ညတုန်းက များသွားပါသလား။ အရက်နာကျတဲ့အရှိန်ပြေပျောက်စေမယ့် ဒီဖြေနည်းလေးတွေ အလျင်အမြန် မှီဝဲလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
(၁) ဗီတာမင် - ဘီ
သောက်ပြီး နောက်တစ်နေ့မှာ ဆိုးဆိုးရွားရွား ပိုခံစားရစေနိုင်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်း လည်ပတ်မှုမှတဆင့် ဗီတာမင် ဘီ တွေကို အရက်က သိသိသာသာ လျော့နည်းစေပါတယ်။ ဒါ့ကြောင့် အရက်စမသောက်မီ ဗီတာမင် ဘီ ၅၀ မီလီဂရမ် (၁) လုံး နဲ့ သောက်နေချိန်အတွင်း နောက်ထပ် (၁) လုံးသောက်ထားခြင်းက နောက်နေ့မနက် အရက်နာကျတာ လျော့နည်းစေနိုင်ပါတယ်။
(၂) ကိုယ်သောက်မယ့်အရက်ကို သတိထားရွေးတတ်ပါစေ။
အနက်ရောင်ပိုရင့်တဲ့ အရက်တွေမှာ အရက်နာကျမှုတွေဖြစ်စေတဲ့ အဆိပ် ပမာဏ ပိုမိုပါရှိတယ်။ အရက်နာကျခြင်း မရှိအောင် ပထဆုံးအနေနဲ့ Rum သို့မဟုတ် Whiskey တို့အစားVodka ဒါမှမဟုတ် Gin အရက်တို့ကို ဦးစားပေးရွေးသောက်သင့်တယ်။
(၃) အစာအိမ်သက်တောင့်သက်သာရှိဖို့ ဂျင်းဖျော်ရည်ဖော်စပ်ပေးပါ။
ဂျင်းဟာ အရက်နာကျပြီဆိုရင် မကြာခဏဆိုသလို အစာအိမ် မအီမသာဖြစ်မှုဖြေရှင်းဖို့ အကောင်းဆုံးဖြေဆေးတစ်မျိုးပါ။ ပျားရည်ပမာဏ များများခပ်ထားတဲ့ ဂျင်းအရည်ချိုချိုလေးမှာ ခန္ဓာကိုယ်အတွင်း အစာအာဟာအဖြစ်သို့ ပြောင်းလဲစေပြီး အရက်အာနိသင်ကို ဖယ်ရှားပေးတဲ့ သစ်သီးသကြားဓာတ်တွေ ပါဝင်ပါတယ်။ ဂျင်းရည်ခပ်ပျစ်ပျစ်သို့မဟုတ် ပါးပါးလေးလှီးထားတဲ့ ဂျင်းကို ဝါးစားပေးပါ။ ဒါ့အပြင်၊ ဂျင်းဆား/ပျားရည်စိမ်က အစာအိမ်မအီမသာဖြစ်မှုကို ရပ်တန့်စေပါလိမ့်မယ်။
(၄) အုန်းရည်သောက်ပါ
ရေများများသောက်ပေးခြင်း၊ ရေဓာတ်ပြန်လည်ဖြည့်ပေးခြင်းက အရက်မူးတဲ့ ညတစ်ညပြီးဆုံးလို့ ခေါင်းနှောက်မူးဝေခြင်း မရှိအောင်ကုသတဲ့ အမြန်ဆုံးနည်းတစ်ခုဖြစ်ပါတယ်။ အချိုရည်တွေထက် သန့်ရှင်းလတ်ဆတ်တဲ့ရေတစ်ခွက်မှာ အီလက်ထရိုရိုက်ပိုများပါတယ် ငှက်ပျောသီးတစ်လုံးထက် ပိုတက်စီယမ်ပိုများပါတယ်။ အစာအိမ် မအီမသာဖြစ်မှုကိုတောင် ငြိမ်းသွားစေနိုင်တယ်။ အုန်းရည်မရှိဖြစ်နေပါက အီလက်ထရိုရိုက်Gatorade (အချိုရည်) သောက်ပေးပါ။ ရေသန့်ကိုတော့ အမြဲတမ်းသောက်ပေးသင့်ပါတယ်
ရွှေမြို့တော်
Thursday, July 30, 2015
12:29 AM
MR: EDITOR
Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment