Sunday, February 14, 2016

ဒီအချက်တွေဖြစ်ပေါ်နေရင်တော့အလုပ်ပြောင်းချင်နေတာသေချာပါပြီ



၁။ နာရီကိုအမြဲကြည့်တတ်နေပါပြီ။

- အလုပ်မှာ အချိန်တွေကုန်တာနှေးလွန်းတယ်လို.သင်စထင်လာပါပြီ။ 

နေရတဲ့အချိန်တွေမှာလည်းစိတ်ကမပျော်တော့ဘဲ၊ ပျင်းရိစိတ်ညစ်ရာ

ကနေ အိမ် ပြန်လို.ရမယ့်အချိန်ကိုပဲ မျှော်လင့်နေပါမယ်။


၂။ ခေါင်းအေးလွန်း (သို.) ခေါင်းပူလွန်းသလိုခံစားလာရပါတယ်။

- လုပ်ရတဲ့အလုပ်က လွယ်လွန်းတယ် (ဒါမှမဟုတ်) ခက်လွန်းတယ်လို့

ထင်လာပါမယ်။ ဘာစိတ်လှုပ်ရှားစရာမှမရှိတော့ဘဲ ပျင်းစရာကောင်း

တယ်လို့ထင်လာပြီး ၀င်ငွေရတာမှန်ပေမယ့် ငါ့ဘ၀ကဒီအလုပ်လုပ်ရင်းနဲ့

ပဲကုန်ဆုံးရမှာလား ဆိုတဲ့အတွေးမျိုးတွေတွေးမိလာပါတယ်။

၁၀တန်းကျောင်းသားတစ်ယောက်က ၄တန်းသင်ခန်းစာတွေလုပ်နေရသလို 

ဘာမှတိုးတက်လာစရာမရှိဘူးလို.လည်းထင်လာပါမယ်။ ဒါမှမဟုတ်ရင်လည်း 

၎တန်းကလေးကို ၁၀တန်းစာတွေလုပ်ခိုင်းသလို အရမ်းကိုပင်ပန်းဒုက္ခဖြစ်

နေပါမယ်။ ၀န်ပိနေပေမယ့်လည်း ကိုယ်လုပ်နိုင်တယ်လို့ဟန်ဆောင်နေရာ

ကနေ ကြာတော့ဘယ်လိုမှဆက်တောင့်မခံနိုင်တော့ပါဘူး။ 

အဲ့လိုဆိုရင်တော့ဟန်ဆောင်မနေဘဲ ကိုယ့်ကိုယ်ကိုဝန်ခံပြီး 

လုပ်သင့်တာလုပ်လိုက်တာအကောင်းဆုံးပါပဲ။


၃။ ကိုယ့်ကိုကူညီဖေးမပြီး နှစ်သိမ့်တဲ့သူက ကိုယ်ကိုယ်တိုင်ပဲရှိပါ

တော့တယ်။

- ဘယ်သူကမှသင့်ကိုတန်ဖိုးထားလက်ခံပြီး ဂုဏ်ပြုချီးကျူးတာမျိုး

မရှိတော့ပါဘူး။ သင့်ကိုသိပ်အလေးမထားတော့တာကိုဆိုလိုတာပါ။ 

ပိုဆိုးတာက သင့်အပေါ်မကောင်းမြင်တဲ့သူ၊ အဖျက်စကားပြောတဲ့

သူတွေပဲ ပတ်ဝန်းကျင်မှာရှိနေပါတော့တယ်။ ကိုယ့်ကိုနှစ်သိမ့်တဲ့သူက

လည်းကိုယ်ကိုယ်တိုင်ပဲ၊ ဂုဏ်ပြုချီးမွမ်းတဲ့သူကလည်းကိုယ်ပါပဲ။ 

အဲ့လိုအခြေအနေမျိုးမှာ ရေရှည်နေပြီး လုပ်ကိုင်နိုင်ဖို့ဆိုတာ 

အရမ်းကိုခက်ခဲလွန်းသွားပါပြီ။


အပေါ်ကအချက် (၃)ချက်မှာ တစ်ချက်ချက်လောက်စတင်ခံစား

မိလာတယ်ဆိုရင်ပဲ သင်ကိုယ့်ကိုယ်ကို သေချာပြန်စမ်းစစ်ဖို့လိုနေပါပြီ။ 

(၃)ချက်လုံးကိုက်ညီနေတယ်ဆိုရင်တော့ မိတ်ဆွေ..... 

သင် သင့်အရည်အချင်းနဲ.ကိုက်ညီပြီး အလုပ်လုပ်လို့

အဆင်ပြေနိုင်တဲ့ပတ်ဝန်းကျင်မျိုးရှိမယ့် အခြားအလုပ်တစ်ခုကိုပြောင်းဖို့

စဉ်းစားသင့်တာသေချာသွားပါပြီ။


Credit: Wilson Chan (YK)



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths