ပထမအကြိမ် … သူငိုမယ် ပြသနာရှာမယ်
ငါ့ကိုအခုတော့ ဒီလိုဆက်ဆံတယ်ပေါ့ဆိုပြီး
ဒုတိယအကြိမ် … သူမဲ့ပြုံးပြုံးမယ်
ရပါတယ် ရိုးနေပြီဆိုပြီး သူဖြည့်တွေးမယ်
တတိယအကြိမ် … သူနေတတ်သွားမယ်
ဘယ်လိုမှ ခံစားရမှာ မဟုတ်တော့ဘူး
နောက်ဆုံးအဆင့်ကတော့ …
အားလုံးကိုလက်ခံသွားနိုင်မယ် … ထုံပေပေဖြစ်သွားမယ်
ရှိခြင်းမရှိခြင်းတောင် သူမသိချင်တော့လောက်အောင်
အချစ်ကိုသူစိတ်နာမယ်
ဒါပါဘဲ...အဲ့လိုနောက်ဆုံးအဆင့်ထိ
မိန်းမတယောက်ပြောင်းလဲသွားပြီဆိုတဲ့အခါ..
သိပ်ကြောက်ဖို့ကောင်းတယ်
ဒါပေမယ့် အဲ့လူကို သူ မချစ်တော့တာတော့မဟုတ်ဘူး
ချစ်ခြင်း နာကျင်ခြင်း ဒဏ်ရာ အလွမ်း
စိတ်ပင်ပန်းရခြင်းတွေ အားလုံးပေါင်းစပ်သွားပြီးနောက်…
သူ့ခံစားချက်တွေ … သူကိုယ်တိုင်မသိနိုင်တော့တဲ့အထိ
ပြောင်းလဲခြင်းတွေ သူ့ဆီရောက်လာခဲ့တယ်
အဲ့ဒီအခါ အဲ့ဒီမိန်းမကို နားလည်နိုင်အောင် ပြင်ဆင်ထားပါ
လူတယောက်ကိုသိပ်ချစ်မိတဲ့အခါ…
စိုးရိမ်မှုတွေ ပူပန်မှုတွေနဲ့ ဒဏ်ရာတွေ
သူ့အလိုလိုမတောင်းဘဲရလာခဲ့တာ သိပ်ဆိုးလွန်းပါတယ်
Credit to Original Writer
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment