Wednesday, February 24, 2016

အချိန်၁နာရီရဲ့တန်ဖိုး

   

အလုပ်နည်းသော အင်္ဂါနေ့တစ်နေ့….အချိန်ကား ညသန်းခေါင်ယံအချိန်သို့ ရောက်လုနီးပြီ ဖြစ်သည်။ ဆေးရုံ လျှောက်လမ်းများသည် မကြုံစဖူး တိတ်ဆိတ်ငြိမ်သက်နေကြသည်။ အားကစားဂျာနယ်အဟောင်းတစ်ခုအား ဖင်ပြန်ခေါင်းပြန် ဖတ်ရှုပြီးနောက် မိမိကိုယ်ကို ရေရွတ်လိုက်မိသည်။ ” စောင့်ရတာ တော်တော်စိတ်ပျက်ဖို့ ကောင်းတာပဲ။ ငါဘာဖြစ်လို့ ဖတ်စရာ စာအုပ်တစ်အုပ်လောက် ယူမလာမိပါလိမ့်။ “

ထိုင်ခုံတွင် မျက်စိမှိတ်ပြီး ထိုင်နေခိုက် ကျွန်တော် ရောက်ရှိနေသည့် အခန်းနှင့် ကပ်လျက်ရှိသော အခန်းဆီမှ စကားပြောသံများ ကြားလာရပါသည်။ ” မင်း သူ့ကို စောင့်ခိုင်းထားတာ ကြာနေပြီ။ ကျေးဇူးပြုပြီး သူ့ကို ပေးဝင်လိုက်ပါတော့။ ကျွန်မရဲ့ မြေးလေးရောက်နေတယ်။ အသံပိုင်ရှင်ဆီမှ အသံများ ထပ်မံထွက်ပေါ်လာသည်။ “ဆရာလေးရယ် ကျေးဇူးပြုပြီး သူ့ကို ကျွန်မဆီ ခေါ်ခဲ့ပေးပါရှင်။ “

ခေတ္တမျှ ကြာပြီးနောက် ထိုအခန်းအတွင်းမှ သူနာပြုတစ်ယောက်ထွက်လာလေသည်။ အခန်းထဲတွင် ထိုင်စောင့်နေသော ကျွန်တော့်ကို သူတွေ့သွားပြီး ကြောင်ကြည့်နေလေသည်။ ” အိုး…မင်းကဒီမှာ ရောက်နေတာပဲ” လို့ သူအော်လိုက်လေသည်။ ” ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်က ညီလေးရဲ့ အဖွားကို ပြုစုဖို့ တာဝန်ကျတဲ့ ဆေးရုံသူနာပြုပါ။ အဖွားက မြေးလေး သူမဆီ အလည်လာမည့်အကြောင်းကို မနေ့ကတည်းက ပြောပါတယ်။ အဲဒါကြောင့် ကျွန်တော့်ကို လည်း ဆေးရုံထဲမှာ မင်းကို လိုက်ရှာခိုင်းသေးတယ်။ ဒီနေ့လည်း သူ့မြေးလာမဲ့အကြောင်းကို ထပ်ပြောနေတော့ သူမရဲ့ မှတ်ဥာဏ်ချွတ်ရွင်းတာက (Alzheimer’s disease) ပိုးဆိုးလာပြီလို့ ထင်ခဲ့မိတယ်။ “

” တကယ်တော့၊ ကျွန်တော်က….”

ကျွန်တော် စကားကို ဆုံးအောင် မပြောရသေးခင်တွင်ပင် သူက ဖြတ်ပြောလိုက်သည်။ ” မင်းရောက်လာတာ ကျွန်တော် အရမ်းဝမ်းသာပါတယ်။ သူ့ခမျာ မင်းကို တွေ့ပြီး နှတ်ဆက်ချင်လို့ စိတ်ကို တင်းထားရတာပါ။ တကယ်တော့ အခုအချိန်အထိ သူ စကားပြောနေနိုင်သေးတယ်ဆိုတာ တော်တော် အံ့သြဖို့ ကောင်းပါတယ်။ အဖွားရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက ကောင်းကောင်းအလုပ်မလုပ်တော့ဘူး။ အဖွားရဲ့ ဆရာဝန်ကတော့ သူမဟာ နောက်ထပ် ၂၄ နာရီလောက်ပဲ အသက်ရှင်တော့မယ်လို့ မနေ့က ပြောခဲ့တယ်။

” ဟင်…ဒါတော့…..”

သူ ကျွန်တော့်စကားကို ဖြတ်၍ ပြောပြန်သည်။ ” မင်းအပြင်မှာ စောင့်နေရတာ ကျွန်တော် တကယ်မသိလို့ပါ။ တောင်းပန်ပါတယ်။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ “

ကျွန်တော် မတ်တပ်ထရပ်လိုက်ပြီး သူနာပြုက အခန်းထဲသို့ ခေါ်ဆောင်သွားသည်။ ” အဖွားရဲ့ မြေး ဒီမှာ ရောက်နေပြီ” လို့ အခန်းဝမှနေ၍ သူပြောလိုက်လေသည်။ အဖွားကြီး၏ မျက်လုံးများ ပွင့်လာသည်။ ” အို…ကောင်းလိုက်တာ” သူမရေရွတ်လိုက်သည်။ ထို့နောက် ကျွန်တော့်ကို ကြည့်ပြီး သူမ အတတ်နိုင်ဆုံး ပြုံးပြကာ “မင်းလာမယ်ဆိုတာ အဖွားသိပါတယ်ကွယ်” လို့ပြောလေသည်။

အဖွား၏ ခုတင်ဘေးတွင် ကျွန်တော် ၀င်ထိုင်လိုက်ပြီးနောက် သူမရဲ့ လက်ကို တင်းတင်းဆုတ်ကာ ကိုင်ထားလိုက်ပါသည်။ သူမအား ကျွန်တော် ဂရုစိုက်ကြောင်း ပြသချင်သောကြောင့် ဖြစ်သည်။ အဖွားကလည်း ကျွန်တော်၏ လက်ကို ကိုင်ဖို့ ခပ်တင်းတင်းကိုင်ထားပြီး စကားပြောဖို့ ကြိုးစားနေလေသည်။ သို့သော် သူမသည် အရမ်းမောနေသောကြောင့် မပြောနိုင်ပါ။ ထို့ကြောင့် စကားမပြောတော့ဘဲ ကျွန်တော် ရဲ့ မျက်လုံးများကို အကြာကြီး စိုက်ကြည့်ကာ မိနစ်အနည်းငယ်ကြာအောင် ပြုံးပြနေလေသည်။ ထို့နောက် အဖွား၏ မျက်လုံးများလည်း ပိတ်သွားကာ အိပ်ပျော်သွားလေသည်။

နောက်ထပ်တစ်နာရီ လောက်အထိ ကျွန်တော် မလှုပ်ဘဲ ထိုင်နေမိသည်။ အဖွား၏ လက်များက ကျွန်တော်ရဲ့ လက်များကို ဆက်လက်ကိုင်ထားသောကြောင့် ကျွန်တော် ငြိမ်ငြိမ်လေး ထိုင်နေမိသည်။ ထို့နောက် ဖြည်းဖြည်းချင်း အဖွား၏ လက်များ လျော့လာကာ အသက်ရှူနှုန်းလည်း နှေးလာလေသည်။ ထိုအချိန်တွင် အဖွားသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောကြောင့် အသက်ရှူနှေးသွားသည်ဟု ကျွန်တော် ထင်လိုက်မိသည်။ ဒါပေမယ့် ခဏလည်း ကြာရော အသက်ရှူ လုံးဝရပ်သွားလေသည်။

သူမရဲ့ လက်ကို ကျွန်တော်လွှတ်လိုက်ပြီးနောက် သူနာပြုကို ခေါ်ရန်အတွက် အရေးပေါ်ခလုတ်ကို နှိပ်လိုက်လေသည်။ သူနာပြုသည် အခန်းအတွင်းသို့ ပြေးဝင်လာပြီး အဖွားအား စမ်းသပ်ကြည့်သည်။ ထို့နောက် သူမ၏ အလောင်းအား ပိတ်ဖြူစဖြင့် အုပ်ပြီး chart တွင် မှတ်တမ်းများ ရေးသားနေလေသည်။ မှတ်တမ်းရေးပြီးနောက် ကျွန်တော့်ကို သူဝမ်းနည်းကြောင်း ပြောပြလေသည်။

” မင်းရဲ့ ဆုံးရှုံးမှုအတွက် ကျွန်တော် တကယ်စိတ်မကောင်းပါဘူး။ အသုဘအတွက် မင်း ဘာတွေ စီစဉ်ပြီးပြီလဲ” ဟု မေးလေသည်။

” အဖွားရဲ့ နာမည်ကိုတောင် ကျွန်တော် မသိပါဘူး” လို့ ကျွန်တော် ပြန်ပြောလိုက်သည်။

” ဟင်…မင်းဘာကို ဆိုလိုချင်တာလဲ။ သူက မင်းအဖွားလေ” လို့ သူပြောလေသည်။

“မဟုတ်ပါဘူး။ ဒီအခန်းထဲကို မ၀င်လာချိန်အထိ ကျွန်တော် အဖွားကို တခါမှ မမြင်ဖူးဘူး။ ကျွန်တော့် က ဒီဆေးရုံမှာ မေးစေ့ကွဲသွားလို့ လာချုပ်တဲ့ သူငယ်ချင်းကို စောင့်နေတာပါ” လို့ သူပြန်ပြောလိုက်လေသည်။

သူသည် စိတ်ရှုပ်သွားသည့် ဟန်ဖြင့် ကျွန်တော့်အား မေးလေသည်။ ” ကျွန်တော် နားမလည်ဘူး။ မင်းသူ့ကို မသိဘူးဆိုရင် ဘာဖြစ်လို့ စောစောစီးစီး မပြောတာလဲ။ ပြီးတော့ သူ့နားမှ ဘာဖြစ်လို့ တစ်နာရီလောက် ထိုင်စောင့်ပေးနေတာလဲ။”

ကျွန်တော် သူအား ပြုံးပြလိုက်သည်။ “သူမဟာ ကျွန်တော့် အဖွား မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အဖွား ဘယ်လောက်နေရအုံးမှာလဲ ဆိုတာ ကျွန်တော်သိလိုက်ရတော့ သူမရဲ့ မြေးဟာ အချိန်မှီရောက်အောင် မလာနိုင်လောက်ဘူးလို့ ခန့်မှန်းကြည့်မိတယ်။ ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ ခင်ဗျားနဲ့ အခန်းထဲကို လိုက်ခဲ့တာပဲ။ သူမက ကျွန်တော့်ကို သူမရဲ့ မြေးထင်ပြီး ပြုံးပြနေတာကိုမြင်တော့ သူမရဲ့မှတ်ဥာဏ် မည်မျှ ချွတ်ယွင်းနေသလဲဆိုတာ ခန့်မှန်းလိုက်မိတယ်။ သူမဟာ သူ့မြေးလေးကို အရမ်းတွေ့ချင်နေတာကြောင့် အဖွားစိတ်ကျေနပ်အောင် အဖွားနဲ့ တစ်နာရီလောက် အတူတူနေပေးလိုက်တာပါ။”

ကျွန်တော်တို့ဟာ အချိန်ရဲ့ တန်ဖိုးကို ကိုယ့်ဘာသာကိုယ် သတ်မှတ်တာပါ။

ကျွန်တော့်တို့ဘ၀ရဲ့ တန်ဖိုးကို သူများတွေအတွက် ကျွန်တော်တို့ အချိန်ဘယ်လောက်ပေးသလဲ နဲ့ တိုင်းတာလို့ ရပါတယ်။ အချိန်ကို နာရီတွေ မိနစ်တွေ နဲ့ တိုင်းတာတဲ့အတွက် ကျွန်တော့်တို့ရဲ့ ဘ၀တန်ဖိုးကိုလည်း ကျွန်တော့်တို့ သူများတွေအတွက် နာရီတွေ မိနစ်တွေ ဘယ်လောက်သုံးသလဲနဲ့ တိုင်းတာရပါမယ်။ အခွင့်အရေးဆိုတာက နေရာတိုင်းမှာ ရှိပါတယ်။ တချို့ အခွင့်အရေးတွေက ကြိုးစားပြီး လုပ်ယူမှ ရတယ်။ အချို့ကလည်း ဘာမှ လုပ်စရာမရှိတဲ့ အင်္ဂါနေ့မျိုးတွေမှာလည်း ရတတ်တယ်။ ဒါ့ကြောင့် အခွင့်အရေးရတယ် မရဘူးဆိုတာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုနဲ့ ပဲ ဆိုင်ပါတယ်။

ကဲ…မိတ်ဆွေ။ သင်ရဲ့ နောက်ဆုံးအချိန်ကိုကော ဘယ်လို ကုန်ဆုံးစေမှာလဲ။

credit: ဇီဝက(ဆေး၂)



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths