Saturday, February 13, 2016

တန်ဖိုးကြီးတဲ့ပေးဆပ်ခြင်း

သူဌေးကြီးတစ်ယောက်ဟာ ကုန်သွယ်မှု့ ဆုံးရှုံးရာကနေ ငွေကြေးတွေ
အမြောက်အများဆုံးရှုံးသွား ရပါတယ် အကြွေးတွေလဲ တင်ကုန်ပါတယ်
ဒါကြောင့် ရှိသမျှ တိုက်နဲ့ ကားကိုပါရောင်းပြီးပေးလိုက်ရပါတော့တယ်
ဒါတောင် မှ အကုန်ကြေအောင်မဆပ်နိုင်သေးပါဘူး

ဘဝရဲ့ အခက်ခဲဆုံး အချိန်ကာလကိုရောက်ရှိလာ ရပါတော့တယ် တစ်ကိုယ်တည်း အထီးကျန်စွာနဲ့ ကုန်းကောက်စရာမရှိအောင်မွဲသွားရအောင် ဒေဝါလီ ခံလိုက်ရ ချိန်မှာ သူ့မှာ အချစ်တော်ခွေးခလေး တစ်ကောင်သာပဲ ကံကြမ္မာ ကိုအတူ ရင်ဆိုင်ဖော် ရင်ဆိုင်ဖက် အဖော်အဖြစ် ကျန်ရစ်ရှာပါတော့တယ်
..................
အဲ့ဒီနေ့က မိုးတွေ အသဲအသန်ရွာနေပါတယ် သူဟာ မိတ်ဆွေတစ်ဦးရှိတဲ့ရွာလေးဆီကို ထွက်လာခဲ့ပါတယ်
ဆက်မသွားနိင်တော့တဲ့ အတွက် ရွာအပြင် က တဲလေးတစ်လုံးမှာ မိုးဝင်ခို
လိုက်ပါတော့တယ် မှောင်မိုက်တဲ့ညထဲ မှောင်မိုက်နေတဲ့ တဲထဲမှာ သူဟာစိတ်ဖြေစရာ စာအုပ်ဖတ်ဖို့ ပါလာတဲ့မီးခြစ် ဖရောင်းတိုင် တို့နဲ့ မီးထွန်း လိုက်ပါတယ်
ဒါပေမဲ့ တိုက်ဆိုင်စွာပဲလေပြင်းတွေ တိုက် ခတ်ပြီး ထွန်းညှိလို့ မရ ပဲငြိမ်းသွားတဲ့ အတွက် စိတ်ပျက်လက်ပျက်နဲ့ ပစ်ထားပြီး အမှောင်ထဲ မှာပဲ နေနေခဲ့လိုက်ပါတော့တယ်
....................
အမှောင်ထဲ မှာအထီးကျန်ဆန် စွာနဲ့နေနေရင်း မျော်လင့်ချက်မဲ့ နေတဲ့ခံစားချက်ကြောင့် ကိုယ့်ကို ကိုယ်သတ်သေဖို့ တွေးလိုက်မိပါတော့တယ် ဒါပေမဲ့ သခင့်အပေါ်သစ္စာရှိပြီး ဘာမှ မသိရှာတဲ့ ခွေးခလေးကသူ့ကိုအမြီးလေးနှံပြီး
အဖော်လုပ်ပေးနေတဲ့အတွက် သူဟာသက်ပြင်းရှည် ကြီး ကိုသာချလိုက်ရင်း မောပန်းစွာနဲ့လှဲအိပ် လိုက်ပါတော့တယ်
.........................
မနက်လင်းလို့သူနိုးလာတော့ သူတွေ့လိုက်ရတာ သူခွေးခလေးဟာတဲရှေ့မှာ အသတ်ခံလိုက်ရပြီးသေသွားရှာပါပြီ
သူဟာ လောကကြီးအပေါ်မျော်လင့်ချက်မဲ့ စွာနဲ့ ကိုယ့်ကို ကိုယ်သတ်သေပြီး သူ့ခွေးလေးနောက် လိုက်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် ..
.........................
သူနောက်ဆုံးအနေ နဲ့ ရွာလေးကသူ့မိတ်ဆွေ ကို သွားနှုတ်ဆက်ပြီး
သတ်သေလို့ရနိုင်လောက်မဲ့ ပစ္စည်းကိရိယာ ရှာမလို့ ရွာထဲ ဝင်လိုက်တော့
ထူးခြားကြောက်စရာကောင်းအောင်ကို တစ်ရွာလုံးတိတ်ဆိတ်ငြိမ်သက်နေတော့တယ်
သူဖြေးဖြေးချင်းဆက်လျောက်သွားကြည့်လိုက်တော့မှ သိလိုက်ရတာ
ညက ရွာထဲ ကိုသူပုန်တွေ ဝင်ဒမြ တိုက်ပြီး တစ်ရွားလုံးသတ်ပစ်လိုက်ကြတဲ့အတွက် အသက်ရှင်လျက်ကျန်နေသေးတာသူတစ်ယောက်တည်းကျန်တော့တယ် ဆိုတာ ပါပဲ
.............................
အတိတ်ကသူဌေး ဟာ သူဆက်လက်အသက်ရှင်သန်နေရတာ အင်မတန် ကံထူးလွန်းလှလို့ ဆိုတာ သဘောပေါက်နားလည်သွားတော့တယ်
အချစ်ဆုံးခွေးခလေးကို ဆုံးရှုံးလိုက်ရပေမဲ့ အသက်ရှင်သန်ခွင့်ရလိုက်တာဟာ တန်ဖိုးကြီးမားလှတဲ့ ပေးဆပ်ခြင်းဆိုတာကိုနားလည်သွားခဲ့ပါတော့တယ် 
Credit: သင်သိရင် ချမ်းသာလိမ့်မယ်



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths