Tuesday, August 1, 2017

မြန္ဘုရင္မၾကီးရွင္ေစာပု

"မြန္ဘုရင္မႀကီး ရွင္ေစာပု"
--------------------------------

ရွင္ေစာပုသည္ မြန္တို႔၏ မဂဒူးမင္းဆက္တြင္ ၁၅ ဆက္ေျမာက္မင္းျဖစ္သည္။ေ႐ႊတိဂုံေစတီ မြန္ေက်ာက္စာႏွင့္ အျခား မြန္ေက်ာက္စာမ်ားတြင္ ၿဂီႀတိဘုဝနာဒိတ် ျပဝရ ဓမၼေဇၾတ ေလာက်နာထျပဝရ မဟာဓမၼ ရာဇာဓိရာဇာေဒဝီ ဘြဲ႕ခံ ဝိဟာရေဒဝီ ဟူ၍လည္းေကာင္း၊ ဗညာထာဝ္ ဟူ၍လည္းေကာင္း ပါရွိသည္။ မြန္ရာဇဝင္တြင္ ဝိဟာရေဒဝီ၊ ဝိသုဒၶရာဇာ၊ ဣတၳိရာဇာ၊ဗညားေထာဝ္ (မင္းအို) ႏွင့္ ေသဝ္စါဝ္ေပါအ္ (ရွင္ေစာပု) ဟူ၍ နာမည္အမ်ိဳးမ်ိဳးျဖင့္ ေဖာ္ျပပါရွိေလသည္။

ရွင္ေစာပုသည္ မြန္ရာဇဝင္တြင္ အလြန္ထင္ရွားသည့္ ရာဇာဓိရာဇ္ဘုရင္ ႏွင့္ မိဘုရား ဒလသုဒၶမာယာ တို႔မွာ ဖြားျမင္ေသာ သမီးေတာ္ ျဖစ္သည္။ ေန႕နံအရ ဝိဟာရေဒဝီ ဟု စတင္ေခၚတြင္ခဲ့ဟန္ တူေလသည္။ ယင္းႏွင့္အတူ တစ္မိတည္းတြင္ ဖြားျမင္သူကား ေမာင္ေတာ္ ဗညားရံ (ဗညာရာံ/ဗညားရာမ္) ျဖစ္ေလသည္။

သကၠရာဇ္ ၇၇၅ ခုႏွစ္တြင္ ခမည္းေတာ္ ရာဇာဓိရာဇ္ ရွိစဥ္ကပင္ အသက္ ၂၀ အ႐ြယ္ရွိၿပီျဖစ္ေသာ ရွင္ေစာပုအား တူေတာ္ သမိန္စည္သူႏွင့္ စုံဖက္ေစခဲ့သည္။ ရွင္ေစာပုတြင္ သမီးႏွစ္ေယာက္ႏွင့္ သားတစ္ေယာက္ ထြန္းကားခဲ့ေလသည္။ သမီးႏွစ္ေယာက္ကို မိပေကာေထာ္ (မိပၠဴထဝ္) ႏွင့္ မိပေကာသင္(မိပၠဴဩန္)၊ သားကို ဗညားဗ႐ူး (ဗညာဗေရာဝ္) ဟူ၍ အမည္ေပးေလ၏။

သကၠရာဇ္ ၇၈၀ ျပည့္ႏွစ္တြင္ ဗညားဗ႐ူးကို ဖြားျမင္ၿပီးေနာက္ ေျမာက္သားေတာ္ သမိန္စည္သူ ကံကုန္ေလသည္။ ထို႔ေနာက္တြင္ ရွင္ေစာပုသည္ ေမာင္ေတာ္ ဗညားက်န္းႏွင့္အတူ ဒဂုန္တြင္ စံေနရသည္။ သကၠရာဇ္ ၇၈၃ ခုႏွစ္တြင္ ခမည္းေတာ္ ရာဇာဓိရာဇ္ နတ္႐ြာစံ၍ သားေတာ္ႀကီး ဗညားဓမၼရာဇာ(ဗညားက်န္း) နန္းတက္ေလသည္။ ထိုမင္း၏ လက္ထက္တြင္ ရွင္ေစာပု အင္းဝသို႔ ပါေတာ္မူ၍ သီဟသူ မွအစ မိုးညွင္းမင္းတရားအထိ အင္းဝမင္း(၄)ဆက္တို႔၏ မိဖုရားအျဖစ္ အင္းဝတြင္ (၇)ႏွစ္ ၾကာမွ် စံေနခဲ့ရေလသည္။

အင္းဝသို႔ ရွင္ေစာပု ပါေတာ္မူပုံကို မြန္ရာဇဝင္မ်ားတြင္ တမ်ိဳးျဖစ္ၿပီးလွ်င္ ျမန္မာရာဇဝင္မ်ား၌ တဖုံ ဟူ၍ ႏွစ္မ်ိဳးႏွစ္ဖုံ ေဖာ္ျပထားေလသည္။ ျမန္မာရာဇဝင္မ်ား ျဖစ္ေသာ ဦးကုလား ၊ မွန္နန္း ႏွင့္ သုေသာဓိတမဟာရာဇဝင္မ်ားအရ သိရသည္မွာ ဟံသာဝတီတြင္ ဗညားရံ (ဗညားရာံ/ဗညားရာမ)ႏွင့္ ညီေတာ္အေထြး ဒဂုန္စား ဗညားက်န္းတို႔ ပုန္ကန္ၾကေလ၏။(ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္းတြင္မူ ညီေနာင္ သုံးပါးဟုမဆိုပဲ ညီေနာင္ ႏွစ္ပါးသာျပကာဗညားဓမၼရာဇာ သည္ ဗညားက်န္းဟုဆိုပါသည္။)ဟံသာဝတီတြင္ အခ်င္းခ်င္း မညီမၫြတ္ ျဖစ္ေနေၾကာင္းကို အင္းဝဘုရင္ ဆင္ျဖဴရွင္ သီဟသူ ၾကားရလွ်င္ အခြင့္ေကာင္း အခါေကာင္းကို ယူၿပီးေသာ္ ဟံသာဝတီသို႔ စုန္ဆင္း၍ တိုက္ခိုက္ေလ၏။ အင္းဝတို႔က တိုက္လာလွ်င္ ညီေနာင္တို႔ ျပန္၍ ညီၫြတ္ၾကသည္။ ဗညားဓမၼရာဇာသည္ ဗညားရံကို ဒဂုန္စားအျဖစ္ ေျပာင္းေပး၍ ဗညားက်န္းကို မုတၱမစားအျဖစ္ ေစလႊတ္သည္။ အင္းဝတပ္တို႔သည္ ပုသိမ္ႏွင့္ ဒလ(ယခု တြံေတး) တို႔ကို ေအာင္ျမင္ၿပီးေနာက္ ဒဂုန္ကို ဆက္လက္ တိုက္ခိုက္ေသာ္လည္း ခ်က္ခ်င္း မဝင္နိုင္သျဖင့္ ၾကည္းေၾကာင္း၊ ေရေၾကာင္းျဖင့္ ဝိုင္းရံထား၏။ ယင္းသို႔ ဝိုင္းရံထားရာ၌ တစ္လခန႔္ ၾကာလတ္ေသာ္ ဒဂုန္စား ဗညားရံ မခံနိုင္ေတာ့သျဖင့္ စစ္ေျပၿငိမ္းရန္ ကမ္းလွမ္းၿပီးလွ်င္ ႏွမေတာ္ ရွင္ေစာပုကို ဆက္သလိုက္ေလသည္။ ဗညားရံသည္ ျပာသာဒ္သုံးေဆာင္ ေဆာက္ၿပီးလွ်င္ ႏွမေတာ္ကို သီရိႀတိဘုဝနာဒိတ် ျပဝရအတုလ အဂၢမဟာ ဓမၼရာဇာဓိရာဇ မဟာေဒဝီ ဟူေသာ အမည္၊ မိဖုရားႀကီးတို႔၏ အေဆာင္အေယာင္ႏွင့္ တကြ ကိုယ္လုပ္အမ်ိဳးသမီး သုံးက်ိပ္ အထိန္းအခ်ီ ခန႔္ရန္း၍ ေ႐ႊေဝါႏွင့္ မြန္ ျမန္မာအမတ္ ဝိုင္းရံၿပီးလွ်င္ သီဟသူမင္း ထံသို႔ ပို႔ေလသည္။ သီဟသူလည္း မိမိေဖာင္ေတာ္ထက္မွ လက္လွမ္းဆီးႀကိဳကာ အင္းဝသို႔ ေဆာင္သြားသည္။ ရွင္ေစာပုသည္ အျပင္အလ်ာ အေရာင္အဆင္း ေကာင္းျမတ္လွေသာေၾကာင့္ သီဟသူမင္း အလြန္ ေလးျမတ္ေတာ္မူ ေလသည္။

သို႔ရာတြင္ မြန္ရာဇာဝင္၊ ေပမူ၊ ပတ္လတ္ပုံႏွိပ္မူႏွင့္ ပီဒဗ်ဴ ရွမစ္တို႔ ျပန္ဆိုသည့္ ဟံသာဝတီမင္းဆက္ ရာဇဝင္မူမ်ားအရ သိရျပန္သည္မွာ ရွင္ေစာပုသည္ ဆံေတာ္ရွင္ ဒဂုန္ဘုရားသို႔ မၾကာခဏ ႂကြေရာက္ဖူးျမႇော္ေလ့ရွိသည္။ ထိုသို႔ အေစာင့္ အေရွာက္ နည္းပါးစြာျဖင့္ ရွင္ေစာပုသည္ ဟံသာဝတီႏွင့္ ဒဂုန္သို႔ ဘုရားဖူးရန္ သြားလာေနေၾကာင္းကို အင္းဝဘုရင္ ၾကားသိရလွ်င္ မိမိအား ပမာမခန႔္၍သာ ထိုသို႔ အေစာင့္အေရွာက္ နည္းပါးစြာျဖင့္ သြားလာေနျခင္း ျဖစ္သည္ဟု ယူဆၿပီး ရွင္ေစာပုအား ဖမ္းယူရန္ မင္းနႏၵသူအား စစ္တပ္အင္အား လုံေလာက္စြာျဖင့္ ဒဂုန္အနီး ေတာစခန္းတေနရာသို႔ ေစလႊတ္လိုက္ေလသည္။ ရွင္ေစာပုလည္း ဟံသာဝတီမွ ဒဂုန္သို႔ ဆံေတာ္ရွင္ဘုရား ဖူးေျမာ္ရန္ ဥပုသ္ေန႕တစ္ေန႕တြင္ ယခင္နည္းအတိုင္း ဆင္စီး၍ အေစာင့္အေရွာက္ နည္းပါးစြာျဖင့္ ထြက္ခြာလာရာ ဒဂုန္အနီးေတာစခန္းသို႔ ဆိုက္ေရာက္ လာေသာအခါ အဆင္သင့္ ေစာင့္ေနသည့္ မင္းနႏၵသူသည္ စစ္တပ္ျဖင့္ ဝိုင္းရံၿပီးလွ်င္ ရွင္ေစာပုအား ဆင္ထက္မွ မဆင္းေစဘဲ အသာတၾကည္ အင္းဝသို႔ ေခၚေဆာင္သြားသည္ဟု ျဖစ္ေလသည္။ ထို အေၾကာင္းအရာႏွစ္ရပ္တြင္ ပထမအေၾကာင္းအရာမွာ ပိုမိုခိုင္လုံၿပီးလက္ခံနိုင္ဖြယ္ရွိေပသည္။

မည္သို႔ဆိုေစ ရွင္ေစာပုသည္ အင္းဝသို႔ ပါေတာ္မူခဲ့ရၿပီးလွ်င္ အင္းဝဘုရင္၏ မိဖုရားႀကီးအျဖစ္ ေနခဲ့ရသည္ကိုကား မြန္၊ ျမန္မာ ရာဇဝင္မ်ား အားလုံးက ေဖာ္ျပၾကေပသည္။ ရွင္ေစာပုသည္ အင္းဝတြင္ မိဖုရားႀကီးတပါးအျဖစ္ စံေနရလင့္ကစား မေပ်ာ္ပိုက္ေပ။ အင္းဝတြင္ သီဟသူႏွင့္ သုံးႏွစ္၊ မင္းလွငယ္ႏွင့္ သုံးလ၊ ကေလးေက်းေတာင္ညိုမင္းႏွင့္ ခုႏွစ္လ၊ မိုးညွင္းမင္းတရားႏွင့္ သုံးႏွစ္ စုစုေပါင္း (၇)ႏွစ္ ၾကာခဲ့ေလသည္။ ထိုမွ်ေသာ ကာလပတ္လုံး မိဖုရားႀကီး၏ စည္းစိမ္ခ်မ္းသာကို တပ္မက္ေမာျခင္း မရွိဘဲ မိမိ၏ေနရင္း ဟံသာဝတီသို႔သာ ျပန္လိုလွ၍ ဒဂုန္ဆံေတာ္ရွင္၏ ေျခေတာ္ရင္းတြင္ ဥပုသ္သီတင္း ေဆာက္တည္ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ္တို႔ကိုသာ ေဆာင္႐ြက္ေနလိုစိတ္ ျပင္းျပေနခဲ့ေလသည္။ ဟံသာဝတီတြင္ ရွင္ေစာပု ရွိစဥ္က သားအမွတ္စားခဲ့၍ ရဟန္းျပဳေပးခဲ့ေသာ ပိဋကဓရ မည္ေသာ ရဟန္းတစ္ပါးသည္ မယ္ေတာ္ႀကီးအလား ေက်းဇူးႀကီးလွေသာ ရွင္ေစာပု ဟံသာဝတီသို႔ ျပန္လည္ေရာက္ရွိေရးကို ေတြးေတာ အားထုတ္ခဲ့ေလသည္။ ပိဋကဓရသည္ ရွင္သာမေဏ ဘဝကပင္ ပုဂံသို႔ သြားေရာက္ၿပီးလွ်င္ ပိဋကတ္သုံးပုံကို ငါးႏွစ္မွ် သင္ၾကားတတ္ေျမာက္ခဲ့၍ ဟံသာဝတီသို႔ ျပန္ေရာက္ေသာအခါ မြန္၊ ဗမာ ႏွစ္ဘာသာျဖင့္ တရားဓမၼ ေဟာၾကားရာတြင္ အလြန္ ေက်ာ္ၾကားေလသည္။ ပိဋကဓရသည္ ရွင္ေစာပုအား ကူညီနိုင္ရန္ ဓမၼဉာဏဘြဲဲ့ အမည္ရွိ အျခားမြန္ရဟန္းတစ္ပါးႏွင့္ တိုင္ပင္ႏွီးႏွောၿပီးလွ်င္ အင္းဝသို႔ ႂကြလာခဲ့ၾကေလသည္။ အင္းဝသို႔ေရာက္လွ်င္ ထိုရဟန္းတို႔ တရားေဟာ အလြန္ေကာင္းသည္ဟု ေက်ာ္ၾကားေလသည္။ထိုအခ်ိန္ကာလသည္ မိုးညွင္းမင္းတရားလက္ထက္ သကၠရာဇ္ ၇၉၁ ခုႏွစ္ျဖစ္ေပသည္။

ပိဋကဓရတို႔ ေရာက္လတ္လွ်င္ ရွင္ေစာပုသည္ ထိုရဟန္းတို႔ႏွင့္ လွ်ို႔ဝွက္စြာ အဆက္အသြယ္ျပဳလ်က္ ဟံသာဝတီသို႔ ထြက္ေျပးရန္ စီစဥ္သည္။ ထို႔ေနာက္ မိဖုရားႀကီးသည္ ႀကိဳတင္ စီစဥ္ထားသည့္အတိုင္း ခ်ိပ္ရည္ျဖင့္ ေဖာ္စပ္ထားေသာ ေဆးကို ေသာက္ေလလွ်င္ ဝမ္းက အနီအဝါ ေသြးဝမ္းမ်ား က်လတ္သည္။ အထိန္းေတာ္မ်ားလည္း စိုးရိမ္စြာျဖင့္ မင္းႀကီးအား သံေတာ္ဦးတင္၏။ ေရာဂါကူးစက္မည္ စိုး၍ ရွင္ေစာပုအခန္းသို႔ နန္းတြင္းသူမ်ား မဝင္လိုၾကဘဲ ေရွာင္ရွားေနၾကသည္။ ရွင္ေစာပုလည္း မိမိေဝဒနာ ႀကီးစြာ ခံစားေနရသျဖင့္ ကံမကုန္မီ ပိဋကဓရႏွင့္ ဓမၼဉာဏတို႔၏ တရားေတာ္တို႔ကို နာၾကားလိုသည္ဟု ေလွ်ာက္သည္။ မင္းႀကီးလည္း ယုံၾကည္၍ ရဟန္းႏွစ္ပါးအား အခ်ိန္မေ႐ြးပင္ ထြက္ခြင့္ေပးသည္။ အခ်ိန္းအခ်က္ ျပဳထားသည့္ေန႕တြင္ ပိဋကဓရ ႏွင့္ ဓမၼဉာဏတို႔ ရဟန္းႏွစ္ပါးလည္း သိကၡာခ်၍ သာမေဏအျဖစ္ျဖင့္ ေနၾကသည္။ ထိုညဉ့္သန္းေခါင္ယံအခ်ိန္တြင္ အဝတ္အစား ေသတၱာႀကီးတလုံးအတြင္းသို႔ ရွင္ေစာပုအား ဝင္ေစ၍ အဝတ္အထည္မ်ားျဖင့္ ဖုံးကြယ္ကာ ရဟန္းႏွစ္ပါးတို႔က ေသတၱာကို တဖက္စီဆြဲလ်က္ အခန္းအတြင္းမွ ထြက္သည္။ နန္းေတာ္တံခါးေစာင့္မ်ား ေမးလ်ႈင္ ရွင္ေစာပု လႉလိုက္ေသာ ပစၥည္းမ်ားဟု ဆိုသျဖင့္ မည္သို႔မွ် ရွာေဖြျခင္း မျပဳဘဲ လႊတ္လိုက္၏။ ထို႔ေနာက္ ၿမိဳ႕အေနာက္ လုံးေတာ္ေပါက္မွ ထြက္ကာ ႀကိဳတင္စီစဥ္ထား သည့္အတိုင္း ရဟန္းႏွစ္ပါးႏွင့္ တကာႏွစ္ေယာက္တို႔သည္ ရွင္ေစာပုအား ေလွေပၚတင္ၿပီးေသာ္ ဟံသာဝတီသို႔ စုန္ေျပးေလသည္။

မိုးညွင္းမင္းတရားသည္ အမတ္ႀကီးအား ေလွာ္ကားငါးစင္းႏွင့္ လက္ျပည့္ေလွာ္၍ လိုက္ေစေသာ္လည္း မေတြ႕ရေခ်။ ရွင္ေစာပုတို႔လူစုသည္ ေန႕တြင္း ေတာတြင္း၌ ပုန္း၍ ညဥ့္အခါတြင္သာ စုန္ဆင္းၾကသည္။ မိုးညွင္းမင္းတရားလည္း ရွင္ေစာပုသည္ အင္းဝ၌ မေပ်ာ္ပိုက္သျဖင့္ ေျပးေလသည္ကို ဆင္ျခင္မိ၍ ရွိေစေတာ့ဟု ဆိုကာ ဟံသာဝတီအေရာက္ လိုက္လံ တိုက္ခိုက္ျခင္း မျပဳေတာ့ေပ။

ထိုအခ်ိန္တြင္ ဟံသာဝတီျပည္၌ ဗညားရံ ထီးနန္းစိုးစံေနသည္။ ဗညားရံသည္ ႏွမေတာ္ ျပန္ေရာက္လာလွ်င္ ဝမ္းေျမာက္ ဝမ္းသာရွိ၍ နန္းတြင္း၌ အိမ္ေဆာက္ေနေစသည္။ ရွင္ေစာပုသည္ ဟံသာဝတီျပည္သို႔ ျပန္ေရာၾက္ပီးေနာက္တြင္ ပိဋကဓရႏွင့္ ဓမၼဉာဏတို႔အား ရဟန္းသိကၡာ အသစ္ျပန္တင္ေပးျခင္း၊ ရဟန္းႏွစ္ပါး သီတင္းသုံးရန္ ေက်ာင္းတေဆာင္ ေဆာက္ေပးျခင္း၊ ရဟန္းသံဃာေတာ္ အမ်ားအျပား ဆြမ္းကပ္လႉျခင္း စေသာ ကုသိုလ္ေကာင္းမႈ အမ်ားအျပားကို ျပဳလုပ္ေလသည္။

သကၠရာဇ္ ၈ဝ၈ ခုႏွစ္တြင္ ဗညားရံ လြန္ေလရာ ရွင္ေစာပု၏ သားေတာ္ ဗညားဗ႐ူး နန္းတက္သည္။ ဗညားဗ႐ူး လုပ္ႀကံခံရေသာေၾကာင့္ လြန္ျပန္ေသာ္ ရွင္ေစာပု၏ ေမာင္ေတာ္ ျဖစ္ေသာ ဗညားက်န္းသည္ ထီးနန္းရိုက္ရာကို ဆက္ခံသည္။ (မြန္မူတြင္ ဗညားက်န္းေထာဟုဆိုသည္။)ဗညားက်န္းလည္း နန္းသက္ မၾကာရွည္ေခ်။ ဗညားက်န္း လြန္လွ်င္ ဗညားရံ၏ သားေတာ္ လိတ္မြတ္ေထာ္ (မေမာဟ္ထာဝ္ ရွင္ေစာပု၏ တူေတာ္) နန္းတက္၍ မင္းက်င့္တရားႏွင့္မညီသျဖင့္ မႈးမတ္တို႔လုပ္ႀကံရာ ေျခာက္လမွ်သာ နန္းစံရေလသည္။(မြန္မူတြင္ ခုႏွစ္လဟုဆိုသည္။)

မင္းေမာ္ေဓာ ဟုလည္း ေခၚတြင္ေသာ လိတ္မြတ္ေထာ္၏ ထီးနန္းရိုက္ရာကို အရီးေတာ္ ရွင္ေစာပုက ၈၁၄ ခုႏွစ္တြင္ ဆက္ခံ၍ ဟံသာဝတီျပည္ႀကီးအား အုပ္ခ်ဳပ္မင္းလုပ္သည္။ နန္းတက္သည့္အခါတြင္ သက္ေတာ္ ၆ဝ နီးပါးခန႔္ၿပီး ျဖစ္ရာ ရွင္ေစာပုသည္ ဗညားေထာ (ဗညားထာဝ္) သို႔မဟုတ္ မင္းအို ဟူေသာ အမည္ကို ခံယူေလသည္။ ဘုရင္မႀကီးအား ျပည္သူျပည္သားတို႔က ၾကည္ျဖဴႏွစ္လိုၾကသည္တေၾကာင္း၊ ထို႔ျပင္ အထက္တြင္ အင္းဝတို႔အခ်င္းခ်င္း တိုက္ခိုက္ေနၾက၍တေၾကာင္း ဘုရင္မႀကီးလက္ထက္တြင္ ဟံသာဝတီသည္ စစ္မက္ေဘးမွ ကင္းလြတ္ေန၍ ေအးခ်မ္းသာယာေနေလသည္။

ေနာက္ဆက္တြဲ 
ရွင္ေစာပုသည္ ဘာသာေရးတြင္သာ ထက္သန္သူျဖစ္ကာ တိုင္းျပည္ကိုအုပ္ခ်ဳပ္ရန္ မ်ားစြာစိတ္အားထက္သန္လွသူမဟုတ္ေခ်။ ေ႐ႊတိဂုံ ေစတီေတာ္အား ဉာဏ္ေတာ္တိုးျမႇင့္ကာျပဳျပင္ပူေဇာ္သည္။ဘဝ၏ေနာက္ပိုင္းကာလမ်ားတြင္ မိမိအား ဟံသာဝတီသို႔ ျပန္ေရာက္ေအာင္ ေက်းဖူးျပဳခဲ့သည့္ ရဟန္း ႏွစ္ပါးအနက္မွ ဓမၼဉာဏ အားလူဝတ္လဲေစၿပီး သမီးေတာ္ မိတကာတင္ႏွင့္ လက္ဆက္ေစသည္။ ထို႔ေနာက္ဓမၼေစတီဘြဲ႕ျဖင့္အိမ္ေရွ႕အရာေပးကာ ကိုယ္စားအျဖစ္ တိုင္းေရးျပည္႐ြာ ကိစၥမ်ားကိုလႊဲအပ္ေလသည္။မိမိမွာမူ ေ႐ႊတိဂုံေစတီေတာ္ ေျခေတာ္ရင္းတြင္သာ တရားဓမၼမ်ားကိုေလ့လာအားထုပ္ၿပီးေနသည္မွာ နတ္႐ြာစံသည့္အခ်ိန္အထိပင္ျဖစ္သည္။ထို႔ေၾကာင့္ ဘုရင္မႀကီးရွင္ေစာပု၏ အုတ္ဂူကို ေ႐ႊတိဂုံဘုရားအနီးတြင္ တည္ထားခဲ့ျခင္းျဖစ္သည္။ ရွင္ေစာပု လြန္လွ်င္ သားမက္ေတာ္ ဓမၼေစတီမင္း နန္းတက္ကာ ဟံသာဝတီထီးနန္းကို စိုးစံသည္။

ဘုရင္မႀကီးသည္ ဇရာလည္းေထာင္းလာၿပီျဖစ္၍ တိုင္းျပည္အုပ္ခ်ဳပ္ရန္ စိတ္မထက္သန္ေခ်။ ထို႔ျပင္ ပင္ကိုယ္ကပင္ တရားဓမၼ အလႉဒါနတို႔၌သာ ေမြ႕ေလ်ာ္ခဲ့သူျဖစ္သည္။ ထို႔ေၾကာင့္ ဟံဟာဝတီ ထီးနန္းအား သင့္ေတာ္သူ တဦးကို လႊဲအပ္လိုသည္။ လႊဲအပ္ခံနိုင္မည့္သူကို ဆင္ျခင္ေ႐ြးခ်ယ္ေသာအခါ ပိဋကဓရ ရဟန္းသည္ ဉာဏ္ပညာ အလိမၼာႏွင့္ ျပည့္စုံသည္။ ထို႔ေၾကာင့္သာလွ်င္ အျခားသူတပါးတို႔ မျပဳဝံ့ေသာ အမႈကို ျပဳကာ မိမိအား အင္းဝမွ ဟံသာဝတီအေရာက္ ေဆာင္ၾကဥ္းနိုင္ခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ ပိဋကဓရ၏ ေက်းဇူးသည္ မိမိအေပၚ၌ ႀကီးမားခဲ့ျခင္းတို႔ကို ေထာက္ထား၍ ပိဋကဓရအား ထီးနန္းလႊဲအပ္ရန္ မႉးမတ္တို႔ႏွင့္ တိုင္ပင္သည္။ မႉးမတ္တို႔က သေဘာမႀကိဳက္ညီ ရွိၾကလွ်င္ လူအမ်ား ေက်ာ္နင္းသည့္ တံတားသစ္သားတိုင္ကို ထုထားသည့္ ဗုဒၶ႐ုပ္ပြားေတာ္အား ႐ုပ္ပြားေတာ္ျဖစ္လာသည့္အခါ ယုတ္ညံ့သည့္အသားျဖင့္ ထုထားသည့္အျပစ္ကို ပမာဏမထားႀကံဘဲ ရွိခိုးပူေဇာ္သည့္ ပုံပမာကိုေဆာင္၍ ထိုနည္းတူစြာ ဆင္းရဲသား မုဆိုးမသားျဖစ္ေသာ္လည္း ဘုန္းပညာ လကၡဏာႏွင့္ ျပည့္စုံသူ ပိဋကဓရ ဘိကၡဳအား မိမိက ဘုရင္အျဖစ္ ခ်ီးျမႇင့္ျခင္းကို မႉးမတ္တို႔ ၾကည္ျဖဴေလေအာင္ ဘုရင္မႀကီး ေဆာင္႐ြက္သည္ဟု ဆိုေလသည္။

ဘုရင္မႀကီးသည္ ပိဋကဓရ ဘိကၡဳအား လူထြက္ေစၿပီးလွ်င္ သမီးေတာ္ မိပကာေထာ္ႏွင့္ (မိပၠ’ထဝ္) ႏွင့္ စုံဖက္ေပး၍ အိပ္ေရွ႕အရာႏွင္းသည္။ ၈၂၁ ခုႏွစ္တြင္မူ သမက္ေတာ္အား ဟံသာဝတီထီးနန္းကို လႊဲအပ္ေလသည္။ သမက္ေတာ္ကား ဓမၼေစတီမင္းဟူ၍ လည္းေကာင္း၊ ရာမာဓိမတိမင္းဟူ၍ လည္းေကာင္း ထင္ရွားေလသည္။

မင္းအိုဘြဲ႕ခံ ဘုရင္မႀကီးသည္ ကုသိုလ္ဒါနျပဳေရး၌ စိတ္ဆႏၵျပင္းျပခဲ့သည့္အတိုင္း တိုင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္ေနစဥ္တြင္လည္း ကုသိုလ္ဒါနမ်ား ျပဳခဲ့သည္။ ထိုကုသိုလ္ေတာ္မ်ားအနက္ က်ိဳက္မေရာ(က်ာက္မရဟ္) ဆုေတာင္းျပည့္ ဘုရားႀကီး၌ အလႉဒါန ျပဳခဲ့ေၾကာင္းကို ထိုဘုရားႀကီး၌ မြန္ဘာသာျဖင့္ ေက်ာက္စာႏွစ္ခ်ပ္ ကမၺည္းထိုးေစခဲ့သည္။ ထိုေက်ာက္စာလာ အေရးပါေသာ အခ်က္မ်ားကား ဆင္ျဖဴရွင္ ဗညားဦး၏ ေျမးေတာ္ သူ႕ရွင္ဗညာထာဝ္သည္ သကၠရာဇ္ ၈၁၇ ခုႏွစ္တြင္ က်ိဳက္မေရာဘုရား၌ ကုသိုလ္ေကာင္းမႈမ်ားျပဳေၾကာင္း၊ မိမိ၏ အလႉဒါန၌ ဝိုင္းဝန္းကူပံ့သူမ်ားအား ႀကီးပြားခ်မ္းသာၾကေစရန္ ေလးနက္စြာေမတၱာပို႔၍ ဆုေတာင္းၿပီးလွ်င္ မိမိ၏ ကုသိုလ္ေကာင္းမႈတို႔ကို ဖ်က္ဆီးသူမ်ားအား က်ိန္ထားသည္ကို ေတြ႕ရေလသည္။

က်ိဳက္မေရာဘုရားတြင္သာမက အနီးအနားရွိ ေကာ့ဗိန္း(အိုးသည္ကုန္း) ေက်ာက္ေတာင္ဂူ၊ ဓမၼသတ္ဂူ ၊ ခ႐ုံဂူ၊ ေကာ့ဂြမ္းဂူႏွင့္ ဖားကပ္ဂူ အစရွိသည့္ ဂူဘုရားမ်ားတြင္ ခရစ္ ၁၅ ရာစုႏွစ္ အတြင္း ထုလုပ္ထားေသာ ေရွးေဟာင္းပန္းပုလက္ရာမ်ား ပါရွိသည္ကို ေထာက္ရႈ၍ က်ိဳက္မေရာအနီးတဝိုက္ရွိ အထက္ပါဘုရားမ်ားသို႔လည္း ရွင္ေစာပု ေရာက္ရွိၿပီးလွ်င္ ေကာင္းမႈကုသိုလ္မ်ား ျပဳခဲ့ေသးသည္ဟု ယူဆနိုင္ေလသည္။

ရွင္ေစာပုသည္ သမက္ေတာ္အား ထီးနန္းလႊဲအပ္ၿပီး ေနာက္တြင္ ေကာင္းမႈကုသိုလ္ ျပဳေရးကိုသာ လုံးလုံးလ်ားလ်ား ေဆာင္႐ြက္ခဲ့ဟန္ တူေပသည္ ပဲခူး(ဗဂိုး) ဘုရားခုနစ္ဆူ မြန္ေက်ာက္စာအရ ေရွးဟံသာဝတီျပည့္ရွင္ မဟာတိႆမင္းႀကီး၏ မိဖုရား သုဘဒၵါေဒဝီ (ဘျဒေဒဝီ) တည္ထားခဲ့ေသာ ဘုရားခုနစ္ဆူတို႔ ပ်က္စီးယို ယြင္းေနသည္ကို ဒါန သီလ၊ သမာဓိပညာႏွင့္ ျပည့္ စုံေသာ ရွင္ေစာပုမင္းသမီးသည္ မင္းက်င့္တရား ၁ဝ ပါးကို ေစာင့္ထိန္းေသာ သမက္ေတာ္ ရာမာဓိပတိမင္းႏွင့္ အတူတကြ ထိုပ်က္စီးယိုယြင္းေသာ ဘုရားခုနစ္ဆူတို႔ကို ခိုင္ခံ့စြာ ျပန္လည္မြမ္းမံသည္။ သကၠရာဇ္ ၈၃၂ ခုႏွစ္ တပို႔တြဲလဆန္း ၁ ရက္ေန႕တြင္ ဓာတ္ေတာ္ေဟာင္းသစ္မ်ားႏွင့္ တကြ ရတနာခုနစ္ပါးတို႔ကို ဌာပနာသည္။ ျပဳေသာကုသိုလ္အဖို႔ကို သတၱဝါေပါင္းအား အမွ်ေပးေဝ၍ ထိုကုသိုလ္ေကာင္းမႈေၾကာင့္ သံသရာမွ လြတ္ေျမာက္ၿပီးလွ်င္ ထိုေကာင္းမႈသည္ သဗၺၫုတဉာဏ္အတြက္ အေထာက္အပံ့ျဖစ္ပါေစဟု ဆုေတာင္းထားေလသည္။ ရွင္ေစာပု၏ ဘြဲဲ့ေတာ္ကို ယင္းေက်ာက္စာတြင္ “ျ၈ီႀတိဘုဝနာဒိတ် ျပဝရ ဓမၼေဇၾတ ေလာက်နာထျပဝရ မဟာဓမၼရာဇာဓိရာဇာေဒဝီ’’ ဟု ကမၺည္းထိုးထားေလရာ အျခားေက်ာက္စာမ်ားတြင္ ပါရွိသည့္ဘြဲဲ့ထက္ ျပဝရ ပို၍ပါသည္။

ထို႔ျပင္ ပဲခူး (ဗဂိုး) ခရိုင္ ဘုရားႀကီး႐ြာရွိ ဘုရားႀကီးကို ရွင္ေစာပုႏွင့္ သမက္ေတာ္တို႔ ျပဳျပင္မြမ္းမြံခဲ့ေၾကာင္းကို ရွင္ေစာပုလြန္ၿပီးသည့္ေနာက္ ၈၄၈ ခုႏွစ္ ေတာ္သလင္းလဆုတ္ ၃ရက္ တနဂၤႏြေေန႕၌ ေရးထိုးခဲ့ေသာ ဘုရားႀကီးေက်ာက္စာမ်ားအနက္ ဘုရားႀကီးေက်ာက္စာသည္ အစုံလင္ဆုံးႏွင့္ အရွည္လ်ားဆုံးျဖစ္သည္။ ေက်ာက္စာကိုစီကုံးေရးသားသူအမည္ႏွင့္ ေက်ာက္စာထုသူ ေက်ာက္ဆစ္သမား၏ အမည္ကိုပါ ေဖာ္ျပထားသည္။ ေက်ာက္စာပါ အျခားအေၾကာင္းအရာမ်ားမွာ ေဂါတမျမတ္စြာဘုရား လက္ထက္တြင္ ဂဝံမတိေထရ္သည္ ေရွးဘဝက ညီေတာ္ျဖစ္ခဲ့ေသာ သထုံဘုရင္ သီရိမာေသာက (သီဟရာဇာ) မင္းထံ ႂကြေရာက္ေၾကာင္း၊ သီရိမာေသာကမင္း၏ ေလွ်ာက္ေတာင္းပန္ခ်က္အရ ဂဝံပတိေထရ္က ျမတ္စြာဘုရားအား သထုံျပည္သို႔ ပင့္ေဆာင္၍ ျမတ္စြာဘုရား ႂကြလာသည္။ သထုံ (သုဓမၼဝတီ> သုဓမၼ>သုဓမ္> သုဓိုမ္> သဓီု> သထုံ)ျပည္ရွိ ရေသ့ေျခာက္ပါးတို႔အား ဆံေတာ္ ဓာတ္တဆူစီ ေပးသနားခဲ့၍ သီရိမာေသာကမင္းကိုမူ ဆံေတာ္မေပး၊ ေနာက္ ၃၇ ႏွစ္ၾကာ၍ ဘုရားရွင္ ပရိနိဗၺာန္ျပဳသည့္ အခါ၌သာ သြားေတာ္ဓာတ္တဆူကို ဂဝံပတိေထရ္က သီရိမာေသာကမင္းထံ ေဆာင္က်ဥ္းေပးလိမ့္မည္။ ထိုသြားေတာ္ဓာတ္တဆူမွ ၃၃ ဆူပြားမည္ျဖစ္ေၾကာင္း ဗ်ာဒိတ္ေတာ္ (သကၠတ-ဝ်ာေဒဝ>ဗ်ာေဒသ္> ပါဠိတြင္ ဗ်ာဒိတၱဟူ၍လုံးဝမရွိပါ) ေပးခဲ့ေလသည္။

သုံးဆယ့္ခုနစ္ႏွစ္ၾကာ၍ ျမတ္စြာဘုရား ပရိနိဗၺာန္ျပဳလွ်င္ သြားေတာ္ဓာတ္ကို သီရိမာေသာကမင္း ရရွိသည္။ ဓာတ္ေတာ္ ၃၃ဆူပြား၍ ေစတီ၃၃ဆူတည္ၿပီးလွ်င္ ဌာပနာသည္။ ထိုမင္းနတ္႐ြာစံ၍ ကာလရွည္ၾကာေသာ္ ေစတီမ်ားပ်က္စီးယိုယြင္းသည္။ ထိုေစတီမ်ားကို ရာဇာဓိရာဇ္မင္း လက္ထက္ကလည္း ျပဳျပင္ခဲ့သည္။ ယခု ရွင္ေစာပုလက္ထက္တြင္ ရွင္ေစာပုႏွင့္ သမက္ေတာ္တို႔က ျပန္လည္တည္ထားေၾကာင္းကို စာေၾကာင္း ၆၃ ေၾကာင္းျဖင့္ ေရးထိုးထားေလသည္။

ထို႔ျပင္ သထုံခရိုင္ ေတာင္စြန္းေကလာသ ေတာင္ေပၚ၌ သကၠရာဇ္ ၈၄၈ ခုႏွစ္ တပို႔တြဲလဆန္း(၁)ရက္ ဗုဒၶြဟူးေန႕၌ ေရးထိုးေသာ မြန္ေက်ာက္စာအရ ေက်ာက္စာ၌ ေငြေတာင္ဟုေခၚေသာ ေကလာသေတာင္ရွိ ေစတီေတာ္ကို ရွင္ေစာပုႏွင့္ သားမက္ေတာ္တို႔ ျပဳျပင္မြမ္းမံေၾကာင္း၊ ထိုေငြေတာင္ရွိ ေစတီသည္ သီရိမာေသာကမင္းရရွိသည့္ သြားေတာ္ဓာတ္အစစ္ ကိန္းဝပ္ရာေစတီျဖစ္ေၾကာင္း၊ ထိုေစတီေတာ္ကို ဟံသာဝတီမင္းအဆက္ဆက္တို႔ ျပဳျပင္မြမး္မံေၾကာင္း၊ ေစတီအနီးတြင္ ရွစ္ျမႇောင့္ ပုံသ႑ာန္ သိမ္ေတာ္ႀကီးတေဆာင္ကိုလည္းေကာင္း၊ ေကလာသ ဘုရားေစတီအတြက္ ဝတၱက လယ္ယာေျမတို႔ကိုလည္းေကာင္း၊ သားႏွင့္အမိ မင္းႏွစ္ပါးက လႉဒါန္းေၾကာင္းမ်ား ပါရွိေလသည္။

အထက္ေဖာ္ျပပါ ေက်ာက္စာမ်ားအရ ရာမည ေဒသရွိ ပဲခူး(ဗဂိုး) ခရိုင္ႏွင့္ သထုံခရိုင္အတြင္း၌ ဘုရင္မႀကီး ရွင္ေစာပုႏွင့္ သမက္ေတာ္တို႔သည္ ေရွးေဟာင္ေစတီေတာ္မ်ားစြာတို႔ကို ျပန္လည္တည္ထား မြမ္းမံခဲ့ေၾကာင္း သိရွိရေလသည္။

ဘုရင္မႀကီး ရွင္ေစာပု အမ်ားဆုံး ျပဳျပင္မြမ္းမံ၍ ကုသိုလ္ေကာင္းမႈ အမ်ားဆုံး ျပဳခဲ့သည္ဟု ယူဆရေသာ ေစတီေတာ္မွာ ဒဂုန္(ရန္ကုန္)ၿမိဳ႕ရွိ ဒဂုန္ဆံေတာ္ရွင္ ေ႐ႊတိဂုံ ေစတီေတာ္ႀကီးေပတည္း။ ဘုရင္မႀကီးသည္ ေ႐ႊတိဂုံဆံေတာ္ရွင္ ေစတီႀကီးအား အလြန္တရာ ၾကည္ညိုလွ၍ ထိုေစတီေတာ္ႀကီးတြင္ သဒၶြါတရား ထက္သန္လွစြာျဖင့္ ကုသိုလ္ေကာင္းမႈမ်ား ျပဳသည္။ သမက္ေတာ္အား ထီးနန္းလႊဲအပ္ၿပီးသည့္ေနာက္တြင္ ဒဂုန္ၿမိဳ႕သို႔ ေ႐ႊ႕ေျပာင္းစံျမန္းသည္။

ေ႐ႊတိဂုံဘုရားႀကီး၏ အေရွ႕ဘက္ေစာင္းတန္း အလယ္ပစၥယာတြင္ သကၠရာဇ္ ၁၂၄၁ခုႏွစ္ (ခရစ္ႏွစ္ ၁၈၈ဝ) တြင္ ေက်ာက္စာဌာနမွ တူးေဖာ္ေတြ႕ရွိေသာ ပါဠိဘာသာ၊ မြန္ဘာသာ ျမန္မာဘာသာတို႔ျဖင့္ ေရးထိုးထားသည့္ ေက်ာက္စာတိုင္ သုံးတိုင္ရွိသည္။ ထိုေက်ာက္စာမ်ားတြင္ ဘုရင္မႀကီး ရွင္ေစာပုႏွင့္ သမက္ေတာ္တို႔သည္ ဒဂုန္ဆံေတာ္ရွင္ ေစတီအား မည္ကဲ့သို ဉာဏ္ေတာ္ျမႇင့္တင္၍ မည္ကဲ့သို႔ ျပဳျပင္မြမ္းမံခဲ့ပုံမ်ားကို အက်ယ္တဝင့္ ေဖာ္ျပထားသည္။ ထိုမြန္ေက်ာက္စာတြင္ မြန္ကို(ရၼန္=ရမန္) ဟုေရးထိုးခဲ့ပါသည္။ မြန္တိုင္းဌာန ရာမညေဒသ၏ မင္းအဆက္ဆက္တို႔သည္ ေစတီေတာ္ႀကီးကို အစဥ္အဆက္ ျပဳျပင္မြမ္းမံခဲ့ၾကသည္။ ထိုေနာက္ ရွင္ေစာပုႏွင့္ သမက္ေတာ္တို႔သည္ သမက္ေတာ္မင္းျပဳေသာ ကာလအတြင္း သားႏွင့္အမိတို႔ စစ္သည္ဗိုလ္ပါအေပါင္း ၿခံရံလ်က္ ဘုရားေျခေတာ္ရင္း၌ ႂကြေရာက္စံျမန္းၿပီးလွ်င္ ႀကီးစြာေသာ အလႉဒါနျပဳၾကသည္။ ေစတီေတာ္ပတ္လည္ရွိ ေခ်ာက္ကမ္းပါးႏွင့္ ခ်ိဳင့္ဝွမ္းမ်ားကို ဂဝံေက်ာက္တုံးႀကီးျဖင့္ ဖို႔ေစသည္။ ျမင့္ေသာ ကုန္းေျမကို ညီညာေစရန္ တူးညွိေစသည္။ အျပင္ဘက္တို႔တြင္ ဂဝံေက်ာက္တုံးမ်ားျဖင့္စီေစသည္။ ေစတီကိုခံေသာ ပစၥယာေပၚတြင္ ေက်ာက္ထီးမ်ားျပဳလုပ္၍ ေ႐ႊခ်သည္။ ပန္းတင္ခုံပစၥယာကို ခါးဖြဲ႕၍ ေက်ာက္ျဖင့္ၿပီးေသာ ဆီမီးအိမ္တို႔ျဖင့္ ပတ္လည္စီထားသည္ စသည္ျဖင့္ ေ႐ႊတိဂုံေက်ာက္စာ၌ ဆံေတာ္ရွင္အား အထူးတလည္ မြမ္းမံပုံမ်ားကို ေဖာ္ျပထားသည္။

ဘုရင္မႀကီးသည္ ဒဂုန္ဆံေတာ္ရွင္ျမတ္ကို အလြန္တရာၾကည္ညိုေတာ္မူသျဖင့္ မိမိ၏ ကိုယ္အေလးခ်ိန္ျဖစ္ေသာ ေ႐ႊ ၂၅ ပိႆာကို မ်က္ပါးခတ္ၿပီးလွ်င္ ေစတီေတာ္ႀကီးတြင္ ေ႐ႊသကၤန္း ကပ္လႉေတာ္မူသည္။ ၿမိဳ႕သူ၊ ၿမိဳ႕သားတို႔ကလည္း ေ႐ႊပိႆာခ်ိန္ ၅ဝ မွ်ကို ကူ၍ ပူေဇာ္ၾကသည္။ ဘုရင္မႀကီးသည္ ေၾကးခ်ိန္ ၁၇ဝဝ ပိႆာရွိ ေခါင္းေလာင္းႀကီးတလုံးကိုလည္း သြန္းလုပ္ လႉဒါန္းသည္။ ေစတီေတာ္ႀကီးအတြက္ နယ္ေျမေလးရပ္ လႉေတာ္မူရာ ထိုနယ္ေျမေလးရပ္မွာ ဤသို႔ျဖစ္သည္။

ေစတီေတာ္မွ အေရွ႕လားေသာ္ က်ိဳက္ကနက္ ဘုရားအထိ
အေနာက္လားေသာ္ က်ိဳက္ေျမာင္းဘုရားအထိ
ေျမာက္လားေသာ္ က်ိဳက္မိုးရပ္အထိ
ေတာင္လားေသာ္ က်ိဳက္ႏုတ္ဘုရား (အခ်ိဳ႕က က်ိဳက္သုတ္ဟုလည္း ဆိုသည္) အထိဟူ၍ သတ္မွတ္၍ ဘုရားႀကီး၏ ဝတၱကေျမအျဖစ္ လႉေတာ္မူသည္။ ထို႔ျပင္ ဘုရားႀကီး ရင္ျပင္ေတာ္အျပည့္ ေက်ာက္ျပားခင္းသည္။ ရင္ျပင္ေတာ္အဆုံး ပတ္လည္တြင္ မဟာရံတံတိုင္းခုနစ္ထပ္ ျပဳလုပ္၍ တံတိုင္းမ်ား အၾကားတြင္ အုန္းပင္၊ ထန္းပင္၊ ေပပင္ ၊သရက္ ပိႏၷဲ၊ ကံ့ေကာ္ စသည့္ အပင္အမ်ိဳးမ်ိဳးကို စိုက္ေစသည္။ တံတိုင္းေအာက္ဆင့္ ေစတီပတ္ဝန္းက်င္တြင္ ဇရပ္ႀကီးမ်ားကို ေဆာက္လုပ္ေစေလသည္။
ေ႐ႊတိဂုံေစတီေတာ္ျမတ္တြင္ ဘုရင္မႀကီး လႉဒါန္းခဲ့ေသာ ေကာင္းမႈ၊ အလႉဒါနမ်ားႏွင့္ စပ္လ်ဥ္း၍ ေစတီေတာ္ႀကီးမ်ား၏သမိုင္းႏွင့္ မြန္သမိုင္းတို႔၌ ေဖာ္ျပသည္မွာ ရွင္ေစာပုသည္ ေစတီေတာ္ႀကီးတြင္ ထီးျဖဴေလးစင္း၊ ေ႐ႊသပိတ္ေလးလုံး၊ ေ႐ႊပန္းကန္ ေလးလုံး (ပန္းကန္တလုံးလွ်င္ ဆန္တတင္းခ်က္ ဝင္သည္။) ေငြပန္းကန္ရွစ္လုံး၊ ေ႐ႊဇြန္းေလးစင္း၊ ေငြဇြန္းရွစ္စင္း၊ (ဇြန္းတစင္းလွ်င္ ဆန္တစလယ္ခ်က္ ဝင္သည္။) ဆြမ္းသင္ပုတ္ေတာ္ ၄၄ ခြက္၊ ေရအိုးႀကီးေလးလုံး၊ ေထြးအင္ေလးလုံး၊ ကုလားစည္ေလးလုံးႏွင့္ ေစာင္းတန္းမုခ္ ေလးဘက္ေလးေဆာင္တို႔ကို လႉဒါန္းခဲ့သည္။ ထို႔ျပင္ ေစတီေတာ္ႀကီး၏ ေဝယ်ာဝစၥ ေဆာင္႐ြက္ရန္ တံခါးေစာင့္၊ တံျမက္လွဲ၊ ပန္းတင္သမား၊ ဆီမီးခြက္ထြန္းသမား စသည္တို႔ကိုလည္း လႉထား၍ ေစတီေတာ္ႀကီးအား မြမ္းမံျပဳျပင္ရန္ ပန္းထိမ္ဖိုေလးဖိုႏွင့္ ပတ္ဝိုင္းေလးဝိုင္းကိုလည္း ထားရွိသည္။ ဘုရင္မႀကီးသည္ ေစတီေတာ္ႀကီးအတြက္ ထိုမွ် ျပည့္စုံလုံေလာက္စြာ လႉဒါန္းထားၿပီးလွ်င္ ေန႕စဥ္ေန႕တိုင္းလည္း ဥပုသ္သီတင္း ေဆာက္တည္သည္။ အေနာက္ဘက္ ေစာင္းတန္းမွ ကုန္းေပၚသို႔တက္၍ ဆံေတာ္ရွင္ေစတီေတာ္ႀကီးကို ၾကည္လင္သဒၶါႀကီးမားစြာျဖင့္ ဖူးေျမာ္ ၾကည္ညိုေလ့ ရွိေပသည္။

ဘုရင္မႀကီး ရွင္ေစာပုသည္ သကၠရာဇ္ ၈၃၄ ခုႏွစ္ သက္ေတာ္ ၇၉ ႏွစ္တြင္ ဒဂုန္ၿမိဳ႕၌ စံေနစဥ္ ကံကုန္သည္။ ျပည္ေထာင္စု ျမန္မာရာဇဝင္တေလွ်ာက္တြင္ တစ္ပါးတည္းေသာျပည္ႀကီးရွင္ ဘုရင္မႀကီးေပတည္း။ ခမည္းေတာ္၊ ေမာင္ေတာ္၊ သားေတာ္၊ တူေတာ္ႏွင့္ သမက္ေတာ္တို႔သည္ မင္းခ်ည္းႏွင္ႏွင္ျဖစ္ၾက၍ ကိုယ္တိုင္လည္း တခ်ိန္က အင္းဝဘုရင္ေလးပါး၏ မိဖုရားအဆက္ဆက္ တင္ျမႇောက္ျခင္းခံခဲ့ရေသာ ထူးျခားသည့္ မဟာေသြး မဟာဆီတပါး ျဖစ္ေပသည္။

ဘုရင္မႀကီး ဒဂုန္တြင္ စံျမန္းစဥ္က ဘုရင္မႀကီး၏ စံအိမ္ေတာ္သည္ ေ႐ႊတိဂုံအေနာက္ဘက္ရွိ စစ္တပ္ေနရာျဖစ္မည္ဟု ခန႔္မွန္းရေၾကာင္း ေ႐ႊတိဂုံသမိုင္းတစ္ေစာင္တြင္ ေဖာ္ျပသည္။

ေ႐ႊတိဂုံဆံေတာ္ရွင္ျမတ္၏ အေနာက္ေတာင္ဘက္၌ ၿမိဳ႕နန္းတည္၍ ေဆာက္လုပ္ထားေသာ စံအိမ္ေတာ္၌ အသက္ထက္ဆုံး ေနထိုင္ၿပီးလွ်င္ ဥပုသ္သီလ ေစာင့္ထိန္းကာ တရားဘာဝနာ စီးျဖန္းေလ့ရွိသည္။ ေ႐ႊေတာင္ႀကီးပမာ ေ႐ႊေရာင္တဝင္းဝင္းႏွင့္ တင့္တယ္သပၸာယ္စြာ ရွိေနေသာ ဆံေတာ္ရွင္ေစတီႀကီးကို ဇရာေရာဂါ ဖိစီး၍ ဇိဝိႏၵျေခ်ဳပ္လုဆဲခါနီးအထိ သမာဓိတည္စြာျဖင့္ အာ႐ုံျပဳကာ လက္အုပ္ခ်ီ၍ ၾကည္ညိုျမတ္နိုး ရွိခိုးလ်က္ပင္ကံေတာ္ကုန္သည္ဟုဆိုၾကေလသည္။

ဘုရင္မႀကီး နတ္ျပည္စံလြန္ေသာအခါတြင္ အေလာင္းေတာ္ကို ဟံသာဝတီသို႔ ျပန္မယူဘဲ ဘုရင္မႀကီး ေပ်ာ္ေမြ႕သည့္ ဒဂုန္(ရန္ကုန္) တြင္ သျင္ၢိုဟ္ခဲ့သည္။ ဒဂုန္ၿမိဳ႕ ေျမနီကုန္း ရဲတပ္စခန္းႏွင့္ စမ္းေခ်ာင္းအၾကားတြင္ ရွင္ေစာပုကုန္းဟု ယေန႕တိုင္ေခၚေဝၚေနၾကေသာ အရပ္ရွိရာ ထိုအရပ္သည္ ရွင္ေစာပု၏ သခၤ်ိဳင္းေတာ္ရွိရာအရပ္ဟု ယူဆၾကသည္။ ဘုရင္မႀကီး အသုံးျပဳခဲ့သည္ဟုဆိုေသာ ေ႐ႊေခါင္းေဆာင္းတခုကို လန္ဒန္ၿမိဳ႕ ဝိတိုရိယႏွင့္ အယ္လဗတ္ျပတိုက္ႀကီးတြင္ ယေန႕တိုင္ ျပသထားေလသည္။

(မူရင္း- ကလ်ာမဂၢဇင္း)
wph
Photo Credit Original


.
.

.က်ြန္ေတာ္သိ၍က်ြန္ေတာ္တတ္၍ေရးသားျခင္းမဟုတ္ပါ။


က်ြန္ေတာ္ေလ ့လာမိသမ်ွကိုစာဖတ္သူမ်ားထံျပန္လည္မ်ွေဝေပးျခင္းသာျဖစ္ပါတယ္။


က်ြန္ေတာ့္ပို႔စ္တစ္ခုခ်င္းစီအတြက္မူရင္းေရးသားသူမ်ားကိုအထူးေက်းဇူးတင္ဥပကၠာရတင္ရွိပါတယ္


ျဖိဳးေလး(Myanmar      Youth)ph-09969535368


**********************************************************************************************



"မွန်ဘုရင်မကြီး ရှင်စောပု"
--------------------------------

ရှင်စောပုသည် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။ရွှေတိဂုံစေတီ မွန်ကျောက်စာနှင့် အခြား မွန်ကျောက်စာများတွင် ဂြီတြိဘုဝနာဒိတျ ပြဝရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မ ရာဇာဓိရာဇာဒေဝီ ဘွဲ့ခံ ဝိဟာရဒေဝီ ဟူ၍လည်းကောင်း၊ ဗညာထာဝ် ဟူ၍လည်းကောင်း ပါရှိသည်။ မွန်ရာဇဝင်တွင် ဝိဟာရဒေဝီ၊ ဝိသုဒ္ဓရာဇာ၊ ဣတၳိရာဇာ၊ဗညားထောဝ် (မင်းအို) နှင့် သေဝ်စါဝ်ပေါအ် (ရှင်စောပု) ဟူ၍ နာမည်အမျိုးမျိုးဖြင့် ဖော်ပြပါရှိလေသည်။

ရှင်စောပုသည် မွန်ရာဇဝင်တွင် အလွန်ထင်ရှားသည့် ရာဇာဓိရာဇ်ဘုရင် နှင့် မိဘုရား ဒလသုဒ္ဓမာယာ တို့မှာ ဖွားမြင်သော သမီးတော် ဖြစ်သည်။ နေ့နံအရ ဝိဟာရဒေဝီ ဟု စတင်ခေါ်တွင်ခဲ့ဟန် တူလေသည်။ ယင်းနှင့်အတူ တစ်မိတည်းတွင် ဖွားမြင်သူကား မောင်တော် ဗညားရံ (ဗညာရာံ/ဗညားရာမ်) ဖြစ်လေသည်။

သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် ရှိစဉ်ကပင် အသက် ၂၀ အရွယ်ရှိပြီဖြစ်သော ရှင်စောပုအား တူတော် သမိန်စည်သူနှင့် စုံဖက်စေခဲ့သည်။ ရှင်စောပုတွင် သမီးနှစ်ယောက်နှင့် သားတစ်ယောက် ထွန်းကားခဲ့လေသည်။ သမီးနှစ်ယောက်ကို မိပကောထော် (မိပ္ကူထဝ်) နှင့် မိပကောသင်(မိပ္ကူဩန်)၊ သားကို ဗညားဗရူး (ဗညာဗရောဝ်) ဟူ၍ အမည်ပေးလေ၏။

သက္ကရာဇ် ၇၈၀ ပြည့်နှစ်တွင် ဗညားဗရူးကို ဖွားမြင်ပြီးနောက် မြောက်သားတော် သမိန်စည်သူ ကံကုန်လေသည်။ ထို့နောက်တွင် ရှင်စောပုသည် မောင်တော် ဗညားကျန်းနှင့်အတူ ဒဂုန်တွင် စံနေရသည်။ သက္ကရာဇ် ၇၈၃ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် နတ်ရွာစံ၍ သားတော်ကြီး ဗညားဓမ္မရာဇာ(ဗညားကျန်း) နန်းတက်လေသည်။ ထိုမင်း၏ လက်ထက်တွင် ရှင်စောပု အင်းဝသို့ ပါတော်မူ၍ သီဟသူ မှအစ မိုးညှင်းမင်းတရားအထိ အင်းဝမင်း(၄)ဆက်တို့၏ မိဖုရားအဖြစ် အင်းဝတွင် (၇)နှစ် ကြာမျှ စံနေခဲ့ရလေသည်။

အင်းဝသို့ ရှင်စောပု ပါတော်မူပုံကို မွန်ရာဇဝင်များတွင် တမျိုးဖြစ်ပြီးလျှင် မြန်မာရာဇဝင်များ၌ တဖုံ ဟူ၍ နှစ်မျိုးနှစ်ဖုံ ဖော်ပြထားလေသည်။ မြန်မာရာဇဝင်များ ဖြစ်သော ဦးကုလား ၊ မှန်နန်း နှင့် သုသောဓိတမဟာရာဇဝင်များအရ သိရသည်မှာ ဟံသာဝတီတွင် ဗညားရံ (ဗညားရာံ/ဗညားရာမ)နှင့် ညီတော်အထွေး ဒဂုန်စား ဗညားကျန်းတို့ ပုန်ကန်ကြလေ၏။(ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းတွင်မူ ညီနောင် သုံးပါးဟုမဆိုပဲ ညီနောင် နှစ်ပါးသာပြကာဗညားဓမ္မရာဇာ သည် ဗညားကျန်းဟုဆိုပါသည်။)ဟံသာဝတီတွင် အချင်းချင်း မညီမညွတ် ဖြစ်နေကြောင်းကို အင်းဝဘုရင် ဆင်ဖြူရှင် သီဟသူ ကြားရလျှင် အခွင့်ကောင်း အခါကောင်းကို ယူပြီးသော် ဟံသာဝတီသို့ စုန်ဆင်း၍ တိုက်ခိုက်လေ၏။ အင်းဝတို့က တိုက်လာလျှင် ညီနောင်တို့ ပြန်၍ ညီညွတ်ကြသည်။ ဗညားဓမ္မရာဇာသည် ဗညားရံကို ဒဂုန်စားအဖြစ် ပြောင်းပေး၍ ဗညားကျန်းကို မုတ္တမစားအဖြစ် စေလွှတ်သည်။ အင်းဝတပ်တို့သည် ပုသိမ်နှင့် ဒလ(ယခု တွံတေး) တို့ကို အောင်မြင်ပြီးနောက် ဒဂုန်ကို ဆက်လက် တိုက်ခိုက်သော်လည်း ချက်ချင်း မဝင်နိုင်သဖြင့် ကြည်းကြောင်း၊ ရေကြောင်းဖြင့် ဝိုင်းရံထား၏။ ယင်းသို့ ဝိုင်းရံထားရာ၌ တစ်လခန့် ကြာလတ်သော် ဒဂုန်စား ဗညားရံ မခံနိုင်တော့သဖြင့် စစ်ပြေငြိမ်းရန် ကမ်းလှမ်းပြီးလျှင် နှမတော် ရှင်စောပုကို ဆက်သလိုက်လေသည်။ ဗညားရံသည် ပြာသာဒ်သုံးဆောင် ဆောက်ပြီးလျှင် နှမတော်ကို သီရိတြိဘုဝနာဒိတျ ပြဝရအတုလ အဂ္ဂမဟာ ဓမ္မရာဇာဓိရာဇ မဟာဒေဝီ ဟူသော အမည်၊ မိဖုရားကြီးတို့၏ အဆောင်အယောင်နှင့် တကွ ကိုယ်လုပ်အမျိုးသမီး သုံးကျိပ် အထိန်းအချီ ခန့်ရန်း၍ ရွှေဝေါနှင့် မွန် မြန်မာအမတ် ဝိုင်းရံပြီးလျှင် သီဟသူမင်း ထံသို့ ပို့လေသည်။ သီဟသူလည်း မိမိဖောင်တော်ထက်မှ လက်လှမ်းဆီးကြိုကာ အင်းဝသို့ ဆောင်သွားသည်။ ရှင်စောပုသည် အပြင်အလျာ အရောင်အဆင်း ကောင်းမြတ်လှသောကြောင့် သီဟသူမင်း အလွန် လေးမြတ်တော်မူ လေသည်။

သို့ရာတွင် မွန်ရာဇာဝင်၊ ပေမူ၊ ပတ်လတ်ပုံနှိပ်မူနှင့် ပီဒဗျူ ရှမစ်တို့ ပြန်ဆိုသည့် ဟံသာဝတီမင်းဆက် ရာဇဝင်မူများအရ သိရပြန်သည်မှာ ရှင်စောပုသည် ဆံတော်ရှင် ဒဂုန်ဘုရားသို့ မကြာခဏ ကြွရောက်ဖူးမြှော်လေ့ရှိသည်။ ထိုသို့ အစောင့် အရှောက် နည်းပါးစွာဖြင့် ရှင်စောပုသည် ဟံသာဝတီနှင့် ဒဂုန်သို့ ဘုရားဖူးရန် သွားလာနေကြောင်းကို အင်းဝဘုရင် ကြားသိရလျှင် မိမိအား ပမာမခန့်၍သာ ထိုသို့ အစောင့်အရှောက် နည်းပါးစွာဖြင့် သွားလာနေခြင်း ဖြစ်သည်ဟု ယူဆပြီး ရှင်စောပုအား ဖမ်းယူရန် မင်းနန္ဒသူအား စစ်တပ်အင်အား လုံလောက်စွာဖြင့် ဒဂုန်အနီး တောစခန်းတနေရာသို့ စေလွှတ်လိုက်လေသည်။ ရှင်စောပုလည်း ဟံသာဝတီမှ ဒဂုန်သို့ ဆံတော်ရှင်ဘုရား ဖူးမြော်ရန် ဥပုသ်နေ့တစ်နေ့တွင် ယခင်နည်းအတိုင်း ဆင်စီး၍ အစောင့်အရှောက် နည်းပါးစွာဖြင့် ထွက်ခွာလာရာ ဒဂုန်အနီးတောစခန်းသို့ ဆိုက်ရောက် လာသောအခါ အဆင်သင့် စောင့်နေသည့် မင်းနန္ဒသူသည် စစ်တပ်ဖြင့် ဝိုင်းရံပြီးလျှင် ရှင်စောပုအား ဆင်ထက်မှ မဆင်းစေဘဲ အသာတကြည် အင်းဝသို့ ခေါ်ဆောင်သွားသည်ဟု ဖြစ်လေသည်။ ထို အကြောင်းအရာနှစ်ရပ်တွင် ပထမအကြောင်းအရာမှာ ပိုမိုခိုင်လုံပြီးလက်ခံနိုင်ဖွယ်ရှိပေသည်။

မည်သို့ဆိုစေ ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရသည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။ အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးကျေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်းမင်းတရားနှင့် သုံးနှစ် စုစုပေါင်း (၇)နှစ် ကြာခဲ့လေသည်။ ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။ ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သားအမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည်ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေသည်။ ပိဋကဓရသည် ရှင်သာမဏေ ဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ သင်ကြားတတ်မြောက်ခဲ့၍ ဟံသာဝတီသို့ ပြန်ရောက်သောအခါ မွန်၊ ဗမာ နှစ်ဘာသာဖြင့် တရားဓမ္မ ဟောကြားရာတွင် အလွန် ကျော်ကြားလေသည်။ ပိဋကဓရသည် ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဉာဏဘွဲဲ့ အမည်ရှိ အခြားမွန်ရဟန်းတစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။ အင်းဝသို့ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု ကျော်ကြားလေသည်။ထိုအချိန်ကာလသည် မိုးညှင်းမင်းတရားလက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။

ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။ မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။ ထိုညဉ့်သန်းခေါင်ယံအချိန်တွင် အဝတ်အစား သေတ္တာကြီးတလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍ အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။ နန်းတော်တံခါးစောင့်များ မေးလျှုင် ရှင်စောပု လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။ ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင်စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည် ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။

မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင်း တောတွင်း၌ ပုန်း၍ ညဥ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။

ထိုအချိန်တွင် ဟံသာဝတီပြည်၌ ဗညားရံ ထီးနန်းစိုးစံနေသည်။ ဗညားရံသည် နှမတော် ပြန်ရောက်လာလျှင် ဝမ်းမြောက် ဝမ်းသာရှိ၍ နန်းတွင်း၌ အိမ်ဆောက်နေစေသည်။ ရှင်စောပုသည် ဟံသာဝတီပြည်သို့ ပြန်ရောြက်ပီးနောက်တွင် ပိဋကဓရနှင့် ဓမ္မဉာဏတို့အား ရဟန်းသိက္ခာ အသစ်ပြန်တင်ပေးခြင်း၊ ရဟန်းနှစ်ပါး သီတင်းသုံးရန် ကျောင်းတဆောင် ဆောက်ပေးခြင်း၊ ရဟန်းသံဃာတော် အများအပြား ဆွမ်းကပ်လှူခြင်း စသော ကုသိုလ်ကောင်းမှု အများအပြားကို ပြုလုပ်လေသည်။

သက္ကရာဇ် ၈ဝ၈ ခုနှစ်တွင် ဗညားရံ လွန်လေရာ ရှင်စောပု၏ သားတော် ဗညားဗရူး နန်းတက်သည်။ ဗညားဗရူး လုပ်ကြံခံရသောကြောင့် လွန်ပြန်သော် ရှင်စောပု၏ မောင်တော် ဖြစ်သော ဗညားကျန်းသည် ထီးနန်းရိုက်ရာကို ဆက်ခံသည်။ (မွန်မူတွင် ဗညားကျန်းထောဟုဆိုသည်။)ဗညားကျန်းလည်း နန်းသက် မကြာရှည်ချေ။ ဗညားကျန်း လွန်လျှင် ဗညားရံ၏ သားတော် လိတ်မွတ်ထော် (မမောဟ်ထာဝ် ရှင်စောပု၏ တူတော်) နန်းတက်၍ မင်းကျင့်တရားနှင့်မညီသဖြင့် မှုးမတ်တို့လုပ်ကြံရာ ခြောက်လမျှသာ နန်းစံရလေသည်။(မွန်မူတွင် ခုနှစ်လဟုဆိုသည်။)

မင်းမော်ဓော ဟုလည်း ခေါ်တွင်သော လိတ်မွတ်ထော်၏ ထီးနန်းရိုက်ရာကို အရီးတော် ရှင်စောပုက ၈၁၄ ခုနှစ်တွင် ဆက်ခံ၍ ဟံသာဝတီပြည်ကြီးအား အုပ်ချုပ်မင်းလုပ်သည်။ နန်းတက်သည့်အခါတွင် သက်တော် ၆ဝ နီးပါးခန့်ပြီး ဖြစ်ရာ ရှင်စောပုသည် ဗညားထော (ဗညားထာဝ်) သို့မဟုတ် မင်းအို ဟူသော အမည်ကို ခံယူလေသည်။ ဘုရင်မကြီးအား ပြည်သူပြည်သားတို့က ကြည်ဖြူနှစ်လိုကြသည်တကြောင်း၊ ထို့ပြင် အထက်တွင် အင်းဝတို့အချင်းချင်း တိုက်ခိုက်နေကြ၍တကြောင်း ဘုရင်မကြီးလက်ထက်တွင် ဟံသာဝတီသည် စစ်မက်ဘေးမှ ကင်းလွတ်နေ၍ အေးချမ်းသာယာနေလေသည်။

နောက်ဆက်တွဲ 
ရှင်စောပုသည် ဘာသာရေးတွင်သာ ထက်သန်သူဖြစ်ကာ တိုင်းပြည်ကိုအုပ်ချုပ်ရန် များစွာစိတ်အားထက်သန်လှသူမဟုတ်ချေ။ ရွှေတိဂုံ စေတီတော်အား ဉာဏ်တော်တိုးမြှင့်ကာပြုပြင်ပူဇော်သည်။ဘဝ၏နောက်ပိုင်းကာလများတွင် မိမိအား ဟံသာဝတီသို့ ပြန်ရောက်အောင် ကျေးဖူးပြုခဲ့သည့် ရဟန်း နှစ်ပါးအနက်မှ ဓမ္မဉာဏ အားလူဝတ်လဲစေပြီး သမီးတော် မိတကာတင်နှင့် လက်ဆက်စေသည်။ ထို့နောက်ဓမ္မစေတီဘွဲ့ဖြင့်အိမ်ရှေ့အရာပေးကာ ကိုယ်စားအဖြစ် တိုင်းရေးပြည်ရွာ ကိစ္စများကိုလွှဲအပ်လေသည်။မိမိမှာမူ ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင်သာ တရားဓမ္မများကိုလေ့လာအားထုပ်ပြီးနေသည်မှာ နတ်ရွာစံသည့်အချိန်အထိပင်ဖြစ်သည်။ထို့ကြောင့် ဘုရင်မကြီးရှင်စောပု၏ အုတ်ဂူကို ရွှေတိဂုံဘုရားအနီးတွင် တည်ထားခဲ့ခြင်းဖြစ်သည်။ ရှင်စောပု လွန်လျှင် သားမက်တော် ဓမ္မစေတီမင်း နန်းတက်ကာ ဟံသာဝတီထီးနန်းကို စိုးစံသည်။

ဘုရင်မကြီးသည် ဇရာလည်းထောင်းလာပြီဖြစ်၍ တိုင်းပြည်အုပ်ချုပ်ရန် စိတ်မထက်သန်ချေ။ ထို့ပြင် ပင်ကိုယ်ကပင် တရားဓမ္မ အလှူဒါနတို့၌သာ မွေ့လျော်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ဟံဟာဝတီ ထီးနန်းအား သင့်တော်သူ တဦးကို လွှဲအပ်လိုသည်။ လွှဲအပ်ခံနိုင်မည့်သူကို ဆင်ခြင်ရွေးချယ်သောအခါ ပိဋကဓရ ရဟန်းသည် ဉာဏ်ပညာ အလိမ္မာနှင့် ပြည့်စုံသည်။ ထို့ကြောင့်သာလျှင် အခြားသူတပါးတို့ မပြုဝံ့သော အမှုကို ပြုကာ မိမိအား အင်းဝမှ ဟံသာဝတီအရောက် ဆောင်ကြဉ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပိဋကဓရ၏ ကျေးဇူးသည် မိမိအပေါ်၌ ကြီးမားခဲ့ခြင်းတို့ကို ထောက်ထား၍ ပိဋကဓရအား ထီးနန်းလွှဲအပ်ရန် မှူးမတ်တို့နှင့် တိုင်ပင်သည်။ မှူးမတ်တို့က သဘောမကြိုက်ညီ ရှိကြလျှင် လူအများ ကျော်နင်းသည့် တံတားသစ်သားတိုင်ကို ထုထားသည့် ဗုဒ္ဓရုပ်ပွားတော်အား ရုပ်ပွားတော်ဖြစ်လာသည့်အခါ ယုတ်ညံ့သည့်အသားဖြင့် ထုထားသည့်အပြစ်ကို ပမာဏမထားကြံဘဲ ရှိခိုးပူဇော်သည့် ပုံပမာကိုဆောင်၍ ထိုနည်းတူစွာ ဆင်းရဲသား မုဆိုးမသားဖြစ်သော်လည်း ဘုန်းပညာ လက္ခဏာနှင့် ပြည့်စုံသူ ပိဋကဓရ ဘိက္ခုအား မိမိက ဘုရင်အဖြစ် ချီးမြှင့်ခြင်းကို မှူးမတ်တို့ ကြည်ဖြူလေအောင် ဘုရင်မကြီး ဆောင်ရွက်သည်ဟု ဆိုလေသည်။

ဘုရင်မကြီးသည် ပိဋကဓရ ဘိက္ခုအား လူထွက်စေပြီးလျှင် သမီးတော် မိပကာထော်နှင့် (မိပ္က’ထဝ်) နှင့် စုံဖက်ပေး၍ အိပ်ရှေ့အရာနှင်းသည်။ ၈၂၁ ခုနှစ်တွင်မူ သမက်တော်အား ဟံသာဝတီထီးနန်းကို လွှဲအပ်လေသည်။ သမက်တော်ကား ဓမ္မစေတီမင်းဟူ၍ လည်းကောင်း၊ ရာမာဓိမတိမင်းဟူ၍ လည်းကောင်း ထင်ရှားလေသည်။

မင်းအိုဘွဲ့ခံ ဘုရင်မကြီးသည် ကုသိုလ်ဒါနပြုရေး၌ စိတ်ဆန္ဒပြင်းပြခဲ့သည့်အတိုင်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေစဉ်တွင်လည်း ကုသိုလ်ဒါနများ ပြုခဲ့သည်။ ထိုကုသိုလ်တော်များအနက် ကျိုက်မရော(ကျာက်မရဟ်) ဆုတောင်းပြည့် ဘုရားကြီး၌ အလှူဒါန ပြုခဲ့ကြောင်းကို ထိုဘုရားကြီး၌ မွန်ဘာသာဖြင့် ကျောက်စာနှစ်ချပ် ကမ္ဗည်းထိုးစေခဲ့သည်။ ထိုကျောက်စာလာ အရေးပါသော အချက်များကား ဆင်ဖြူရှင် ဗညားဦး၏ မြေးတော် သူ့ရှင်ဗညာထာဝ်သည် သက္ကရာဇ် ၈၁၇ ခုနှစ်တွင် ကျိုက်မရောဘုရား၌ ကုသိုလ်ကောင်းမှုများပြုကြောင်း၊ မိမိ၏ အလှူဒါန၌ ဝိုင်းဝန်းကူပံ့သူများအား ကြီးပွားချမ်းသာကြစေရန် လေးနက်စွာမေတ္တာပို့၍ ဆုတောင်းပြီးလျှင် မိမိ၏ ကုသိုလ်ကောင်းမှုတို့ကို ဖျက်ဆီးသူများအား ကျိန်ထားသည်ကို တွေ့ရလေသည်။

ကျိုက်မရောဘုရားတွင်သာမက အနီးအနားရှိ ကော့ဗိန်း(အိုးသည်ကုန်း) ကျောက်တောင်ဂူ၊ ဓမ္မသတ်ဂူ ၊ ခရုံဂူ၊ ကော့ဂွမ်းဂူနှင့် ဖားကပ်ဂူ အစရှိသည့် ဂူဘုရားများတွင် ခရစ် ၁၅ ရာစုနှစ် အတွင်း ထုလုပ်ထားသော ရှေးဟောင်းပန်းပုလက်ရာများ ပါရှိသည်ကို ထောက်ရှု၍ ကျိုက်မရောအနီးတဝိုက်ရှိ အထက်ပါဘုရားများသို့လည်း ရှင်စောပု ရောက်ရှိပြီးလျှင် ကောင်းမှုကုသိုလ်များ ပြုခဲ့သေးသည်ဟု ယူဆနိုင်လေသည်။

ရှင်စောပုသည် သမက်တော်အား ထီးနန်းလွှဲအပ်ပြီး နောက်တွင် ကောင်းမှုကုသိုလ် ပြုရေးကိုသာ လုံးလုံးလျားလျား ဆောင်ရွက်ခဲ့ဟန် တူပေသည် ပဲခူး(ဗဂိုး) ဘုရားခုနစ်ဆူ မွန်ကျောက်စာအရ ရှေးဟံသာဝတီပြည့်ရှင် မဟာတိဿမင်းကြီး၏ မိဖုရား သုဘဒ္ဒါဒေဝီ (ဘဒြဒေဝီ) တည်ထားခဲ့သော ဘုရားခုနစ်ဆူတို့ ပျက်စီးယို ယွင်းနေသည်ကို ဒါန သီလ၊ သမာဓိပညာနှင့် ပြည့် စုံသော ရှင်စောပုမင်းသမီးသည် မင်းကျင့်တရား ၁ဝ ပါးကို စောင့်ထိန်းသော သမက်တော် ရာမာဓိပတိမင်းနှင့် အတူတကွ ထိုပျက်စီးယိုယွင်းသော ဘုရားခုနစ်ဆူတို့ကို ခိုင်ခံ့စွာ ပြန်လည်မွမ်းမံသည်။ သက္ကရာဇ် ၈၃၂ ခုနှစ် တပို့တွဲလဆန်း ၁ ရက်နေ့တွင် ဓာတ်တော်ဟောင်းသစ်များနှင့် တကွ ရတနာခုနစ်ပါးတို့ကို ဌာပနာသည်။ ပြုသောကုသိုလ်အဖို့ကို သတ္တဝါပေါင်းအား အမျှပေးဝေ၍ ထိုကုသိုလ်ကောင်းမှုကြောင့် သံသရာမှ လွတ်မြောက်ပြီးလျှင် ထိုကောင်းမှုသည် သဗ္ဗညုတဉာဏ်အတွက် အထောက်အပံ့ဖြစ်ပါစေဟု ဆုတောင်းထားလေသည်။ ရှင်စောပု၏ ဘွဲဲ့တော်ကို ယင်းကျောက်စာတွင် “ြ၈ီတြိဘုဝနာဒိတျ ပြဝရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မရာဇာဓိရာဇာဒေဝီ’’ ဟု ကမ္ဗည်းထိုးထားလေရာ အခြားကျောက်စာများတွင် ပါရှိသည့်ဘွဲဲ့ထက် ပြဝရ ပို၍ပါသည်။

ထို့ပြင် ပဲခူး (ဗဂိုး) ခရိုင် ဘုရားကြီးရွာရှိ ဘုရားကြီးကို ရှင်စောပုနှင့် သမက်တော်တို့ ပြုပြင်မွမ်းမွံခဲ့ကြောင်းကို ရှင်စောပုလွန်ပြီးသည့်နောက် ၈၄၈ ခုနှစ် တော်သလင်းလဆုတ် ၃ရက် တနင်္ဂနွေနေ့၌ ရေးထိုးခဲ့သော ဘုရားကြီးကျောက်စာများအနက် ဘုရားကြီးကျောက်စာသည် အစုံလင်ဆုံးနှင့် အရှည်လျားဆုံးဖြစ်သည်။ ကျောက်စာကိုစီကုံးရေးသားသူအမည်နှင့် ကျောက်စာထုသူ ကျောက်ဆစ်သမား၏ အမည်ကိုပါ ဖော်ပြထားသည်။ ကျောက်စာပါ အခြားအကြောင်းအရာများမှာ ဂေါတမမြတ်စွာဘုရား လက်ထက်တွင် ဂဝံမတိထေရ်သည် ရှေးဘဝက ညီတော်ဖြစ်ခဲ့သော သထုံဘုရင် သီရိမာသောက (သီဟရာဇာ) မင်းထံ ကြွရောက်ကြောင်း၊ သီရိမာသောကမင်း၏ လျှောက်တောင်းပန်ချက်အရ ဂဝံပတိထေရ်က မြတ်စွာဘုရားအား သထုံပြည်သို့ ပင့်ဆောင်၍ မြတ်စွာဘုရား ကြွလာသည်။ သထုံ (သုဓမ္မဝတီ> သုဓမ္မ>သုဓမ်> သုဓိုမ်> သဓီု> သထုံ)ပြည်ရှိ ရသေ့ခြောက်ပါးတို့အား ဆံတော် ဓာတ်တဆူစီ ပေးသနားခဲ့၍ သီရိမာသောကမင်းကိုမူ ဆံတော်မပေး၊ နောက် ၃၇ နှစ်ကြာ၍ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည့် အခါ၌သာ သွားတော်ဓာတ်တဆူကို ဂဝံပတိထေရ်က သီရိမာသောကမင်းထံ ဆောင်ကျဉ်းပေးလိမ့်မည်။ ထိုသွားတော်ဓာတ်တဆူမှ ၃၃ ဆူပွားမည်ဖြစ်ကြောင်း ဗျာဒိတ်တော် (သက္ကတ-ဝျာဒေဝ>ဗျာဒေသ်> ပါဠိတွင် ဗျာဒိတ္တဟူ၍လုံးဝမရှိပါ) ပေးခဲ့လေသည်။

သုံးဆယ့်ခုနစ်နှစ်ကြာ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုလျှင် သွားတော်ဓာတ်ကို သီရိမာသောကမင်း ရရှိသည်။ ဓာတ်တော် ၃၃ဆူပွား၍ စေတီ၃၃ဆူတည်ပြီးလျှင် ဌာပနာသည်။ ထိုမင်းနတ်ရွာစံ၍ ကာလရှည်ကြာသော် စေတီများပျက်စီးယိုယွင်းသည်။ ထိုစေတီများကို ရာဇာဓိရာဇ်မင်း လက်ထက်ကလည်း ပြုပြင်ခဲ့သည်။ ယခု ရှင်စောပုလက်ထက်တွင် ရှင်စောပုနှင့် သမက်တော်တို့က ပြန်လည်တည်ထားကြောင်းကို စာကြောင်း ၆၃ ကြောင်းဖြင့် ရေးထိုးထားလေသည်။

ထို့ပြင် သထုံခရိုင် တောင်စွန်းကေလာသ တောင်ပေါ်၌ သက္ကရာဇ် ၈၄၈ ခုနှစ် တပို့တွဲလဆန်း(၁)ရက် ဗုဒ္ဓွဟူးနေ့၌ ရေးထိုးသော မွန်ကျောက်စာအရ ကျောက်စာ၌ ငွေတောင်ဟုခေါ်သော ကေလာသတောင်ရှိ စေတီတော်ကို ရှင်စောပုနှင့် သားမက်တော်တို့ ပြုပြင်မွမ်းမံကြောင်း၊ ထိုငွေတောင်ရှိ စေတီသည် သီရိမာသောကမင်းရရှိသည့် သွားတော်ဓာတ်အစစ် ကိန်းဝပ်ရာစေတီဖြစ်ကြောင်း၊ ထိုစေတီတော်ကို ဟံသာဝတီမင်းအဆက်ဆက်တို့ ပြုပြင်မွမး်မံကြောင်း၊ စေတီအနီးတွင် ရှစ်မြှောင့် ပုံသဏ္႑ာန် သိမ်တော်ကြီးတဆောင်ကိုလည်းကောင်း၊ ကေလာသ ဘုရားစေတီအတွက် ဝတ္တက လယ်ယာမြေတို့ကိုလည်းကောင်း၊ သားနှင့်အမိ မင်းနှစ်ပါးက လှူဒါန်းကြောင်းများ ပါရှိလေသည်။

အထက်ဖော်ပြပါ ကျောက်စာများအရ ရာမည ဒေသရှိ ပဲခူး(ဗဂိုး) ခရိုင်နှင့် သထုံခရိုင်အတွင်း၌ ဘုရင်မကြီး ရှင်စောပုနှင့် သမက်တော်တို့သည် ရှေးဟောင်စေတီတော်များစွာတို့ကို ပြန်လည်တည်ထား မွမ်းမံခဲ့ကြောင်း သိရှိရလေသည်။

ဘုရင်မကြီး ရှင်စောပု အများဆုံး ပြုပြင်မွမ်းမံ၍ ကုသိုလ်ကောင်းမှု အများဆုံး ပြုခဲ့သည်ဟု ယူဆရသော စေတီတော်မှာ ဒဂုန်(ရန်ကုန်)မြို့ရှိ ဒဂုန်ဆံတော်ရှင် ရွှေတိဂုံ စေတီတော်ကြီးပေတည်း။ ဘုရင်မကြီးသည် ရွှေတိဂုံဆံတော်ရှင် စေတီကြီးအား အလွန်တရာ ကြည်ညိုလှ၍ ထိုစေတီတော်ကြီးတွင် သဒ္ဓွါတရား ထက်သန်လှစွာဖြင့် ကုသိုလ်ကောင်းမှုများ ပြုသည်။ သမက်တော်အား ထီးနန်းလွှဲအပ်ပြီးသည့်နောက်တွင် ဒဂုန်မြို့သို့ ရွှေ့ပြောင်းစံမြန်းသည်။

ရွှေတိဂုံဘုရားကြီး၏ အရှေ့ဘက်စောင်းတန်း အလယ်ပစ္စယာတွင် သက္ကရာဇ် ၁၂၄၁ခုနှစ် (ခရစ်နှစ် ၁၈၈ဝ) တွင် ကျောက်စာဌာနမှ တူးဖော်တွေ့ရှိသော ပါဠိဘာသာ၊ မွန်ဘာသာ မြန်မာဘာသာတို့ဖြင့် ရေးထိုးထားသည့် ကျောက်စာတိုင် သုံးတိုင်ရှိသည်။ ထိုကျောက်စာများတွင် ဘုရင်မကြီး ရှင်စောပုနှင့် သမက်တော်တို့သည် ဒဂုန်ဆံတော်ရှင် စေတီအား မည်ကဲ့သို ဉာဏ်တော်မြှင့်တင်၍ မည်ကဲ့သို့ ပြုပြင်မွမ်းမံခဲ့ပုံများကို အကျယ်တဝင့် ဖော်ပြထားသည်။ ထိုမွန်ကျောက်စာတွင် မွန်ကို(ရ္မန်=ရမန်) ဟုရေးထိုးခဲ့ပါသည်။ မွန်တိုင်းဌာန ရာမညဒေသ၏ မင်းအဆက်ဆက်တို့သည် စေတီတော်ကြီးကို အစဉ်အဆက် ပြုပြင်မွမ်းမံခဲ့ကြသည်။ ထိုနောက် ရှင်စောပုနှင့် သမက်တော်တို့သည် သမက်တော်မင်းပြုသော ကာလအတွင်း သားနှင့်အမိတို့ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် ဘုရားခြေတော်ရင်း၌ ကြွရောက်စံမြန်းပြီးလျှင် ကြီးစွာသော အလှူဒါနပြုကြသည်။ စေတီတော်ပတ်လည်ရှိ ချောက်ကမ်းပါးနှင့် ချိုင့်ဝှမ်းများကို ဂဝံကျောက်တုံးကြီးဖြင့် ဖို့စေသည်။ မြင့်သော ကုန်းမြေကို ညီညာစေရန် တူးညှိစေသည်။ အပြင်ဘက်တို့တွင် ဂဝံကျောက်တုံးများဖြင့်စီစေသည်။ စေတီကိုခံသော ပစ္စယာပေါ်တွင် ကျောက်ထီးများပြုလုပ်၍ ရွှေချသည်။ ပန်းတင်ခုံပစ္စယာကို ခါးဖွဲ့၍ ကျောက်ဖြင့်ပြီးသော ဆီမီးအိမ်တို့ဖြင့် ပတ်လည်စီထားသည် စသည်ဖြင့် ရွှေတိဂုံကျောက်စာ၌ ဆံတော်ရှင်အား အထူးတလည် မွမ်းမံပုံများကို ဖော်ပြထားသည်။

ဘုရင်မကြီးသည် ဒဂုန်ဆံတော်ရှင်မြတ်ကို အလွန်တရာကြည်ညိုတော်မူသဖြင့် မိမိ၏ ကိုယ်အလေးချိန်ဖြစ်သော ရွှေ ၂၅ ပိဿာကို မျက်ပါးခတ်ပြီးလျှင် စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူတော်မူသည်။ မြို့သူ၊ မြို့သားတို့ကလည်း ရွှေပိဿာချိန် ၅ဝ မျှကို ကူ၍ ပူဇော်ကြသည်။ ဘုရင်မကြီးသည် ကြေးချိန် ၁၇ဝဝ ပိဿာရှိ ခေါင်းလောင်းကြီးတလုံးကိုလည်း သွန်းလုပ် လှူဒါန်းသည်။ စေတီတော်ကြီးအတွက် နယ်မြေလေးရပ် လှူတော်မူရာ ထိုနယ်မြေလေးရပ်မှာ ဤသို့ဖြစ်သည်။

စေတီတော်မှ အရှေ့လားသော် ကျိုက်ကနက် ဘုရားအထိ
အနောက်လားသော် ကျိုက်မြောင်းဘုရားအထိ
မြောက်လားသော် ကျိုက်မိုးရပ်အထိ
တောင်လားသော် ကျိုက်နုတ်ဘုရား (အချို့က ကျိုက်သုတ်ဟုလည်း ဆိုသည်) အထိဟူ၍ သတ်မှတ်၍ ဘုရားကြီး၏ ဝတ္တကမြေအဖြစ် လှူတော်မူသည်။ ထို့ပြင် ဘုရားကြီး ရင်ပြင်တော်အပြည့် ကျောက်ပြားခင်းသည်။ ရင်ပြင်တော်အဆုံး ပတ်လည်တွင် မဟာရံတံတိုင်းခုနစ်ထပ် ပြုလုပ်၍ တံတိုင်းများ အကြားတွင် အုန်းပင်၊ ထန်းပင်၊ ပေပင် ၊သရက် ပိန္နဲ၊ ကံ့ကော် စသည့် အပင်အမျိုးမျိုးကို စိုက်စေသည်။ တံတိုင်းအောက်ဆင့် စေတီပတ်ဝန်းကျင်တွင် ဇရပ်ကြီးများကို ဆောက်လုပ်စေလေသည်။
ရွှေတိဂုံစေတီတော်မြတ်တွင် ဘုရင်မကြီး လှူဒါန်းခဲ့သော ကောင်းမှု၊ အလှူဒါနများနှင့် စပ်လျဉ်း၍ စေတီတော်ကြီးများ၏သမိုင်းနှင့် မွန်သမိုင်းတို့၌ ဖော်ပြသည်မှာ ရှင်စောပုသည် စေတီတော်ကြီးတွင် ထီးဖြူလေးစင်း၊ ရွှေသပိတ်လေးလုံး၊ ရွှေပန်းကန် လေးလုံး (ပန်းကန်တလုံးလျှင် ဆန်တတင်းချက် ဝင်သည်။) ငွေပန်းကန်ရှစ်လုံး၊ ရွှေဇွန်းလေးစင်း၊ ငွေဇွန်းရှစ်စင်း၊ (ဇွန်းတစင်းလျှင် ဆန်တစလယ်ချက် ဝင်သည်။) ဆွမ်းသင်ပုတ်တော် ၄၄ ခွက်၊ ရေအိုးကြီးလေးလုံး၊ ထွေးအင်လေးလုံး၊ ကုလားစည်လေးလုံးနှင့် စောင်းတန်းမုခ် လေးဘက်လေးဆောင်တို့ကို လှူဒါန်းခဲ့သည်။ ထို့ပြင် စေတီတော်ကြီး၏ ဝေယျာဝစ္စ ဆောင်ရွက်ရန် တံခါးစောင့်၊ တံမြက်လှဲ၊ ပန်းတင်သမား၊ ဆီမီးခွက်ထွန်းသမား စသည်တို့ကိုလည်း လှူထား၍ စေတီတော်ကြီးအား မွမ်းမံပြုပြင်ရန် ပန်းထိမ်ဖိုလေးဖိုနှင့် ပတ်ဝိုင်းလေးဝိုင်းကိုလည်း ထားရှိသည်။ ဘုရင်မကြီးသည် စေတီတော်ကြီးအတွက် ထိုမျှ ပြည့်စုံလုံလောက်စွာ လှူဒါန်းထားပြီးလျှင် နေ့စဉ်နေ့တိုင်းလည်း ဥပုသ်သီတင်း ဆောက်တည်သည်။ အနောက်ဘက် စောင်းတန်းမှ ကုန်းပေါ်သို့တက်၍ ဆံတော်ရှင်စေတီတော်ကြီးကို ကြည်လင်သဒ္ဓါကြီးမားစွာဖြင့် ဖူးမြော် ကြည်ညိုလေ့ ရှိပေသည်။

ဘုရင်မကြီး ရှင်စောပုသည် သက္ကရာဇ် ၈၃၄ ခုနှစ် သက်တော် ၇၉ နှစ်တွင် ဒဂုန်မြို့၌ စံနေစဉ် ကံကုန်သည်။ ပြည်ထောင်စု မြန်မာရာဇဝင်တလျှောက်တွင် တစ်ပါးတည်းသောပြည်ကြီးရှင် ဘုရင်မကြီးပေတည်း။ ခမည်းတော်၊ မောင်တော်၊ သားတော်၊ တူတော်နှင့် သမက်တော်တို့သည် မင်းချည်းနှင်နှင်ဖြစ်ကြ၍ ကိုယ်တိုင်လည်း တချိန်က အင်းဝဘုရင်လေးပါး၏ မိဖုရားအဆက်ဆက် တင်မြှောက်ခြင်းခံခဲ့ရသော ထူးခြားသည့် မဟာသွေး မဟာဆီတပါး ဖြစ်ပေသည်။

ဘုရင်မကြီး ဒဂုန်တွင် စံမြန်းစဉ်က ဘုရင်မကြီး၏ စံအိမ်တော်သည် ရွှေတိဂုံအနောက်ဘက်ရှိ စစ်တပ်နေရာဖြစ်မည်ဟု ခန့်မှန်းရကြောင်း ရွှေတိဂုံသမိုင်းတစ်စောင်တွင် ဖော်ပြသည်။

ရွှေတိဂုံဆံတော်ရှင်မြတ်၏ အနောက်တောင်ဘက်၌ မြို့နန်းတည်၍ ဆောက်လုပ်ထားသော စံအိမ်တော်၌ အသက်ထက်ဆုံး နေထိုင်ပြီးလျှင် ဥပုသ်သီလ စောင့်ထိန်းကာ တရားဘာဝနာ စီးဖြန်းလေ့ရှိသည်။ ရွှေတောင်ကြီးပမာ ရွှေရောင်တဝင်းဝင်းနှင့် တင့်တယ်သပ္ပာယ်စွာ ရှိနေသော ဆံတော်ရှင်စေတီကြီးကို ဇရာရောဂါ ဖိစီး၍ ဇိဝိန္ဒြချေုပ်လုဆဲခါနီးအထိ သမာဓိတည်စွာဖြင့် အာရုံပြုကာ လက်အုပ်ချီ၍ ကြည်ညိုမြတ်နိုး ရှိခိုးလျက်ပင်ကံတော်ကုန်သည်ဟုဆိုကြလေသည်။

ဘုရင်မကြီး နတ်ပြည်စံလွန်သောအခါတွင် အလောင်းတော်ကို ဟံသာဝတီသို့ ပြန်မယူဘဲ ဘုရင်မကြီး ပျော်မွေ့သည့် ဒဂုန်(ရန်ကုန်) တွင် သင်္ဂြိုဟ်ခဲ့သည်။ ဒဂုန်မြို့ မြေနီကုန်း ရဲတပ်စခန်းနှင့် စမ်းချောင်းအကြားတွင် ရှင်စောပုကုန်းဟု ယနေ့တိုင်ခေါ်ဝေါ်နေကြသော အရပ်ရှိရာ ထိုအရပ်သည် ရှင်စောပု၏ သင်္ချိုင်းတော်ရှိရာအရပ်ဟု ယူဆကြသည်။ ဘုရင်မကြီး အသုံးပြုခဲ့သည်ဟုဆိုသော ရွှေခေါင်းဆောင်းတခုကို လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်ကြီးတွင် ယနေ့တိုင် ပြသထားလေသည်။

(မူရင်း- ကလျာမဂ္ဂဇင်း)
wph
Photo Credit Original


.
.

.ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။


ကျွန်တော်လေ ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။


ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပက္ကာရတင်ရှိပါတယ်


ဖြိုးလေး(Myanmar Youth)ph-09969535368


**********************************************************************************************


Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths