၁။ အလုပ်ချိန်ကို လိုတိုးပိုလျော့ အရှင် လုပ်ထားပါ။
တကယ်တော်တဲ့ဝန်ထမ်းဟာ သူ့တာဝန်ကို အချိန် မှီပြီးစီးအောင် လုပ်သွားပါလိမ့်မယ် ။ ရုံးနောက်ကျတာ စောပြန်တာမျိုးကို ပြသနာသွားမ လုပ်ပါနဲ့။
၂။လူချင်းတွေ့ပြီး သတင်းပို့ရတာထက် ယနေ့ခေတ် ဆက်သွယ်ရေး ချန်နယ်တွေသုံးပြီး အွန်လိုင်းကနေ အချိန်နဲ့တပြေးညီ သတင်းပို့ တဲ့အလေ့အကျင့်ထား
ပေးပါ။ Viber , We Chat , email ...သုံးပါ။
၃။ဝန်ထမ်းရဲ့ တိုးတက်လာမှုကို အသိအမှတ်ပြုပေး ပါ။ လစ်လျူမရှုထားပါနဲ့။
၎။နားရက် သပ်သပ်အပိုပေးပါ။ ခွင့်ရက်တွေထဲက သွားမနုတ်ပါနဲ့။
၅။ကျေးဇူးတင်ပါ တယ် ဆိုတဲ့စကားကို တခုတ်တရပြောပေးပါ။
၆။လိုအပ်ရင် ကိုယ်တိုင် စာနဲ့ရေးပြီးချီးကျူးပေးပါ။ လက်ရေးနဲ့ ဖြစ်ပါစေ။
၇။ရုံးတွင်းအစည်းအဝေး အများရှေ့မှာ ချီးကျူးပေးပါ။
၈။အီးမေလ် မှတဆင့် ချီးကျူးစာကို တိုက်ရိုက်ပို့ တဲ့အပြင် ဝန်ထမ်းအားလုံးထံမိတ္တူ ခံ (cc) တွဲ ပါ။
၉။နားနေခန်း ကန်တင်း လိုနေ မျိုးတွေမှာ ဓါတ်ပုံ ချိတ်ဆွဲပြီး စံပြဝန်ထမ်းအနေနဲ့ ဂုဏ်ပြုပေးပါ။
၁၀။ကိုယ် ဖောက်သည်တွေ , BOD တွေ အစရှိသဖြင့် အရေးကြီးပုဂ္ဂိုလ်တွေနဲ့ မိတ်ဆက်ပေးပါ။
၁၁။သူ့ဟာ အနာဂတ်မှာ အားကိုးရမယ်သူ ။ကိုယ့်နေရာကိုဆက်ခံရမယ့်သူ ။ ကျန်ဝန်ထမ်းတွေ အတွက် အတုယူရမယ့်သူအဖြစ် ပြောပေးပ်။
၁၂။ကိုယ်ထိုင်နေကြခုံမှာ တရက်လောက်လာထိုင် ခိုင်းပြီး ဒီနေရာရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ခံစားနားလည်ခိုင်းပါ။
၁၃။သောကြာနေ့တိုင်းမှာ ယူနီဖောင်းမဝတ်ခိုင်း ဘဲ လွတ်လပ်စွာဝတ်ဆင်ပါစေ။
၁၄။LinkedIn Recommendation အမြဲလုပ်ပေးပါ။
၁၅။ တခါလောက် သူလုပ်နေကြ နေ့စဉ်အလုပ်တွေ မလုပ်ခိုင်းဘဲ တခြားသူရဲ့ အလုပ်တခုလောက် ခိုင်းကြည့်ပါ။ စိတ်အပြောင်းအလဲပေါ့
၁၆။သူ တို့ရဲ့ စိတ်ဆန္ဒအတိုင်းကုမ္ပဏီရဲ့ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ချင်ရင် ခွင့်ပြုပေးပါ
၁၇။ကိုယ့် လုပ်ငန်းအတွက်အနှောင့်အယှက်မဖြစ်ရင် နားရက်တွေမှာ အခြားအပိုဝင်ငွေရှာတာမျိုးကို ခွင့်ပြုပေးထားပါ။
၁၈။တခါတလေ နေ့လည်စာ အကြာကြီးသွားစားခွင့် ပြုပေးလိုက်ပါ
၁၉။ သူများနိုင်ငံတွေမှာတော့ အိမ်မွေးတိရိစ္ဆာန်လေး
တွေကို တခါတရံ ရုံးကိုခေါ်လာခွင့်ပါပေးကြပါတယ်။
ဒီမှာတော့ ကလေးတွေ ရုံးခေါ်လာထိန်းသလိုပေါ့။
credit-ကောင်းငြိမ်းစိုး-Kudo
အောင်မြင့်မြတ်
Monday, January 25, 2016
4:23 PM
ကိုယ့်ဝန်ထမ်းကို ကိုယ့်အိတ်ထဲက ပိုက်ဆံမကုန်ပဲ ချီးမြှောက်နိုင်သည့်နည်းလမ်းများ
Myanmar Youths Technology Group
No comments
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment