Tuesday, March 1, 2016

လူသားတွေဟာလှေကားထစ်မဟုတ်ပါ





လူသားတွေဟာ လှေကားထစ်မဟုတ်ပါ

======================
လောက အလှကို ဘယ်သူ တစ်ဦး တစ်ယောက်တည်းနဲ့ မှာ ဖန်တီးယူလို့ မရပါဘူး။ သူ့ နေရာနဲ့ သူ
ကိုယ်စီတာဝန် ခွဲဝေယူမှသာလျှင် လောကကို လှအောင်ဖန်တီးလို့ ရနိုင်မှာပါ။ လဲနေသူ ထူပေးခြင်းဖြင့်
ပတ်ဝန်းကျင်ကို အလှဆင်ပေးပါ။
ပန်းခင်းကို ပျိုးထောင်တဲ့သူက ပျိုးထောင်ထားပေမယ့် ပတ်ဝန်းကျင်ကလည်း ပန်းဆိုတာကို တန်ဖိုး
ထားတက်မှ ဖြစ်မည်။ ဒီလိုမှမဟုတ်ပဲ ပျိုးတဲ့သူကပျိုး၊ ဖျက်တဲ့သူက ဖျက်ဆိုရင် အလှတရားဆိုတာ
ဘယ်ရှိလာတော့မလဲ။ ပတ်ဝန်းကျင်လှဖို့  မိမိတို့ ကိုယ်စီဟာ အလှဖန်တီးရှင်များ ဖြစ်တယ်ဆိုတာ သိ
ပါစေ။
သူတစ်ပါးကို ဖျက်စီးလိုစိတ် တစ်ကြိမ်မွေးလိုက်ခြင်းဟာ မိမိဘ၀တစ်လျှောက်လုံး အကြိမ်ကြိမ်နောင်
တတွေ ရလာစေရန် မွေးမြူလိုက်ခြင်းပါပဲ။ လူသားတွေဟာ လှေကားထစ်တွေ မဟုတ်ပါဘူး။ မိမိအ
တွက် လှေကားထစ်တွေကို တည်ဆောက်ပေးမယ့် သူတွေပဲ ဖြစ်ပါတယ်။
အခြားသူကို နင်းမယ့် ခြေတစ်ဖက်ကိုသာ အရှေ့ ကို ဆန့် ထုတ်ပြီး လှမ်းကြည့်လိုက်ပါ။ မိမိရည်မှန်း
ချက် ပန်းတိုင်အတွက် ခြေတစ်လှမ်းစာ ပိုခရီးရောက်တာပေါ့။ သူများကိုနင်းသွားလို့ မင်းဟာ ရည်မှန်း
ချက်ပန်းတိုင်းကို စောပြီး ရောက်မသွားပါဘူး။ ဘ၀ခရီးလမ်းဆိုတာ ကြမ်းတမ်းပါတယ်။ ကိုယ့်ဘေးနား
က မည်သူမဆိုဟာ ကိုယ့်ကို ကူညီပေးမယ့် ကျေးဇူးရှင်များ ဖြစ်လာနိုင်တယ်ဆိုတာ သိထားလိုက်စမ်းပါ။
Credit: True Man



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths