Monday, February 29, 2016

ရည်မှန်းချက်ပျောက်နေလားလူငယ်?



မြန်မာလူငယ်တွေကို မင်းရဲ့ဘ၀ရည်မှန်းချက်ကဘာလဲလို့မေးလိုက်ရင်တော်တော်များများက စိတ်ထဲမှာ

ရေရေရာရာမသိပါဘူး။ သင်ရောအဲလိုပဲလား?အဲလိုပဲဆိုရင်တော့စိတ်အားမငယ်ပါနဲ့ ကျွန်တော်ကိုယ်တိုင်

တောင်၁၀တန်းအောင်တဲ့အထိ ရည်မှန်းချက်မရှိခဲ့ပါဘူး။ကျွန်တော်၁၀တန်းတက်နေတုန်းက ကျွန်တော့်

ရည်မှန်းချက်ဘာလဲလို့မေးရင်အဖြေရခက်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့ကျွန်တော်ဘာဖြစ်ချင်မှန်း ကျွန်တော်

မသိခဲ့တာပါ။ဒါပေမဲ့ ဆယ်တန်းကိုအောင်ကိုအောင်ရမယ်ဆိုတဲ့ယုံကြည်ချက်ကတော့ ခိုင်ခိုင်မာမာရှိနေခဲ့

ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာက ကိုယ်စိတ်ဝင်စားတဲ့အရာ ၀ါသနာပါတဲ့အရာကိုငယ်ငယ်ကတည်းက မိဘရဲ့

ကျပ်တည်းတဲ့အခြေအနေကြောင့်၊သို့မဟုတ်ပတ်ဝန်းကျင်ရဲ့ “မင်းအောင်မြင်မှာမဟုတ်ပါဘူးဖြစ်မှာမဟုတ်

ဘူး” ဆိုတဲ့စကားတွေကြောင့်၊ အစိုးရရဲ့ပညာရေးပေါ်မထောက်ပံ့မှုတွေကြောင့် အကုန်လုံးရေစုန်မျှောခဲ့ရပါ

တယ်။ကိုယ့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အားပေးမဲ့သူထောက်ပံ့မဲ့သူ တွေရှားပါးခဲ့ပါ

တယ်။ဆင်းရဲတဲ့မိသားစုက ကလေးက ဆယ်တန်းမှာဘာသာစုံဂုဏ်ထူးထွက်လဲသူတက္ကသိုလ်ဆက်

မတက်နိုင်မှန်းသိတော့ စာမကြိုးစားချင်တော့ပါဘူး။ဒီလိုနဲ့ပဲ လူငယ်အချို့ရဲ့ရည်မှန်းချက်ဆိုတာတွေလဲ

ရေစုန်မျောခဲ့ပါတယ်။ဒါပေမဲ့လဲလူငယ်တိုင်းတော့မဟုတ်ပါဘူး။ အဲလိုဆင်းဆင်းရဲရဲနဲ့အောင်မြင်လာတဲ့

သူတွေလဲရှိပါတယ်။

သူများနိုင်ငံကလူငယ်တွေကိုမေးရင်တော့ငယ်ငယ်ကတည်းကရည်မှန်းချက်ရှိကြတာများပါတယ်။ဥပမာ

အမေရိကန်က ကလေးတွေဆိုငယ်ငယ်လေးတည်းကSteve Jobs လိုဖြစ်ချင်တဲ့သူရှိတယ်။

Mark Zuckerberg လိုဖြစ်ချင်တဲ့သူရှိတယ်။Michael Jackson လို POP အကျော်အမော်လိုဖြစ်ချင်တဲ့

ကလေးတွေရှိတယ်။သူတို့ကသူတို့မျက်စိရှေ့မှာတင်သူတို့အားကျရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊

သိပ္ပံပညာရှင်တွေ၊ အနုပညာရှင်တွေ အများကြီးရှိတဲ့အပြင် ငယ်ငယ်ကတည်းကကိုယ်ဝါသနာပါတာ

ကိုလုပ်ဖို့ မိဘတွေကလည်းအများအားဖြင့် အားပေးကြတယ်။

ရည်မှန်းချက်ဆိုတာ အကြမ်းအားဖြင့်(၂) မျိုးရှိပါတယ်။ ရေရှည်ရည်မှန်းချက်နဲ့ ရေတိုရည်မှန်းချက်ပါ။

ရေရှည်ရည်မှန်းချက်ကတော့ ဆရာဝန်ဖြစ်ချင်တယ်တို့၊အင်ဂျင်နီယာဖြစ်ချင်တယ်တို့ပေါ့။ ရေတိုရည်

မှန်းချက်ကတော့အခုလောလောဆယ်ပစ်မှတ်ထား ထားတဲ့ပန်းတိုင်ပေါ့။အဲဒိတော့ ရေရှည်ရည်မှန်း

ချက်မရှိလဲ စိတ်မပူပါနဲ့။

နိုင်ငံရဲ့အနေအထား ပတ်ဝန်းကျင်အနေအထားတွေကြောင့် ဖြစ်နေရတာပါ။အဲဒိတော့ပြုပြင်လို့မရတဲ့

အရာတွေအတွက် စိတ်ညစ်မနေနဲ့တော့။ပြုပြင်လို့ရတဲ့ အရာတွေကိုအာရုံစိုက်ပီး အောင်မြင်အောင်

လုပ်ကြရအောင်။အဲဒိရေရှည်ရည်မှန်းချက်ကြီး သင့်မှာအခုမရှိလဲ သင်အောင်မြင်နိုင်ပါတယ်။

“ ကျရှုံးတဲ့သူတွေက အဖြစ်အပျက်တွေ ဖြစ်ထွန်းလာတာကိုစောင့်မျှော်ကြတယ်

အောင်မြင်တဲ့သူတွေက အဖြစ်အပျက်တွေဖြစ်ထွန်းအောင် လုပ်ဆောင်ကြတယ်”

-Anonymous

ရေတိုရည်မှန်းချက်ပဲထားပါ။ ဥပမာ ကျွန်တော့်ရည်မှန်းချက်ကဘာလဲလို့သင်ကျွန်တော့်ကို အခုမေးရင်

ကျွန်တော့်ရည်မှန်းချက်က အခုစာလေးကိုအကောင်းဆုံးအောင်အောင်မြင်မြင်ပြီးဆုံးအောင်ရေးဖို့ပါပဲ။

ဘယ်အလုပ်ပဲလုပ်လုပ်ရည်မှန်းချက်ထားပါ။ ဥပမာ သင်ဒီစာကိုဖတ်နေတယ်ဆိုပါစို့။ဒီစာကိုအာရုံစူးစိုက်

စွာ နဲ့ဖတ်မယ်လို့ရည်မှန်းချက်ထားလိုက်ပါ။ရေတိုရည်မှန်းချက်ဆိုတာ ပစ္စုပ္ပန်တိုင်းကအရာရာကို

အကောင်းဆုံးလုပ်ဖြစ်အောင်လုပ်ဖို့ ရည်မှန်းချက်ပါ။ သင်ရဲ့ရေရှည်ရည်မှန်းချက်ကို အခုမသိသေးလဲ

စိတ်လုံးဝမပူပါနဲ့ ။ဘာလို့လဲဆိုတော့ သင်အရာရာတိုင်းကိုအကောင်းဆုံးတွေလုပ်နေတဲ့အတွက်

တဖြည်းဖြည်းနဲ့ ဘာလုပ်လုပ်အောင်မြင်လာပါ့လိမ့်မယ်။အဲဒိအခါကျရင် သင့်ရေရှည်ရည်မှန်းချက်ကလဲ တဖြေးဖြေးရုပ်လုံးပေါ်လာလိမ့်မယ်။သင်အခုဘာလုပ်နေလဲ အကောင်းဆုံးလုပ်လိုက်နော်။ Englishစာ

သင်တန်းတက်နေတာလား အဲဒိသင်တန်းပြီးရင် သင်Englishစာကျွမ်းကျင်ရမယ်ဆိုပီစကြိုးစားလိုက်

ပါတော့။ မနက်ဖြန်အင်တာဗျူးဖြေဖို့ရှိလား မနက်ဖြန်သင်အဲဒိအင်တာဗျူးကို အောင်ကိုအောင်ရမယ်

ဆိုပြီး ရည်မှန်းချက်ထားလိုက်၊အခုစာတစ်ပုဒ်ကျက်နေလား သင်အဲဒိစာတစ်ပုဒ်ကိုရကိုရရမယ်လို့

ရည်မှန်းချက်ထားလိုက်၊ ပြီးရင်အောင်မြင်အောင်ကြိုးစား။ ရည်မှန်းချက်လေးတွေအောင်မြင်လာတိုင်း

ကိုယ့်ကိုကိုချီးကျူးဖို့ မမေ့နဲ့။ သင်ကတော်လို့အရည်အချင်းရှိလို့သာ အဲလိုရည်မှန်းချက်လေးတွေကို

အောင်မြင်အောင်လုပ်နို်င်တာပါ။ အောင်မြင်လာတာလေးတွေများလာရင်သင့်ကိုယ်သင်ယုံကြည်မှုက မထင်မှတ်ထားလောက်အောင်ကိုမြင့်တတ်လာလိမ့်မယ်။ဘာလုပ်လုပ်အောင်မြင်လာလိမ့်မယ်လို့

ကိုယ့်ကိုကိုယုံကြည်လာလိမ့်မယ်။ကဲရေတိုရည်မှန်းချက်လေးတွေနဲ့ ရေရှည်ရည်မှန်းချက်တစ်ခု

တည်ဆောက်ကြစို့။

ကဲအခုလောက်ဆို What’s your ambition?ဆိုတဲ့ မေးခွန်းအတွက်အရင်ကအဖြေမရှိသေးရင်လဲ

အခုရှိသွားလောက်ပြီနော်။ရည်မှန်းချက်ဆိုတာ စိတ်ထဲမှာပဲထားဖို့မဟုတ်ဘူးနော်။အောင်မြင်အောင်

ပြုလုပ်ဖို့ပါ။အခုကစပီး သင့်ရည်မှန်းချက်ကိုအကောင်အထည်ဖော်လိုက်တော့နော်။

မိုးရှင်း (I.M.T)

todaybago.com



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths