Marie Curie
ကမ္ဘာပေါ်မှာ ယခုချိန်ထိတိုင်အောင် မတူညီတဲ့ နယ်ပယ်နှစ်ခု ကနေ နိုဘဲလ်ဆု ၂ ဆုကိုရဖူး တဲ့ အမျိုးသမီး မှာ သူမ တစ်ယောက်သာရှိပါတယ် ။ သူမ နာမည် ကတော့ Marie Curie ဖြစ်ပါတယ် ။ မတူညီတဲ့ နယ်ပယ် ၂ ခု ( ရူပဗေဒ နဲ့ ဓာတုဗေဒ ) ကနေ နိုဘဲလ်ဆု ရယူနိုင်ခဲ့တဲ့ သူမကို ခေတ်သစ် ရူပဗေဒ ရဲ့ မိခင်လို့ တင်စားခေါ်ဝေါ်ကြပါတယ် ။
သူမကို ၁၈၆၇ နိုဝင်ဘာ ၇ ရက် ဝါဆောမြို့ ၊ ပိုလန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ် ။ အလယ်တန်း သင်္ချာနဲ့ ရူပဗေဒ ကျောင်းဆရာ ဖြစ်သူ ဖခင်ထံမှ သိပ္ပံနှင့် ပက်သက် တဲ့ အကြောင်းအရာတွေကို သူမ ငယ်စဉ် ကတည်း က ရင်းနှီးလာခဲ့ တာပါ ။ Marie က ငယ်စဉ်ကတည်း က စူးစမ်းလိုစိတ်နဲ့ ဉာဏ်ကောင်း တဲ့ ကျောင်းသူ တစ်ဦးပါ ။ သူမ က ၁၈၉၃ ခုနှစ်မှာ ရူပဗေဒ ပညာနဲ့ မဟာဘွဲ့ ရခဲ့သလို သင်္ချာနဲ့ ပက်သက်တဲ့ ဒီဂရီတစ်ခုလည်း ရရှိခဲ့ပါတယ် ။ ၁၈၉၅ မှာ ပြင်သစ် ရူပဗေဒ ပညာရှင် Pierre Curie နဲ့ အိမ်ထောင်ပြုပြီး လက်တွေ့ စမ်းသပ်ချက်တွေကို အတူတကွ လုပ်ဆောင်ခဲ့ပါတယ် ။ ခင်ပွန်းသည်ကလည်း စမ်းသပ်မှုတွေကို စိတ်ဝင်စားတဲ့ သူဖြစ်တဲ့အတွက် Marie တို့ ၂ယောက်က စမ်းသပ်မှုတိုင်းကို အတူတကွ လုပ်ဆောင်ရင်း ရူပဗေဒပညာရှင် စုံတွဲ ဟု လူများတင်စားခေါ်ဝေါ်ခြင်း ကိုလည်း ခံခဲ့ရပါတယ် ။
Marie ရဲ့ ပထမဆုံး နိုဘဲလ်ဆု ကို ရူပဗေဒ ပညာရှင် အနေနဲ့၁၉၀၃ ခုနှစ်မှာ ရေဒီယို သတ္တိကြွ အကြောင်းဖော်ထုတ်နိုင်ခြံခင်းကြောင့် ရရှိခဲ့ပါတယ် ။ ၁၉၁၁ မှာတော့ သူမရဲ့ ဒုတိယအကြိမ် နိုဘဲလ်ဆု ကို ဓာတုဗေဒ ပညာရှင် အနေနဲ့ Radium နဲ့ Polonium ကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ရရှိခဲ့တာပါ ။ သူမ က X-rays နဲ့ ပက်သတ်ပြီး ခွဲစိတ်ကုသမှု့တွေမှာ အသုံးပြုရန် သုတေသန ဆက်လက် ပြုလုပ်ခဲ့ပါတယ် ။ ပထမ ကမ္ဘာစစ် အတွင်း Marie သည် ရှေ့တန်း ဒဏ်ရာရ စစ်သားများအား X-rays နည်းဖြင့် ကုသပေးရန် အရေးပေါ်ကားများတွင် X-rays စက်ကိရိယာများ တပ်ဆင်ရန်ကူညီပေးခဲ့သည်။
သူမ ဘဝရဲ့ အချိန်တော်တော် များများမှာ ရေဒီယို ဒြပ်စင်များနဲ့ စမ်းသပ် ပြီး သုတေသန လုပ်ငန်းများပြုလုပ်သောကြောင့် ရေဒီယိုသတ္တုဒဏ်ကို ခံရဖန်များသဖြင့် သွေးအားနည်းသောရောဂါ ဖြင့် ၁၉၃၄ ခု ဇူလိုင် ၄ ရက်နေ့တွင် ကွယ်လွန် သွားခဲ့ပေမယ့် သူမရဲ့ ရှာဖွေ တွေ့ရှိချက် တွေကတော့ ယနေ့ အထိ လူသားတွေကို အကျိုးပြုနေတုန်းပါ ။
သူမ တွင် သမီး နှစ်ယောက် ကျန်ခဲ့ရာ အကြီး Irene Joliot-Curie နှင့် သူ၏ခင်ပွန်းသည် တို့သည် မိဘများ၏ သုတေသနလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ရာ ၁၉၃၅ ခုနှစ်တွင် ဓါတုဗေဒပညာအတွက် နိုဘဲလ်ဆု ရရှိခဲ့လေသည်။သမီးအငယ် Eve Curie သည် သူ့မိခင်အတ္ထုပ္ပတ္တိကို ရေးသားထုတ်ဝေခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းက လစ်ဗီးယား၊ ရုရှား၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ စစ်မျက်နှာ များသို့ စစ်သတင်းထောက်အဖြစ် ရောက်ခဲ့ဘူးလေသည်။
Credit - Ayesay
အောင်မြင့်မြတ်(Myanmar Youths)
Wednesday, February 10, 2016
7:06 AM
ကမ္ဘာ့ပထမဆုံးအမျိုးသမီးနိုဗလ်ဆုရှင်
Myanmar Youths Technology Group
No comments
MR: EDITOR
Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment