Friday, February 12, 2016

မာနနည်းလေ ပိုလှလေ

လူတစ်ယောက်ရဲ့ အလှဆုံးအချိန်နဲ့ ချစ်စရာအကောင်းဆုံး အချိန်ကတော့ “မာန်မာန” ကင်းနေတဲ့ အချိန်ပါပဲ

* ကိုယ့်ကိုယ်ကိုတောင် တခါတစ်ရံ မာနကင်းနေတဲ့ အချိန်မှာဆိုရင် “ စိတ်ကလေးက အေးနေတယ်၊ လှနေတယ်၊ ကြည်လင်နေတယ် ”

* မာနဆိုတာ ကိလေသာအဆင့်မှာတော့ အနုသယသတ္တိမို့ အနာဂါမ်မှာတောင် အလွန်နူးညံ့ပြီး မြင်နိုင်ခဲတဲ့ မာနလေးကျန်နေပါသေးတယ်။

* သို့သော်လည်း အပြီးတိုင်မဟုတ်ရင်တောင် ခေတ္တခန မာနလေး ငြိမ်နေတဲ့ အချိန်ဟာ သိပ်ပြီး ချစ်စရာကောင်းတဲ့ အချိန်ပါပဲ။

* မာနကင်းတဲ့အပြုအမူကတော့ ချစ်စရာကောင်းတဲ့ အပြုအမူပဲပေါ့။

* တခါက သင်္ကန်းရုံရာမှာ အမှတ်တမဲ့ဖြစ်ပြီး မညီမညာဖြစ်သွားတဲ့ အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးကို ၇-နှစ်သား ကိုယ်ရင်ကလေးက အပြစ်ပြပြီး ဝေဖန်ဖူးပါတယ်။

* မလောက်လေး မလောက်စား ကိုရင်လေးက ငါ့ကို ဝေဖန်ရမလားလို့ စိတ်မှာ ထားတော်မမူပဲ သင်္ကန်းကို အသေအချာပြင်ဝတ်လို့။

“ ကိုရင်လေး ၊ တပည့်တော် သင်္ကန်းရုံတာ အဆင်ပြေပါပြီလား ဘုရား ”
လို့ ၇-နှစ်သား ကိုရင်လေးကို ဆရာတင်ခဲ့ဖူးပါတယ်။

“ ရဟန္တာမို့ မာနကင်းပြီးသား ဖြစ်သော်လည်း အခြားအပြုအမူတွေထက် ဒီအပြုအမူလေးကို ပိုပြီးကြည်ညိုမိတာက မာန်မာနကင်းတာ အလွန်ထင်ရှားတဲ့ အပြုအမူလေးဖြစ်နေလို့ပါ့

ဒါကြောင့် ကိုယ့်ကိုယ်ကိုရော သူတစ်ပါးကရော ချစ်ခင်မြတ်နိုးမှုကို ရချင်တယ်ဆိုရင်တော့ မာနကို နည်းနိုင်သမျှနည်းအောင် ကြိုးစားပေါ့။

Credit : ရွှေဘုန်း



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths