Wednesday, February 10, 2016

ပညာရှိတွေကိုတွေ့နိုင်မည့်နေရာ

ဘ၀ဟာ ခန့်မှန်းရခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ နေ့ရက်တိုင်း၊
နာရီတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ အရာအားလုံးဟာ အသစ်သစ်သော အတွေ့အကြုံတွေကို ပေးစွမ်းနေတယ်။ ဒီလို မသေချာ၊ မရေရာမှုတွေများတဲ့ ဘ၀မှာ နောက်တစ်ခန်းမှာ ဘာသင်ကြားခံရမယ်ဆိုတာလည်း မခန့်မှန်းနိုင်ကြတဲ့ ကျွန်တော်တို့အတွက် ဦးဆောင်လမ်းပြမယ့် ပညာရှိတွေ လိုတာပေါ့။

ပညာရှိတွေ ဘာကြောင့် လိုသလဲ။ အဖြေက ရှင်းပါတယ်။ ပညာရှိသူတွေဟာ ကျွန်တော်တို့အတွက် ဘ၀မှာ ကောင်းမွန်အောင် ဘယ်လိုနေထိုင်သင့်တယ်၊ ခက်ခဲတဲ့အချိန်တွေကို ဘယ်လိုဖြတ်ကျော်သင့်တယ်ဆိုတာကို 
လမ်းညွှန်ပြသနိုင်သူတွေ မို့ပါပဲ။

ပညာရှိသူတွေဟာ ကိစ္စတိုင်းကို လွယ်ကူသက်သာအောင် ပြုလုပ်နိုင်ကြတယ်။ ဘ၀မှာ တစ်ခုခု အောင်မြင်ချင်ရင်ဖြစ်ဖြစ်၊ တစ်ခုခု လုပ်ချင်တာပဲဖြစ်ဖြစ် သင်ဟာ ပညာရှိသူတွေရဲ့နောက်ကို လိုက်သင့်တယ်။ အကြောင်းက သူတို့ဟာ သင့်ကို အောင်မြင်မှု လမ်းကြောင်းပေါ်ကို မတင်ပေးနိုင်တဲ့ သူတွေမို့ပါပဲ။ အောင်မြင်မှု လမ်းကြောင်းပေါ်ကို ရှာဖွေပေးနိုင်တယ်။

သင့်အခက်အခဲကို သင်နဲ့အတူ နားလည်ပေးနိုင်တယ်။ ကိုယ့်ကို နားလည်တဲ့သူနဲ့ ကိုယ့်အခက်အခဲကို တိုင်ပင်ရတာလောက် စိတ်လက်ပေါ့ပါးစေတာ ဘယ်အရာမှ မရှိသေးပါဘူး။ ဒီတော့ သင့်ကို နားလည်မယ့်၊ သင့်အတွက် အောင်မြင်မှု ပန်းတိုင်တွေကို ရှာဖွေပေးနိုင်မယ့် ပညာရှိကို သင် ဘယ်မှာ ရှာမလည်း။

ကျွန်တော်ကတော့ စာအုပ်စာပေတွေကနေ ရှာဖွေပါလို့ အကောင်းဆုံး အကြံပြုပါရစေ။ ကောင်းမွန်တဲ့ စာအုပ်တစ်အုပ်ဆိုတာ သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်တစ်ခုပါ။ ကောင်းမွန်ပြီး စိတ်ဓာတ်ခွန်အား တွေ ပြည့်မှီစေနိုင်တဲ့ စာအုပ်တွေဟာ သင်ကို ကမ္ဘာကြီးထဲမှာ မဟာလူသားတစ်ယောက်အဖြစ်ကို ရောက်ရှိစေမယ့် တန်ခိုးတွေဖြစ်တယ်လို့ ဆိုပါရစေ။ လောကကြီးမှာ ဘယ်လိုနေထိုင်သင့်တယ်၊ လောကကြီးကို ဘယ်လိုရှုမြင်သင့်တယ်၊ လူတွေကို ဘယ်လိုစိတ်ထားသင့်တယ်ဆိုတာ လူတစ်ယောက်အတွက် အရေးကြီးဆုံးတွေဖြစ်သလို၊ ဒီလို အရေးကြီးဆုံး အရာတွေကို သင် စာအုပ်စာပေတွေဆိုတဲ့ ပညာရှိတွေထံကနေ သင် သင်ယူနိုင်တယ်လေ။

Credit: Wun Zin

အောင်မြင့်မြတ်(Myanmar Youths)


Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths