Back ပင်မစာမျက်နှာ စာအုပ်စင် စာအုပ်စင် ထွေရာလေးပါး အဖေပဲ မှားပါတယ် သားရယ်..
အဖေပဲ မှားပါတယ် သားရယ်..
22 MAR 2014 | BY ရိုးရာလေး
ညမိုးချုပ်နေပြီမို့ အိပ်ယာဝင်ခါနီးမှာ သားငယ်လေး အခန်းထဲကို ခဏ ဝင်နှုတ်ဆက်ပါတယ်။
သားငယ်လေး အိပ်မက်ဆိုးမက်ပြီး နိုးလာတဲ့ အချိန်နဲ့တိုးပြီး ဘာအိပ်မက် မက်လဲဆိုတာ မေးကြည့်လိုက်ပါတယ်။
"အိပ်မက်ထဲမှာ အန်တီ ရိုစီ ဆုံးသွားတယ်တဲ့ ဖေဖေ"
အဖေဖြစ်သူက အန်တီရိုစီနေကောင်းကြောင်း၊ ကျန်းကျန်းမာမာရှိကြောင်း စကားပြောပြီး အိပ်ယာပြန်ဝင်ခဲ့ပါတယ်။
နောက်နေ့မနက်ကျတော့ အန်တီရိုစီဆုံးတဲ့ သတင်းကို ကြားလိုက်ပါတယ်။
တစ်ပတ်ကြာသောအခါ------
ထုံးစံအတိုင်းပဲ သားငယ်လေးကို အိပ်ယာဝင်ဖို့အတွက် နှုတ်ဆက်တော့ အိပ်မက်ဆိုးမှ နိုးတာနဲ့ ပြန်ကြုံပါတယ်။ ဘာအိပ်မက်လဲ မေးတော့
"အိပ်မက်ထဲမှာ အဖွား ဆုံးသွားတယ် ဖေဖေ" လို့ဖြေပါတယ်။
အဖေဖြစ်သူက အဖွားနေကောင်းကြောင်း၊ ကျန်းကျန်းမာမရှိကြောင်း နှစ်သိမ့် စကားပြောပြီး အိပ်ယာထဲ ဝင်တော့ နောက်နေ့မနက်ကျ အဖွားဆုံးတဲ့ သတင်းကြားလိုက်ပါတယ်။
တစ်ပတ်ကြာသောအခါ--------
ထုံးစံအတိုင်းပဲ သားငယ်လေးကို အိပ်ယာဝင်ဖို့အတွက် နှုတ်ဆက်တော့ အိပ်မက်ဆိုးမှ နိုးတာနဲ့ ပြန်ကြုံပါတယ်။ ဘာအိပ်မက်လဲ မေးတော
"ဒီတစ်ခါကျ အိပ်မက်ထဲမှာ သားအဖေ ဆုံးသွားတာ"
အဖေဖြစ်သူက ကိုယ်တိုင်ကျန်းမာရေးကောင်းကြောင်း၊ ဘာမှ မဖြစ်ကြောင်း နှစ်သိမ့်စကားပြောပြီး အခန်းထဲ ပြန်ဝင်သွားပါတယ်။
သို့ပေမယ့် သူမအိပ်နိုင်ပါဘူး။ သားဖြစ်သူပြောပုံအရဆိုရင် မနက်ဖန်မှာ သူသေရမယ်ဆိုတာကို သိနေလို့ ဖြစ်ပါတယ်။ ဖြစ်နိုင်တာ မဖြစ်နိုင်တာထက် အရှေ့ မှာ တကယ်ဖြစ်သွားတော့ သူလည်း စိုးရိမ်ထိန့်လန့်နေပါတယ်။ မနက်စာစားပြီး ရုံးသွားဖို့ ကားမောင်းတော့ သတိနဲ့မောင်း ပါတယ်။ နေ့ လည်စာ တောင် အဆိပ်မိမှာစိုးလို့ မစားပါဘူး။ ဆူဆူညံညံ လှုပ်လှုပ်ရှားရှား အသံကြားရင်တောင် စားပွဲအောက် ဝင်ပုန်းတဲ့ အထိကို ကြောက်လှန့် လို့နေ ပါတယ်။
ညနေရုံးဆင်းချိန် အိမ်ရောက်ခါနီး ကားမှန်ကနေ လှမ်းကြည့်လိုက်တော့ အိမ်ဘေးမှာ လူစည်နေပါတယ်။ လူတစ်ဦခေါ်မေးတော့ သူ့ရဲ့  အိမ်နီးချင်း မိတ်ဆွေ အမျိုးသားတစ်ဦး မနက်က ကွယ်လွန်သွားကြောင်း သတင်း ကြားသိလိုက်ရပါတယ်။
သူတွေဝေသွားပါပြီ။ အသက်မသေလို့ပဲ သက်ပြင်းချရမလို၊ မိတ်ဆွေ သေသွားလို့ပဲ ဝမ်းနည်းရမလို၊ ဝမ်းသာရမလိုနဲ့ အိမ်ထဲ ကို မေးခွန်းပေါင်း များစွာနဲ့ ဝင်ခဲ့ပါတော့တယ်
ရိုးရာလေး
blogမှာလာအားပေးပါလို့ဖိတ်ပါတယ်ဒါကိုနှိပ်ပါ
မင်းသိကြား
Wednesday, July 29, 2015
11:30 AM
MR: EDITOR
Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment