောက်ယဉ်စွန်းတန်း ၉၇ နှင့် ၂၀ ဒီဂရီအကြား အင်းလေးကန်သာ တည်ရှိပါသည်။

လောပိတတွင်ရှိသော (တစ်ချိန်ကအရှေ့တောင်အာရှတွင်အကြီးဆုံး
ဖြစ်ခဲ့ဖူးသည့်) ရေအားလျှပ်စစ်ဓါတ်ထုတ်လုပ်ရေးစက်ရုံအတွက် အဓိကကျသော ရေအရင်းအမြစ် သဘာ၀လှောင်ကန်လည်းဖြစ်သည်။

အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားသည်။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။ လှေကို ခြေဖြင့်လှော်ခတ်သည်။ အင်းလေးဒေသ နန်ဟူးရွာရှိ အင်းလေး ဖောင်တော်ဦးဘုရားသည်ထင်ရှားသည်။

အင်းလေးကန်သာ၏ ပထဝီဆိုင်ရာအခြင်းအရာ
-----------------------------------------------
ဧရိယာအားဖြင့် ၈၄ စတုရန်းမိုကျယ်ပြောသော ဤအရောင်တဖိတ်ဖိတ် နှင့်အင်းလေးကန်သာသည် မဲပြာမှောင်တောင်တန်းအား အဖြုရောင် ဘောင်ခပ်ထားသည့်အလား အလွန်ထင်ရှားတင့်တယ်စေ ပါသည်။ ရေနေကုန်းခြေမှာ မြောက်နှင့် အနောက်တန်းချက်ရှိပါသည်။ နွေရာသီ
တွင် ဤအင်းလေး၏ ဖျမ်းမျှအနက်မှာ ၇ ပေသာရှိရှာသည်။ အနက်ဆုံး
အပိုင်းမှာ ၁၂ ပေသာ ရှိ၍ မိုးတွင်းကျမှ ဖျမ်းမျှှအထက် ၅ ပေ ပိုတက်
လာတတ်ပါသည်။ ကန်သည် နမ်ပီလူးခေါ် ဘီလူးချောင်းတွင်းမှဖြတ်၍ တောင်ဖက်စွန်မှ စီးထွက်သွားပါသည်။

အင်းလေးကန်၏ အဆက်အစပ်ရှိသော ဒဏ္႑ာရီ ၂ ပုဒ်
------------------------------------------------------
အင်းလေးလူ့ရိပ်မြုံဝယ် ပျံ့နှံ့တည်တံ့နေဖို့ ယင်းဒဏ္႑ာရီ ၂ ပုဒ်ကို မျိုးအဆက်ဆင့်ဆင့်ပြောခဲ့သည်မှာ ယနေ့ခေတ်မျိုးဆက်အထိတိုင်
အောင်ပင် ဖြစ်ပါသည်။. အေဒီ ၁၀၄၄ က ပုဂံတွင် မြန်မာ့နန်းရိုးစခဲ့
သော ပထမမြို့တည်နန်းတည်ဘုရင် အနော်ရထာ၏ မြစ်တော်ကြီး ဘုရင်အလောင်းစည်သူသည် တိုင်းပြည်တနံတလျား ခရီးသွားခဲ့သည်
တွင် ထားဝယ်သားတို့လည်း နောက်တော်ပါးက ပါကြဆို၏။ ထားဝယ်
ဆိုသည်က အောက်မြန်မာနိုင်ငံကမ်းရိုးတန်းဒေသသား တိုင်းရင်းသား
တစ်မျိုးဖြစ်သည်။ အင်းလေးကန်အရောက် ထားဝယ်သားတို့အား ထို
အရပ်၌ အခြေချနေထိုင်ကြဖို့ အရပ်တစ်ခု သတ်မှတ်ပြုပေးတော်မူ
ခဲ့သည်။ အနေအထားက ထားဝယ်သားတို့ ယခင်သူတို့နေထိုင်ကြီးပြင်း
ခဲ့ရာ (တင်္နသာရီ) ကမ်းရိုးတန်းအရပ်နှင့် ရေမြေအနေအထားများစွာ
တူသည်ဟု ထင်ဖွယ်ရာရှိပါသည်။

ဘုရင်အလောင်းစည်သူ ဖောင်တော်ကျောက်ချရာ အင်းလေးကန်
မဟာတွင် ဗုဒ္ဒရုပ်ပွား ၅ ဆူနှင့် ဖောင်တော်ဦးစေတီတည်တော်မူ
ခဲ့သည်။ ယင်းဆင်းထုတော်တို့မှာ မာလာယုကျွန်းစွယ်သို့ ဘုရင်မင်းမြတ် ဖောင်စြက်ာအရောက်တွင် ရရှိယူဆောင်ခဲ့ရာမှ ယင်းနယ်သစ်ဖွင့်
ထားဝယ်သားတို့ ကိုးကွယ်ဖို့ပေးသနားခဲ့သည်ဆို၏။

ယနေ့ယခုတိုင်အောင်ပင် အင်းရေပြင်မြေပြင်အနက်၌ ကျွန်းတုံးကျွန်း
သားအထပ်ထပ် မြင်နိုင်သေးသောနေရာကား ဘုရင်မင်းမြတ်၏ နန်းတော်စိုက်ရာ ဖြစ်ပုံရသည်ဟု ယနေ့ယခုတိုင် နေထိုင်လျက် ရှိနေ
ကြသည့် ထားဝယ်သား သို့မဟုတ် အင်းသားတို့က ယုံကြည်ကြပါသည်။

နန်းပန်မြို့မှ တစ်မိုင်ခန့်အဝေး၌လည်း ခွဲခြမ်း မွေတော်သည်တော်နှင့် မွေတော်တဆူ အခြားအခြေစိုက်နေထိုင်ကြသူများ ကိုးကွယ်ကြဖို့ စိုက်ထူလှူတော်မူခဲ့သေးသည်။ ဘုရင်သည်လည်း ဤအရပ်၌ပင် တိုင်းသူပြည်သားတို့၏ အပူဇော်ကို ခံတော်မူသတဲ့။ အင်းသားတို့ကိုယ်
၌က သူတို့အချင်းချင်း ဘုံပြောပုံဆိုပုံအသံအမူမှအစ တူကြ၍ အင်းသား
တို့က သူတို့မှာ ထားဝယ်သားတို့၏ ဘိုးဘွားဘီဘင်ဟု ဆိုချင်ကြသည်။

နောက်ထပ် အငြင်းပွားသည့် ဒဏ္႑ာရီတစ်ခုက အင်းသားတို့ကိုယ်၌ ယုံကြည်ကြသည်မှာ အရီးခေတ်မြန်မာနိုင်ငံ ပုဂံအစမှ သူတို့ဘိုးဘွား
ဘီဘင်အစဉ်လိုက် အင်းလေးဖက်သို့ ဆင်းသက်နေထိုင််ခဲ့ကြသည်မှာ ဘုရင်အလောင်းစည်သူ မရောက်မှီကတည်းကဖြစ်သည်ဟု ဆို၏။ ဘုရင်ရောက်အလာ အင်းသားတို့ကိုယ်၌က ဖောင်စင်္ကြာအတွက် ရေတပ်မတော်သားအဖြစ် အမှုထမ်းလိုပါကြောင်း ဆန္ဒလျောက်တင်
လျှောက်ရာမှ သူတို့ကိုမြန်မာတံခွန် တောင်စွန်ရောက်အောင် လိုက်ပါ
လာပြီး ဘုရင်ကသနား၍ အခြေကျနေကြဖို့ ဒေသတစ်ရပ် ဖွင့်ခဲ့ရာ၊ ထိုမှနောင် ယခုတိုင်အောင် ထားဝယ်အမည်နှင့် တည်စဲရှိ၏။ ယနေ့တိုင်အောင် ဖော်ပြပါအသိရခက်သည့် ဒဏ္႑ာရီ ၂ ပုဒ်ကြောင့် ထားဝယ်နှင့် အင်းသားမည်သည်ကစကြောင်း မည်သူမှ ဆင်ခြေပေး မှတ်ချက်ပြု စေဒနာခြင်း မပြုကြတော့ချေ။

အင်းလေးနယ်သူနယ်သားလူအများ
------------------------------------
ရှမ်းပြည်နယ်တွင် မျိုးနွယ်စုအမျိုးမျိုးအတွင်း သက်မွေးသမှု စီးပွားရေးရာ
ပြုကြရာ၌ အင်းသားတို့က အကျော်ဒေးယျ ပါးနပ်တီထွင်ညာဏ်ရွှင် ညာဏ်ပြည့်လုံ့လရှိပြီး ဇွဲသမ္ဘာရထက်သာလွန်သ၍ နှံ့နှံ့စပ်စပ်လုပ်
တတ်ကြသည်။ မြန်မာတို့ပြောစမှတ်ရှိသည်မှာ အင်းသားတို့သည်
မြေကြီးမှ ရွှေသီးများဖြစ်ထွန်းစေနိုင်သလို အင်းလေးရေပြင်ကို မြေပြင်
ပြု၍ ဟင်းရ္ဂက်ဟင်းသီးတို့ကို စိုက်ပျိုးထုတ်လုပ်နိုင်ကြပါသတဲ့။ မြန်မာ
ပြည်ဘွား အခြားလယ်သမားတို့ကဲ့သို့ပင် သူတို့ဘဝ ပဓါနရပ်ချက်မှုက စိုက်ပျိုးအခြေခံ ဘောဂဗေဒ နည်းပညာများပင် ဖြစ်ပါသည်။ ယင်းနည်း
ဗေဒတို့တွင် မြေပြင်စိုက်ပျိုးအလှစိုက်ခင်းနှင့် အပင်အလှဆင်ခြင်း အင်းလေးရေပြင်အထက် ကျွန်းမျောပြု၍ ဥယျာဉ်ဈေးကွက် ထူထောင်
ခြင်းနှင့် မျိုးရိုးစဉ်လာတငါ ငါးဖမ်းလုပ်ငန်း လုပ်ခြင်း တို့ ပါဝင်ပါသည်။

လူမျိုး
------
အင်းလေးကန်တွင် နေထိုင်သောလူမျိုးများကိုအင်းသားလူမျိုးဟုခေါ်
ပါသည်။

လူဦးရေနှင့် မျိုးနွယ်စုတိုင်းရင်းသားများ
---------------------------------------
အင်းလေးကန်ကိုခြံ၍ တည်သည့်နယ်ချင်းစပ် ၄ မြို့နယ် ကန်ရေပြင်
အပါအဝင် ကျေးရွာတို့၌နေကြသူပေါင်းမှာ ၇ သောင်းဟု ခန့်မှန်းသည်။ ကန်းရိုးတလျောက်မို့ အင်းသားတို့ကလူများစု၊ ရှမ်းနှင့် ရော တောင်ရိုး
ပအို့ပ်တို့ကလည်း အနှံ့အပြား တောင်သူဟူလည်းခေါ်ကြ ဓနုကယား ဓနုံးသားအပြင် ဗမာတို့လည်းပါဝင်ကြသည်။

အင်းလေးနယ်၏ စားကောင်းသောက်ဖွယ်
------------------------------------------
အင်းအတွင်း ရေညှိရေမှော် ခူးဆွတ်ပြီးအပြန် အိမ်အရောက်တွင် အင်းလေးသူ၊အင်းလေးသားတို့ လွှေးလေ့ရှိသည်က ထမင်းချဉ်။
ယင်းက အဖောက်ချဉ်ထည့်ထားသည့်ထမင်း။ ယင်းတို့ ၂ ပြန် ကြော်ကြော်ထားသည့် တို့ဟူးကြော်နှင့်ဖြစ်ရာ အများနှစ်ခြိုက်သည့် ဒေသအစာဖြစ်ပါတော့သည်။ ငါးဖိန်းဆိုသည်က စားနေကျ အခြေခံ
အင်းငါးဖမ်းရနိုင်သည်က အများအပြား ထမင်းချဉ်နှင့်နယ်၍ ငါးချဉ်ထုပ်ဖြစ်ပြီး အာလူးနှင့်တွဲဖက်စားသောက်ကြသည်မှာ ဘယ်အခါမှမငြီးနိုင်ပါ။

အင်းလေးနယ်၏ ကုန်သွယ်မှု
-----------------------------
အင်းလေးနယ်တဝိုက် ကုန်သွယ်ထိုက်သည့်အရာတို့က လက်လုပ်ကုန်
စည်အဖြစ်များ၍ လက်နက်တံဆာ၊ ကိရိယာပစ္စည်း ထွင်းထုထားသည့် အလှဆင်ဝတ္တုအဝတ်အထည်နှင့် ဖက်လိပ်ခေါ် ဆေးလိပ်တို့မှာ ဒေသ
သုံးသက်သက်လည်းရှိ ဒေသအပနှင့်လည်း ကူးလူးဖို့ပါရှိပါသည်။

ယင်းတို့အနက် အတော်များများ အလားတူတို့ကို မြန်မာပြည်အရပ်ရပ်
၌လည်း ဝယ်ရလုပ်ရနိုင်ပါသည်။ နေ့စဉ် အရောင်းအဝယ်မှာ ဒေသ
ဈေးတွင် တွင်ကျယ်စွာလုပ်နိုင်၏။ သို့သော် ပျံကျဈေးဖြစ်၍ ဈေးနေရာ
ပြောင်းသည်ကို အစဉ်အလာသမားတို့အတွက် အခက်အခဲရှိသိကြပါ၏။ ထို့ကြောင့် ပဉ္စမဈေးနေ့တိုင်း နောက်တဈေး မည်သည့်နေရာမှာဆို
သည်ကိို လှည့်လည်စဉ်ထားကာ ရေးဆွဲလိုက်နာကြပါ၏။ ဈေးနေ့ကျ
လျှင်ဖြင့် လှေငယ်ကိုယ်စီဖြင့် ရေပေါ်ဈေးအဖြစ် ကျန်၄ရက်ထက်
ပိုမိုများပြားသည့် ပမာဏကို ခရီးသွားဧည့်သည်တို့အတွက် ရောင်းကြ
ဝယ်ကြပါသည်။

အင်းလေးကန်သည် ရှေးရိုးစဉ်လာယက္ကန်းလုပ်ငန်းအတွက်လည်း ကျော်ကြားပါသည်။ ရှမ်းလွယ်အိပ်ခေါ် ပခုန်းလွယ်အိပ်မှာ မြန်မာအများ
နေ့စဉ်သုံး၍ ဤဒေသတွင်အထွက်များပါသည်။ ပိုးထည်ယက်ခြင်းက
လည်း အများကြိုက် အရေးပါလက်မှုစက်မှုပညာလုပ်ငန်းတစ်ခုဖြစ်၍ အင်းလေးနယ်အတွင်းသာမက နိုင်ငံတနံတလျား လူသိများကြပါသည်။ ယင်းအရပ်ကုန်ထွက်တို့က လက်ရာကသန့် အဆင့်ကမြင့် လက်နှင့်ယက်
လျှင်ပိုလှသည့်အဆင်၊ အင်းလေးဆင်ဟုလည်း ခေါ်ကြ။ ကျားမ မဟူ
သူသူငါငါတိုင်း ရင်တန်ဆာအဖြစ် ဆင်မြန်းကြသည်။ ယခုဆိုလျှင် ခရီးသွားရွှေဧည့်သည်နှင့် နိုင်ငံခြားဧည့်သည်တို့က အလှပစ္စည်း ပဏ္ဏာပစ္စည်းလို အသီးသီးဝယ်သွားလေ့ရှိကြပါသည်။

ထင်ရှားသောနေရာများ
-----------------------
- ဖောင်တော်ဦးဘုရား
- ရွာမ ရေပေါ်ဈေး
- ငါးဖယ်ချောင်ကျောင်းတိုက် (ကြောင်ခုန်ကျောင်း ဟုလူသိများသည်။)

မိုရှီ @ Mòšhï Mòšh
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။


ကျွန်တော်လေ ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။


ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပက္ကာရတင်ရှိပါတယ်


ဖြိုးလေး(Myanmar Youth)ph-09969535368


**********************************************************************************************





Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths